Cement Bricks

 ဘိလပ်မြေအုတ် (Cement brick)

 ဘိလပ်မြေအုတ်ကို ယခုနောက်ပိုင်း အသုံးများလာကြပေမယ့် Mass production တော့ မတွေ့မိသေးပါ။ သဲနှင့် ဘိလပ်မြေ 1:3 ~ 1:5 ခန့်အချိုးကို ‌ရေအနည်းငယ်ရော၊ Mold သွင်းပြီး အခြောက်ခံလိုက်လျှင် မာကျောမှု အဆင့်မြင့်တဲ့ အုတ်ကို ရပါမယ်။ အုတ်နီလိုပဲ ၉" x ၄"ခွဲ x ၃" ထုခန့်ထုတ်လုပ်ကြပါတယ်။

ရှမ်းပြည်ဘက်မှာ‌တော့ ဗြုန်းအုတ်ကို အဓိက သုံးစွဲကြတယ်။ ထုံးဓါတ်ပါ၀င်မှုမြင့်မားတဲ့ ဗြုန်းမြေနဲ့ ထုံး ဘိလပ်မြေစသည်‌တို့ရောစပ်ထားတဲ့ အုတ်ဖြစ်ပါတယ်။ ၄"ခွဲအထူ၊ ၆"ထု၊ ၁၂"အရှည်ပြုလုပ်သုံးစွဲကြတာများတယ်။ နေပြည်တော်စီမံကိန်းအစောပိုင်းမှာ ၉"x ၉"x ၁၂" ဗြန်းအုတ်ကြီးတွေသုံးခဲ့ဖူးတယ်။

 ဘိလပ်မြေအုတ်၊ ဗြုန်းအုတ်ဟာ ထင်းနဲ့ အခြားလောင်စာလည်းမလိုအပ်သလို သဘာ၀ပတ်၀န်းကျင်ကိုလည်း မထိခိုက်စေနိုင်လို့ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြဖို့ မျှော်လင့်မိပါတယ်...

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 


Cement Bricks 

Cement bricks are increasingly used today, though mass production remains uncommon. Mixing sand and cement in a ratio of 1:3 to 1:5 with a small amount of water, molding, and drying produces highly durable bricks. They are typically sized at 9" x 4.5" x 3".  

In Shan State, Burnt clay bricks (traditional bricks made from high-lime soil mixed with lime and cement) are predominantly used. Common dimensions include 4.5" thickness, 6" width, and 12" length. Larger burnt clay bricks (9"x9"x12") were used in early Naypyidaw development projects.  

Cement and burnt clay bricks require no firewood or fuels, making them environmentally friendly. Their adoption is expected to grow widely in the future.  




Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)