Posts

Showing posts from September, 2025

HPBC recommendation on PIT, ULT and WLT

Image
 Ultimate Pile Load Test နှင့် Working Pile Load Test များဆောင်ရွက်ရာတွင် Pile Integrity Test စမ်းသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း HPBC (ယခင် CQHP) မှ အကြံပြုထားပါတယ်။ ULT နှင့် WLT များပြုလုပ်ကြတဲ့အခါ တခါတရံ Test Pile ရဲ့ အရည်အသွေးမပြည့်၀မှုကြောင့် လုပ်ငန်းကြန့်ကြာမှု ဆုံးရှုံးမှုများဖြစ်ပေါ်နေကြလို့ အချိန်၊ငွေ ဆုံးရှုံးမှု သက်သာနိုင်စေရန် Pile Load Test များ မဆောင်ရွက်ခင် Pile Integrity Test စမ်းသပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်တဲ့။ ဆိုလိုတာကတော့ ULT နှင့် WLT များပြုလုပ်ဖို့ အချိန်၊ ကုန်ကျစရိတ်များပြားပါတယ်။ Load Test ပြုလုပ်ပြီး Fail လျှင် ဖြေရှင်းရတာတွေ၊ Test ထပ်မံပြုလုပ်ဖို့တွေအတွပ် အလုပ်ရှုပ်ကြရပါတယ်။ ဒါကြောင့် ULT, WLT လုပ်မယ့် Test pile ကို မြန်ဆန်လွယ်ကူတဲ့ PIT (Pile Integrity Test) ကြိုတင်ပြုလုပ်ကြည့်ပြီး quality issue မရှိဘူးဆိုမှ အဆိုပါ pile ကို ULT, WLT ပြုလုပ်စေဖို့ HPBC မှ အကြံပြုခြင်းဖြစ်သည်ဟု နားလည်မိပါသည်။  (၂၀၁၈ ခုနှစ်က အကြံပြုစာဆိုတော့ ယခု မည်သို့ ဆောင်ရွက်နေကြသလဲ  သိချင်မိပါတယ်)  Ref: HPBC manual ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄) It is recommended by the HPBC ...

Pile Integrity Test for Bored Pile (Thermal Integrity Profiling test, TIP)

Image
 Pile Integrity Test for Bored Pile (Thermal Integrity Profiling test, TIP) Pile Integrity Test စစ်ဆေးရာမှာ Low strain impact test နှင့် Cross-hole sonic logging test တွေဟာ concrete သက်တမ်း 3~7-days လောက်မှ စမ်းသပ်လို့ရပါတယ်။ Thermal Integrity Profiling Test (TIP) ကတော့ 24~48-hours အတွင်းမှာ Pile concrete integrity / Continuity ကို သိရှိစေနိုင်ပါတယ်။ TIP အတွက် ASTM D-7949 ကို reference standard အဖြစ်အသုံးပြုကြပါသည်။ 📌 Testing methods Concrete curing process မှာ ထွက်ပေါ်လာတဲ့ Heat of Hydration ကွန်ကရစ်အပူရှိန်ကို Thermal Profile အဖြစ်ပုံဖော်ပြီး Bored pile concrete ရဲ့ Homogeneity / Integrity ကို စစ်ဆေးခြင်းဖြစ်ပါသည်။ Rebar cage မှာ Access ducts များထည့်မြှုပ်ပြီး Thermal probes များဖြင့် ထည့်သွင်းစစ်ဆေးခြင်းနည်းနှင့် Rebar cage ပတ်လည်မှာ Thermal sensors များချည်နှောင်ပြီး Concrete temperature ကို စစ်ဆေးတဲ့ နည်းစသည်ဖြင့် နည်းလမ်း 2-မျိုးပြုလုပ်ကြပါသည်။ 📌 Concept of TIP Concrete လောင်းပြီးနောက် အပူရှိန်ထွက်လာပါတယ်။ Concrete temperature ကို Bored pile depth တလျောက်၊ Cross-section ar...

Pile Integrity Test for Bored Pile (Cross-hole Sonic Logging Test, CSL)

Image
 Pile Integrity Test for Bored Pile (Cross-hole Sonic Logging Test, CSL) Cross-hole ဆိုတဲ့အတိုင်း Test pile မှာကြိုတင်ထည့်သွင်းထားတဲ့ Sonic Tube ခေါ် Steel tubes 4-Nos ကို Cross pair ဖြတ်ပြီး Ultrasonic pulse များဖြတ်သန်းစေကာ defect ရှာဖွေခြင်းဖြစ်ပါသည်။ Ultrasonic cross-hole test (or) cross-hole sonic logging test (CSL) အတွက် ASTM D-6760 standard ကို လိုက်နာကြပါသည်။ ☘️ Sonic Tube (Steel pipes) Installation  Bored pile concrete မလောင်းခင်ကတည်းက Steel pipes များကို Rebar cage မှာ pile length အတိုင်းတပ်ဆင်ရပါသည်။ Steel pipe အဆက်များရေလုံစေဖို့ welding သေချာဆော်ပြီး leakage test စစ်ဆေးရပါသည်။ Concrete လောင်းပြီးနောက် Pile hacking ပြုလုပ်ပြီးလျင် Steel tubes များကို ‌ ရေထိုးသန့်ရှင်းရေးလုပ်ကာ အညစ်အကြေးများပိတ်ဆို့နေခြင်းရှိမရှိ sounding တိုင်းပြီး ‌ရေဖြည့်ရမည်။  ☘️ Testing Procedure  Cross Hole Analyzer ဖြင့်ချိတ်ဆက်ထားတဲ့ Transmitter probe နှင့် Receiver probe ကို Steel tube hole နှစ်ခုစီအတွင်း ပြိုင်တူ ဖြည်းဖြည်းချင်း ကျင်းအောက်ခြေအထိချပြီး ပြန်လည်ဆွဲတင်ပါသည်။ Transmit...