Construction joint

 Construction joint


လမ်းများ (Concrete pavement)၊ အဆောက်အအုံ ကြမ်းခင်းများ (Floor slab and beam) တည်ဆောက်ရာမှာ ကွန်ကရစ်ကို တဆက်တစပ်တည်း မလောင်းနိုင်လို့ ရပ်နားခဲ့ရပြီး နောက်တချိန်မှ ဆက်လောင်းရတဲ့ Joint ကို Construction joint (ရပ်နားအဆက်) လို့ခေါ်ကြတယ်။ 


Joint ဆိုပေမယ့် Concrete structure အနေနဲ့ တစ်သားတည်းဖြစ်သွားဖို့ လိုပါသည်။ ပထမလောင်းခဲ့တဲ့ အပိုင်းနှင့် နောက်ဆက်လောင်းတဲ့ အပိုင်းဟာသက်ရောက်တဲ့ အားတွေကို တသားတည်းထမ်းစေဖို့ Load transfer ဖြစ်အောင်ပြုလုပ်ရပါသည်။ ယခင်လောင်းထားတဲ့ Vertical surface ကို သန့်ရှင်းစေဖို့ Loose concrete piece တွေမရှိစေဖို့၊ rough and hard surface ဖြစ်အောင်ပြုလုပ်ပြီးမှ မလောင်းခင်မှာ စိုစွတ်အောင်ပြုလုပ်ခြင်း၊ cement slurry ဖျန်းခြင်း၊ Bonding agent သုတ်လိမ်းခြင်းစသည်တို့ ပြုလုပ်ခြင်းဖြင့် ကွန်ကရစ်တသားတည်းဆက်စပ်မှု (Continuity) ဖြစ်စေနိုင်ပါမည်။ Additional dowel bar၊ Concrete key line ထည့်ခြင်းစသည် တို့ဖြင့်လည်း Load transfer ကောင်းမွန်စေပါမည်။


တစ်ရက်တာလောင်းနိုင်တဲ့ (concrete supply, manpower, etc) အခြေအနေပေါ်မူတည်ပြီး ရပ်နားမည့်နေရာကို ကြိုတင်သတ်မှတ်သင့်သည်။  လိုအပ်လျင် Temporary formwork ပိတ်ထားသင့်သည်။ ရံဖန်ရံခါ ရာသီဥတု၊ batching plant and machinery breakdown စသည်ဖြင့် မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေမှာလည်း concrete လောင်းခြင်းကို ရပ်နားကြရပါတယ်။ ၎င်းအတွက်လည်း ကြိုတင်ပြင်ထားသင့်ပါတယ်။ ရပ်လိုက်တဲ့ နေရာမှာ concrete ကို ကျစ်လျစ်သိပ်သည်းမှု ရစေဖို့၊ ညီညာ‌ဖြောင့်တန်း တည့်မတ်တဲ့ အဆက်ဖြစ်စေဖို့ အရေးကြီးပါသည်။ ဖြစ်သလို ရပ်ထားခဲ့မယ်၊ vibrator သေချာမထိုးခဲ့ဘူးဆိုလျင် အဆိုပါနေရာဟာ structural weak point ဖြစ်သွားနိုင်ပါသည်။ 


Where to locate Construction joint


ACI 224 အရ beam & slab တွေကို shear force အနည်းဆုံးနေရာမှာ ရပ်နားသင့်တယ်၊ construction joint ပြုလုပ်သင့်ပါတယ်။ span ရဲ့ middle သို့မဟုတ် middle one third (span ကို သုံးပိုင်းခွဲလိုက်လျင် အလယ်အပိုင်းနေရာမှာ vertical surface ထားပြီး ရပ်နားသင့်ပါတယ်။

(ဆက်ရန်)


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)


 Construction Joints  


In the construction of concrete pavements, floor slabs, and beams, situations may arise where concrete placement must be temporarily halted and resumed later. The joint created at such stopping points is called a construction joint (or "stop-and-resume joint").  


Though called a joint, the structure must ultimately function as a monolithic unit. Proper load transfer must be ensured between the previously placed concrete and the newly placed section so they can bear loads together as one.  


 Key Preparation Steps:  

1. The vertical face of the existing concrete must be cleaned of loose fragments.  

2. The surface should be roughened and hardened before new placement.  

3. Pre-wetting, applying cement slurry, or using bonding agents helps achieve proper continuity between old and new concrete.  

4. Additional measures like dowel bars or keyed joints may be incorporated to enhance load transfer.  


 Planning Considerations:  

- The stopping point should be predetermined based on daily placement capacity (concrete supply, labor, etc.).  

- Temporary formwork may be needed at the joint location.  

- Unforeseen stoppages due to weather or equipment failure may also occur, requiring contingency planning.  


 Critical Quality Requirements:  

- The stopped edge must be properly compacted and vibrated.  

- The joint face must be straight and vertical.  

- Poorly executed stopping points become structural weak spots.  


 ACI 224 Recommendations for Joint Location:  

- In beams and slabs, construction joints should be placed at points of minimum shear force.  

- Ideally located at mid-span or within the middle third of the span (when dividing the span into three equal parts).  

- The joint should feature a vertical surface at these designated stopping points.  


(Technical note: This translation maintains specialized terminology like "dowel bar," "load transfer," and "monolithic" while clarifying construction concepts for both technical and general readers.)  






Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)