Bearing Capacity of the Soil
Bearing Capacity of the Soil (မြေကြီးရဲ့ အလေး၀န်ထမ်းနိုင်အား )
Bearing ဆိုတဲ့ အသုံးအနှုံး ကို Land Survey မှာ လည်းသုံးတယ် (Bearing Angle degree, minute စသည်...) Soil မှာလည်း အမှတ်တမဲ့ဆို ရောထွေးနေတတ်တယ် (Bearing capacity, California Bearing Ratio CBR စသဖြင့်..)
Bearing Capacity of the Soil ဆိုတာ မြေသားရဲ့ အလေး၀န်ထမ်းနိုင်အားပါ...ရွှံ့နွံပေါ်မှာ ကျနော်တို့ မတ်တပ်ရပ်လိုက်ရင် ခြေထောက်တွေ အလွယ်တကူနစ်၀င်သွားမယ်...ရွှံ့နွံက ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို မထမ်းထားနိုင်လို့ပါ...ထုထူတဲ့နွံပြင်ကြီးမှာသာဆို လူအရပ်ပါမြုပ်သွားနိုင်တာပေါ့...မြေကြီးရဲ့ အမာအပျော့ ပေါ်မူတည်ပြီး သူ့အပေါ်မှာ တင်မယ့် အရာ၀တ္ထု၊ တည်ဆောက်မယ့် အဆောက်အအုံ စသည်တို့ကို ထမ်းနိုင်တဲ့ ခံနိုင်ရည်ရှိ မရှိ တွက်ဆကြတယ်... Equation နဲ့ အလွယ်ပြောရရင် Pressure = Force / Area ပါပဲ...
Pressure = Bearing Capacity of the soil (unit in KN/m2, Lb/ft2 and Ton/ft2, etc)
Force = Weight of the structure (အပေါ်တင်မယ့် အလေး၀န်/ သက်ရောက်အား unit in KN, Lb, Ton, etc)
Area = အလေး၀န်သက်ရောက်တဲ့ အရာ၀တ္ထုနဲ့ ထိစပ်တဲ့ မြေမျက်နှာပြင်အကျယ် Footing area, loading plate area, etc..)
In situ soil ရဲ့ Bearing capacity ကိုရှာဖွေတဲ့နည်းလမ်းတွေကတော့
-Standard penetration test (SPT) ရဲ့ N-value မှတဆင့်တွက်ချက်ရှာဖွေခြင်း
-Cone Penetration test(CPT)
-Dynamic cone penetrometer (DCP) test
-Vane Shear test မှတဆင့် bearing capacity ခန့်မှန်းခြင်း
-Pressure meter test
-Plate load test စတာတွေဖြစ်ပါတယ်။
အဲဒီအထဲက shallow foundation အတွက် အသုံးများတဲ့ Plate load test / plate bearing test အကြောင်းကို အကြမ်းဖျင်းဖော်ပြချင်ပါတယ်။
Plate Bearing Test or Plate Load Test
Bearing Capacity of Soil in place (field) ကိုသိဖို့ Plate load test (ASTM D1194) ကို သုံးကြတယ်...Depth of Foundation မှာ ရှိမယ့် မြေသားရဲ့ ခံနိုင်၀န်ကို စမ်းသပ်ပြီး Foundation design တွက်ထုတ်ကြပါတယ်... အကြမ်းဖျင်းပြောရရင် Circular plate ကို Hydraulic Jack နဲ့ (Counterweight အဖြစ် Excavator, dozer or loaded dump truck စသည်သုံးပါတယ်) ဖိပြီး Force ကိုတဆင့်ပြီးတဆင့် (Load increment) တိုးသွားမယ်...Dial gauges နဲ့ plate ပြားရဲ့ မြေကြီးထဲ နစ်၀င်မှု (Settlement/penetration) ကို Load အဆင့်တိုင်းမှာ မှတ်သားထားမယ်...Plate သိသိသာသာ ကျွံ၀င်သွားလျှင် Loading ကိုရပ်ပြီး တဆင့်ချင်းပြန်လျှော့မယ် (Load release)…ဒါကို Load cycle or Step လို့ခေါ်ကြတယ်...ရလာတဲ့ Force (Load) နဲ့ Settlement ကို X, Y axis မှာ ချပြီး Graph ဆွဲလျှင် Load-Settlement Curve တစ်ခုရပါမယ်. အဆိုပါ Curveမှ Ultimate soil-bearing Capacity ကိုရရှိမှာ ဖြစ်ပြီး Factor of Safety (2.5~3) နဲ့ ထပ်စားလိုက်လျှင် Allowable bearing capacity ကို ရပါမယ်...ဒါဆိုရင် အဆိုပါမြေကြီးဟာ ဘယ်လောက်အလေး၀န်ကို အန္တရာယ်ကင်းကင်းနဲ့ ထမ်းနိုင်မယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Bearing Capacity of Soil
The term "Bearing" is used in land surveying (e.g., bearing angles in degrees, minutes) and soil mechanics (e.g., bearing capacity, California Bearing Ratio (CBR)), which can sometimes cause confusion.
Bearing capacity refers to the soil’s ability to support structural loads without failure. For example, standing on soft mud causes sinking because the mud cannot bear the body’s weight. Similarly, weak soils may fail under heavy structures. Engineers assess bearing capacity to ensure soils can safely support buildings, foundations, or other loads. The basic equation is:
Pressure = Force / Area
- Pressure = Bearing capacity (units: kN/m², lb/ft², ton/ft²).
- Force = Weight of the structure or applied load (units: kN, lb, ton).
- Area = Contact area between the load and soil (e.g., footing or plate area).
Methods to Determine In-Situ Bearing Capacity
1. Standard Penetration Test (SPT) – Uses N-values.
2. Cone Penetration Test (CPT).
3. Dynamic Cone Penetrometer (DCP) Test.
4. Vane Shear Test.
5. Pressure Meter Test.
6. Plate Load Test (common for shallow foundations).
Plate Bearing Test (Plate Load Test)
The Plate Load Test (ASTM D1194) determines the in-situ bearing capacity of soil at foundation depth. Here’s a simplified procedure:
1. A circular steel plate is placed at the foundation level.
2. A hydraulic jack applies incremental loads, using machinery (e.g., excavators, loaded trucks) as counterweights.
3. Dial gauges measure the plate’s settlement (penetration into the soil) at each load increment.
4. Loading stops when significant settlement occurs, and loads are gradually released.
Results:
- A load-settlement curve is plotted (load on X-axis, settlement on Y-axis).
- The ultimate bearing capacity is derived from the curve.
- Applying a safety factor (2.5–3) gives the allowable bearing capacity.
This test ensures the soil can safely support the intended load without excessive settlement.


Comments
Post a Comment