Jack In Pile/ Pressed Pile (Pile Installation)
Jack In Pile/ Pressed Pile (Pile Installation)
✔️Survey setting out
Piling machine အတွက် platform ကိုလိုအပ်သလိုပြင်ဆင်ရမည်။ အပေါ်ယံ မြေသားမကောင်းလျင် Pile စက်ရွေ့လျားရာတလျောက် သဲအိတ်များခင်းခြင်း၊ Steel plate ခင်းခြင်းများပြုလုပ်ရမည်။ Level ညီ မြေပြင်ရအောင် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားရမည်။ Pile coordinate တွေကို သေချာစစ်ဆေးပြီး Piling machine ကို လိုအပ်သလို position adjustment လုပ်ရမည်။ Design termination level, pile cut off level စသည်တို့ကို သေချာ စစ်ဆေးရမည်။ Pile pitching လုပ်ပြီးလျင် pile point မှန်မမှန် ၊ Verticality ရမရ ထပ်မံစစ်ဆေးရမည်။ သေချာပြီဆိုမှ Pile pressing စတင်ပြုလုပ်ပါသည်။
✔️Pile Installation
Pile တစ်ချောင်းထမ်းနိုင်မည့် Design load က 20-Tons ဆိုလျင် Working load (Pressing load) အနည်းဆုံး နှစ်ဆ ဖြစ်တဲ့ 40-Tons ဖြင့် ဖိချပါသည်။ 30-Tons ဆိုလျင် 60-Tons loadဖြင့်ဖိပါသည်။ Piling machine က ဘယ်လောက်အားနှင့် ဖိချနေတယ်ဆိုတာကို Pressure gauge မှာ စစ်ဆေးရမည်။ Pressure gauge မှာ ပြတဲ့ တန်ဖိုးတွေက Hydraulic cylinder ရဲ့ Oil pressure ဖြစ်ပါတယ်။ Oil pressure ကို Pile load အဖြစ် ပြောင်းလဲပေးတဲ့ Conversion table ဖြင့် တွက်ချက်ပြီး Working load ကို Monitor လုပ်ရမည်။ ဥပမာ Oil pressure 1-MPa ဆိုလျင် Piling force (Load) 10.4 Tons, 2-MPa ဆိုလျင် 20.8 Tons စသဖြင့် Conversion Table မှာ ဖော်ပြပေးထားပါသည်။ Piling machine တစ်ခုနှင့် တစ်ခု၊ Hydraulic cylinders size တွေပေါ်မူတည်ပြီး Conversion Table တန်ဖိုးကွာခြားမှု ရှိနိုင်ပါသည်။ Design depth ရောက်လျင် (သို့) Working load ရောက်လျင် (သို့) Pile ဆက်ရိုက်လို့မရတော့လျင် (Design depth မရောက်ခင်မှာ pressure တင်ရိုက်ပေမယ့် မ၀င်တော့ဘဲ ဆက်ရိုက်လျင် Pile ကျိုးသွားနိုင်တဲ့ အခြေအနေမျိုး) Pile termination လုပ်ကြပါသည်။
Pile termination level က N.G.L အောက်ရောက်နေလျင် Pile ကို မြေအောက်ထိဆက်ရိုက်နိုင်ဖို့ Dolly pile လို့ခေါ်တဲ့ အကူ Pile တစ်ချောင်းသုံးပြီး လိုချင်တဲ့ အနက်ရောက်အောင် ဖိချရပါသည်။ Dolly pile မှာ 1-ft, 2-ft interval စသဖြင့် Level marking ဆွဲထားပြီး Pile termination level ရောက်အောင် monitor လုပ်ပြီးရိုက်နိုင်ပါသည်။
✔️Pile splicing
Pile တစ်ချောင်းတည်းနှင့် မလုံလောက်လျင် (Design load or Design depth မရသေးလျင်) Pile splicing ပြုလုပ်ရပါမည်။ ပထမ Pile ကို Leader pile လို့ခေါ်ပြီး ထပ်ဆက်မည့် Pile ကိုတော့ Follower pile လို့ ခေါ်ပါသည်။ Leader pile ကို မြေပေါ်ပေအနည်းငယ်ခန့်မှာရပ်ပြီး Follower pile ဖြင့် တေ့ဆက်ဆက်ကာ End plate နှစ်ခုကို ပတ်လည် Welding ဆော်ရမည်။ Welding သားသေချာမှု ရှိမရှိစစ်ဆေးပြီး Pile ရိုက်ခြင်းဆက်လက်ပြုလုပ်ပါသည်။
📝Tolerance
Pile cut off level မှာ ရှိနေတဲ့ Pile position ကို Survey ပြန်ကောက်ပြီး လက်ခံနိုင်တဲ့ လွဲချော်မှု (Tolerance) ထဲ၀င်မ၀င်စစ်ဆေးရမည်။ ပုံမှန်အားဖြင့် horizontal position (Eccentricity) ± 75mm အထိ၊ Verticality 1:100 အထိ လက်ခံကြပါသည်။ Tolerance ထက်ကျော်လွန်သွားလျင်တော့ Additional pile ထပ်ရိုက်တာမျိုးတွေ Designer / Consultant နှင့် တိုင်ပင်ပြီး ဆက်လက်ပြုလုပ်ကြရပါမည်။
