Can Sand Be Compacted?

 သဲကို Compaction လုပ်လို့မရဘူးလား?

Ponding method

အများစု နားလည်လက်ခံထားတာက သဲကို compaction ပေးဖို့ ရေထိုးချပြီး ရေအိုင်ထားတဲ့နည်း ponding/watering method သာပြုလုပ်လို့ရတယ်။ စက်ယန္တရားတွေနဲ့ compaction ပြုလုပ်လို့မရဘူး ထင်နေကြတယ်။ ရေထိုးတဲ့နည်းလမ်းက Conventional method တစ်ခုဖြစ်ပြီး သဲကို သိပ်သည်းစေဖို့ Gravity force ကိုအသုံးပြုရလို့ အချိန်လိုအပ်ပါတယ်။ ရေကို သင့်တင့်ယုံထည့်ပြီး စက်ယန္တရားတွေအသုံးပြုပြီး ကြိတ်တာက ပိုမိုကောင်းမွန်စေပါသည်။
 
သဲဖို့ ဖို့ အကာအရံ

သဲကို ဖို့မြေအတွက်သုံးဖို့ ဘေးပတ်လည်မှာ အကာအရံ (Confine with retaining wall)  လိုအပ်ပါတယ်။ သဲက Non cohesive ဖြစ်လို့ particle တစ်ခုနဲ့တစ်ခု တွဲကပ်မှုမရှိနိုင်ပါ။ ဒါကြောင့် Compaction ပေးလိုက်လျှင် ဘေးနေရာလွတ်တွေဆီ တွန်းဖယ်ရောက်ရှိသွားမှာ မို့ Retaining structure တစ်ခုခုရှိမှ သဲဖို့လို့ အဆင်ပြေပါမယ်။

MDD & OMC of Sand

 အဆောက်အအုံအတွင်းပိုင်း Structure များအတွက် Backfilling ပြုလုပ်ရန် အသုံးပြုမယ့် သဲကို Soil ကဲ့သို့ပင် Maximum Dry Density (MDD) နှင့် Optimum Moisture Content (OMC) တန်ဖိုးများကို Laboratory မှာရှာဖွေပြီး On Site မှာ Compaction ပြုလုပ်၍ Sand Cone method ဖြင့် Field Density တန်ဖိုး ရှာဖွေနိုင်ပါသည်။ Degree of Compaction တွက်ပြီးသတ်မှတ် Density ပြည့်မပြည့် စစ်ဆေး ကြပါသည်။

Compaction with machinery

Density ပြည့်မီစေဖို့အတွက် သဲကို မြေကြီးကဲ့သို့ပင် ‌ရေချင့်ချိန်‌ထည့်၊ Layer by Layer compaction လုပ် (စက် နဲ့ ကြိတ် (သို့) ဒင်ဆောင့်) ဖို့လိုပါတယ်။ မဟုတ်လျှင် အချိန်ကြာလာတာနဲ့အမျှ Settlement ဖြစ်ပြီး ကြမ်းခင်း နိမ့်ကျမှုတွေ ဖြစ်လာနိုင်ပါတယ်။
ကျဉ်းမြောင်းတဲ့ နေရာတွေဆိုလျင် ရေထိုးတဲ့နည်းသုံးပါ။ ပုံမှန်အကျယ်အ၀န်းဆိုလျှင် Plate compactor တွေသုံးသင့်ပြီး ကျယ်ပြန့်တဲ့ ဧရိယာတွေအတွက် Vibratory roller တွေသုံးတာ လုပ်ငန်းတွင်ကျယ် ထိရောက်စေပါမည်။
သဲအကြောင်း အထွေထွေဗဟုသုတ ပါခင်ဗျာ...

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 
Can Sand Be Compacted?  


Ponding Method


A widely accepted method for compacting sand is the ponding / watering method, where water is poured and pooled over the sand. Many assume machinery cannot compact sand, but this traditional method relies on gravity to achieve density over time. However, combining controlled water application with machinery (e.g., compactors) produces better results. 

 
Retaining Structures for Sand Filling


When using sand as fill material, retaining walls are essential to confine the area. Sand lacks cohesion (non-cohesive), meaning its particles do not bind. Without retaining structures, compaction forces will push sand sideways into empty spaces. Retaining walls ensure proper containment and stability.  

MDD & OMC of Sand


For backfilling around structures, sand must undergo lab testing to determine its Maximum Dry Density (MDD) and Optimum Moisture Content (OMC). On-site, compaction is verified using the Sand Cone Method to measure field density. The Degree of Compaction is calculated to ensure specified density is met.  

Compaction with Machinery 

To achieve full density:  
- Add controlled amounts of water.  
- Compact layer by layer using machinery (rollers, plate compactors, or tampers).  
- Neglecting proper compaction leads to long-term settlement and uneven flooring.  

For narrow spaces, use the ponding method. For standard areas, plate compactors are ideal. For large-scale projects, vibratory rollers are efficient.  





 

Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)