Basic Principles of Brick Laying Work

 အုတ်စီလုပ်ငန်း အခြေခံများ

အုတ်စီမည့် slab, wall မျက်နှာပြင်ကို မဆလာဂျိုး၊ အညစ်အကြေးများ သန့်ရှင်းစေရမည်။ slab မျက်နှာပြင် ချောမွတ်နေလျှင် bonding ကောင်းစေဖို့ rough surface ဖြစ်အောင် chipping လုပ်နိုင်လျှင် ကောင်းပါသည်။ အုတ်မစီခင်မှာ စီမည့်မျက်နှာပြင်ကို အစိုဓါတ်ရှိအောင် ကြိုတင်ရေဖျန်းသင့်သည်။

အုတ်စီလုပ်ငန်းပြုလုပ်မည့် Wall portionရဲ့ Level & Alignment marking သေချာစစ်၊ Wall height အမြင့်မှာ စီရမယ့် စုစုပေါင်း အုတ်အလွှာကို (မဆလာတစ်ထုစာအပါ ) တွက်ပြီး Marking ပေး၊ ချိန်ကြိုးမျဉ်းကြိုးဆွဲပြီး စီရပါမယ်...သတ်မှတ်ထားတဲ့ Mortar Thickness အလျားနှာ ဒေါင်နှာ တို့ကို ခွင့်ပြုထားတဲ့ Tolerance  ထဲ၀င်အောင် Control & adjust လုပ်ရပါမယ်...

Brick bonding


အုတ်နံရံရဲ့ ကြံ့ခိုင်မှု က အုတ်စီးအုတ်နင်း (Bonding) မှန်ကန်မှု အပေါ် မှာ အဓိကကျပါတယ်... (အုတ်တစ်လွှာ နှင့်တစ်လွှာ အပေါ်နှာနှင့် အောက်နှာ တစ်ထပ်တည်းမကျရ... အုတ်အလျားတစ်၀က်ခန့် လွှဲထားရပါမယ်...အချို့ Shop Drawing တွေမှာ Each brick layer ရဲ့ Bonding pattern တွေ သေချာထည့်ဆွဲပေးတတ်တယ်)...

ဂုံညင်းထောင်

မြေထိန်းနံရံ Retaining wall အောက်ခြေမှာ တခါတရံ အုတ်တစ်လွှာ စာ Level ညှိရခက်တော့ အုတ်ကို ထောင်ပြီး (ဂုံညင်းထောင်) စီကြတယ်... အင်ယာအချို့ကတော့ လုံး၀ခွင့်မပြုပါ...ဂုံညင်းထောင်စီလျှင် Bonding နဲ့ Load bearing capacity ကိုလျော့နည်းစေလို့ ဖြစ်ပါတယ်တဲ့...( Partition wall ရဲ့ အပေါ်ဆုံးပိုင်း (under the floor beam/roof beam) နေရာတွေမှာလည်း အုတ်ကိုအရှည်လိုက်ထောင် (စောင်း) စီတတ်ကြတယ်... အထက်ပါအခြေအနေ နှစ်ခုလုံးမှာ ပန်းရံဆရာတွေက မဆလာကို သေချာမထည့်ကြတာများပါတယ်...Mortar ကိုနှံ့နှံ့စပ်စပ်သေချာထည့်လျှင်တော့ အုတ်ရိုးရဲ့ကြံ့ခိုင်မှု မထိခိုက်နိုင်ဟုထင်ပါသည်၊ မိမိအမြင်ပါ)...

X-met, dowel & stiffener

တစ်နေ့တာ အတွက် သတ်မှတ်အမြင့်သာ စီရပါမည် (ရထားလမ်းပရောဂျက်မှာတော့ တစ်ရက်ကို 1-Meter အမြင့်သာစီခွင့်ပြုပါသည်)...အမြင့်ကြီးစီလျှင် အုတ်ရိုးရဲ့အလေးချိန်နှင့် Fresh Mortarရဲ့ Softness ကြောင့် အုတ်ရိုးယိုင်တာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ...သတ်မှတ်အလွှာတိုင်းမှာ (ပုံမှန် ၄လွှာတခါ) ဂျာလီခွေ (X-met) ထည့်စီဖို့ Wall-column jointတွေမှာ Dowel bar ထည့်ဖို့ Lintel and Stiffener column နေရာတွေမှာ ကျားပါးစပ် (Staggering steps) စီဖို့ စတာတွေကလည်း အရေးကြီးပါတယ်...

Curing work

စီပြီးအုတ်နံရံကိုလည်း တစ်ပတ်ခန့် အစိုဓါတ်ပေးခြင်း (Curing)ပြုလုပ်ခြင်းဖြင့် Mortar ရဲ့ဓါတ်ပြုမှုဖြစ်စဉ်ပိုမိုကောင်းမွန်စေလို့ strength၊ bonding ပိုမိုကောင်းမွန်စေပြီး အုတ်နံရံရဲ့ ကြံ့ခိုင်မှု မြင့်မားစေပါမည်။

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 
 
Basic Principles of Brick Laying Work

1. Surface Preparation 
   - Clean the slab or wall surface from dust, grease, or debris.  
   - If the slab surface is too smooth, roughen it (chipping) for better bonding.  
   - Pre-wet the surface to ensure moisture before laying bricks.  

2. Marking and Alignment 
   - Check the level and alignment of the wall portion.  
   - Calculate the total brick layers (including mortar thickness) and mark the wall height.  
   - Use guide strings to ensure straightness and adjust dimensions within permitted tolerances.  

3. Brick Bonding 
   - The strength of a brick wall depends on proper bonding (interlocking pattern).  
   - Avoid aligning vertical joints between layers. Stagger bricks by half their length.  
   - Some shop drawings specify bonding patterns for each layer.  

4. Vertical Brick Placement (Controversial Practice) 
   - For retaining walls or challenging base levels, bricks are sometimes placed vertically.  
   - This method reduces bonding and load-bearing capacity.  
   - In partition walls under beams, bricks may be angled. Ensure full mortar application to maintain strength.  

5. Reinforcement and Supports 
   - Limit daily wall height (e.g., 1 meter for railway projects) to prevent leaning due to mortar softness.  
   - Add reinforcement (e.g., X-met mesh every 4 layers), dowel bars at wall-column joints, and staggered steps at lintel/stiffener locations.  

6. Curing 
   - Cure newly built walls for about 1 week to enhance mortar hydration, strength, bonding, and durability.  











Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)