Can Rusted Rebar Be Used?
သံချေးတက်နေတဲ့ Rusted Rebar ကိုမသုံးသင့်ဘူးလား
Reinforcement bar တွေဟာ လေ၊ ရေနဲ့ထိတွေ့ရင် သံချေးတက်ပါတယ် (Rusting)။ တခါတလေ သံချောင်းလုံးတွေကို ချက်ချင်းအသုံးမပြုနိုင်ဘဲ လချီကြာအောင် နှစ်ပေါက် အောင်ထားရတတ်ပြီး အမိုးအကာနှင့် သေချာမထားမိတဲ့ အခါ သံချေးများစွာတက်တတ်ပါသည်။
လုပ်ငန်းခွင်မှာ သံချေးနည်းနည်း တက်တာနဲ့ သံဘရပ်ရှ်နဲ့ ပွတ်ခိုင်းတာမျိုး ကြုံဖူးကြမယ်ထင်တယ်...
သံချေးအနည်းငယ်တက်လာတာက Concrete နဲ့ Bonding တောင်ပိုကောင်းစေတယ်လို့ အချို့ အင်ဂျင်နီယာတွေက ယူဆသလို Standard တွေမှာလည်း ဖော်ပြထားပါတယ်။
သံချေးတက်တာများလျှင်တော့ Brush နဲ့ ပွတ်တိုက်တဲ့ hand-wire-brushed test ပြုလုပ်ပြီး Sample ယူကာ Lab မှာစစ်ဆေးလို့ Strength/size requirement ပြည့်မီနေသေးလျှင်၊ Rebar Rib အရစ်ကလေးတွေရဲ့ min Height ရှိနေသေးလျှင် အသုံးပြုလို့ရပါကြောင်း (ASTM/ACI) မှာ ဖော်ပြထားပါတယ်။...သံချေးမပါတဲ့၊ သန့်ရှင်းတဲ့ Free from any grease and contaminant သံချောင်းလုံးတွေကတော့ အကောင်းဆုံးဖြစ်မှာပါ...
ACI 318 ရဲ့ Rusted rebar ဖော်ပြချက်
Section 7.4.2 of ACI 318 မှာဖော်ပြထားတာက သံချေးတက်နေတဲ့ rebar တွေ၊ ချော်ခဲ (Mill scale ) တွေရှိနေတဲ့ rebar တွေဟာ hand-wire-brushed test ပြုလုပ်ပြီးနောက် ASTM A-615 သတ်မှတ်ချက်တွေအတွင်းမှာ ရှိနေသေးလျင် အသုံးပြုနိုင်ပါတယ်တဲ့။
ASTM A-615 ရဲ့ Rusted rebar ဖော်ပြချက်
Section 12 of ASTM A615 မှာတော့ သံချေးတက်နေတဲ့ rebar တွေ၊ ချော်ခဲ (Mill scale ) တွေရှိနေတဲ့ rebar တွေဟာ hand-wire-brushed test ပြုလုပ်ပြီးနောက် Labမှာ စစ်ဆေးပြီး weight, dimensions, cross-sectional area and tensile properties တွေပြည့်မီနေသေးလျှင် သုံးစွဲနိုင်ပါတယ်။
ခုခေတ် အခြေအနေအရ ပစ္စည်းရှားပါးသလို စျေးလည်းကြီးမြင့်လို့ သံချောင်းလုံးတွေအများကြီး၀ယ်ပြီး သိုလှောင်ထားတာမျိုး သိပ်မလုပ်ကြသလို ၀ယ်ပြီးချက်ချင်း အသုံးပြုကြလို့ သံချေးတက်တဲ့ အခြေအနေအထိ မရောက်နိုင်ဘူးထင်ပါတယ်။ သံချေးတက်နေလျင်လည်း သန့်ရှင်းရေးနည်းနည်းပါးပါးလုပ်ပြီး သုံးကြရတာပါပဲ။ သံချေးတက်တာ သိပ်ပြဿနာမကြီးဘူးလို့ပဲ မြင်မိပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄ )
Can Rusted Rebar Be Used?
Reinforcement bars rust when exposed to air and moisture. Prolonged storage without proper covering often causes significant rusting. On-site, light rust is commonly wire-brushed before use.
Key Standards on Rusted Rebar
1. Light Rust:
- May improve concrete bonding (per some engineers/standards).
2. Heavy Rust:
- Requires hand-wire-brushing to remove loose scale.
- Must pass lab tests for:
- Weight, dimensions, cross-sectional area
- Tensile properties (ASTM A615)
- Rib height retention
- If compliant with ASTM/ACI 318, reuse is permitted.
ACI 318 & ASTM A615 Provisions
-ACI 318 (Section 7.4.2): Rusted/mill-scaled bars are acceptable if wire-brushed and meeting ASTM A615.
- ASTM A615 (Section 12): Rusted bars may be used after cleaning and verification of mechanical properties.
Practical Insight
Current market scarcity and high prices limit bulk storage, reducing severe rust cases. When rust occurs, light cleaning suffices. Thus, rust is rarely a critical issue if handled properly.
Comments
Post a Comment