📍Safety and Quality
Piling operation ဟာ High risk activity ဖြစ်လို့ Safety သေချာလိုက်နာကြရပါမည်။ Piling machine parts, lifting tools and equipment တွေ ကောင်းမွန်နေဖို့ , Machine operator, Rigger, Watchmen, Welder တွေ Trained/ qualify ဖြစ်ဖို့ လိုပါသည်။
Piling machine ကိုလည်း Calibration လုပ်ထားရမည်။ ရိုက်ပြီး Pile အပြစ်အနာအဆာရှိမရှိ Pile integrity Test (PIT), Design load ထမ်းနိုင်မနိုင်သိဖို့ Load Test တွေ ဆက်လက် ပြုလုပ်ကြပါသည်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Jack-In Pile / Pressed Pile (Pile Installation)
Survey Setting Out
- Prepare a stable platform for the piling machine. If the surface soil is weak, spread sandbags or steel plates along the machine's movement path.
- Ensure the ground is as level as possible before starting.
- Verify pile coordinates and adjust the machine's position accordingly.
- Check the design termination level and pile cut-off level.
- After positioning the pile, confirm its alignment and verticality before starting the pressing process.
Pile Installation
- The pressing load should be at least twice the design load (e.g., 40 tons for a 20-ton design load, 60 tons for 30 tons).
- Monitor the pressing force using the machine's pressure gauge, which displays hydraulic oil pressure.
- Convert oil pressure to load using a conversion table (e.g., 1 MPa = 10.4 tons, 2 MPa = 20.8 tons). Note that conversion values may vary based on machine type and cylinder size.
- Pile driving stops when:
- The design depth is reached,
- The required working load is achieved, or
- Further pressing is impossible (risk of pile breakage).
- If the termination level is below ground, an extension pile (dolly pile) marked at 1-ft or 2-ft intervals is used to reach the desired depth.
Pile Splicing
- If a single pile is insufficient (not reaching design load or depth), splicing is done:
- The first pile (leader pile) is driven until slightly above ground.
- The next pile (follower pile) is aligned and welded to the leader pile’s end plate.
- Ensure proper welding quality before resuming driving.
Tolerance
- After installation, verify pile position against allowable tolerances:
- Horizontal deviation (eccentricity): ±75 mm max.
- Verticality: 1:100 max.
- If tolerances are exceeded, consult the designer for corrective measures (e.g., additional piles).
Safety and Quality
- Piling is high-risk—strict safety protocols must be followed.
- Ensure:
- Machines, lifting tools, and equipment are in good condition.
- Operators, riggers, and welders are trained/qualified.
- Machines are calibrated.
- Post-installation tests:
- Pile Integrity Test (PIT) for defects.
- Load Test to confirm bearing capacity.




Comments
Post a Comment