Rock Production and Various Sizes of Rocks

 ကျောက်ထုတ်လုပ်ရေးနှင့် ကျောက်အရွယ်အစားအမျိုးမျိုး

ခွဲကျောက် (Crushed rock)

ကျောက်ပေါများစွာထွက်ရှိတဲ့ မွန်ပြည်နယ်၊ ရှမ်းမန်းအစပ် လိုဒေသတွေမှာ အပေါ်ယံမြေလွှာ Top soil တွေကိုဖယ်ရှားပြီး Quarry mine တွေအဖြစ်ဖန်တီးကာ ကျောက်ထုတ်ယူကြပါသည်။ ကျောက်သားတွေကို drill ဖောက်၊ ယမ်းထည့်၊ မိုင်းခွဲကာ ရရှိလာတဲ့ကျောက်သားစိုင်ကြီးတွေကို Breaker machinery ကြီးတွေနဲ့ ထပ်မံခွဲစိတ်ပြီး ကျောက်ခွဲစက်သို့ ပို့ပါသည်။ ရရှိလာတဲ့ ကျောက်ကြီးboulder တွေကို လိုချင်တဲ့ အရွယ်အစားအထိ အဆင့်ဆင့် ကြိတ်ခွဲကြရာမှ ခွဲကျောက် (Crushed rock)ကို ရရှိပါတယ်။

မြစ်ကျောက်စရစ် (River shingle)


မြစ်ချောင်းတွေမှာ ရေစီးကြောင်းနဲ့ အတူမျောပါနေတဲ့ကျောက်တွေ ကတော့ သဘာ၀အတိုင်း လုံး၀န်းတဲ့ ပုံသဏ္ဍာန်ဖြစ်နေကြတယ်။ ချောင်းကျောက် (သို့) မြစ်ကျောက်စရစ်/အာလူးကျောက် (River Shingle) လို့ ခေါ်ကြတယ်။ မြစ်ကျောက်စရစ်ကို ဧရာ၀တီမြစ်ရိုးတလျှောက် မြစ်ကြမ်းပြင်ကနေ စုပ်ယူစုဆောင်းပြီး Barge တွဲကြီးတွေနဲ့ ဆိပ်ကမ်းတွေသို့ သယ်ယူပို့ဆောင်ကာ ဖြန့်ဖြူးကြပါတယ်။ အခြားမြစ်ချောင်းငယ်တွေကလည်း ဒေသအလျောက် တနိုင်တပိုင်ထုတ်ယူသုံးစွဲကြပါတယ်။

လမ်းလုပ်ငန်းတွေမှာ ခွဲကျောက်ကို အဓိက  အသုံးပြုကြပြီး ကွန်ကရစ်လုပ်ငန်းတွေမှာတော့ ခွဲကျောက်အပြင် မြစ်ကျောက်စရစ်ကို လည်း အသုံးပြုကြပါတယ်။

ကျောက်အရွယ်အစား အမျိုးမျိုး


ASTM Standard အရ 76.2mm to 4.75mm (AASHTO အရ 76.2mm to 2mm) ကြား ကျောက် size ကို Coarse Aggregate / Gravel လို့ သတ်မှတ်ပါတယ်။ 76.2mm ထက်ကြီးတဲ့ ကျောက်ကိုကျတော့ Stone boulder လို့ ခေါ်ကြတယ်။ တူးဖိုး၊ ၀မ်းတူး၊ ချစ်ပင်၊ သုံးမတ်၊ ဘီဖိုင်း စသည်ဖြင့် အရပ်စျေးကွက်အခေါ် Size အမျိုးမျိုးရှိကြတယ်။ တူးဖိုးဆိုရင် 2”x4” ကျောက် က အကြီးဆုံးနဲ့ သူ့အောက်ငယ်တဲ့ Size တွေ ‌ရောနှောပါ၀င်နေမယ်။ တစ်လက်မအောက်ငယ်တဲ့ ခွဲကျောက်ကိုတော့ ချီပင်ကျောက် (Chipping) လို့ခေါ်ကြပြီး ဘီကျောက်/ဘီဖိုင်းလို့ခေါ်တဲ့ ကျောက်ဇကွဲသေးသေးလေးတွေအထိ ထုတ်လုပ်ကြတယ်။ Quarry dust လို့ခေါ်တဲ့ ကျောက်အမှုံအမွှား အစအနတွေရောနှောနေတဲ့ ကျောက်မှုန့်ကိုတော့ သဲအစားထိုးအနေနဲ့ ‌Backfilling လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 Rock Production and Various Sizes of Rocks  


Crushed Rock  

In regions abundant with rock deposits, such as Mon State and the Shan-Man border areas, the topsoil layer is removed to create quarry mines for rock extraction. Rocks are drilled, filled with explosives, and blasted. The resulting large rock masses are further broken down using heavy breaker machinery and sent to crushing plants. Through successive stages of grinding and splitting these large boulders into desired sizes, crushed rock is produced.  


River Shingle 

Stones carried by river currents in streams and rivers naturally become rounded in shape. These are called stream stones or river shingles (also known as "potato stones"). River shingles are collected from the beds of the Ayeyarwady River using suction methods, then transported via large barges to ports for distribution. Smaller rivers and streams also contribute to local, small-scale extraction and use of these stones.  


In road construction, crushed rock is primarily used, while concrete work utilizes both crushed rock and river shingles.  


Various Rock Sizes 

According to ASTM standards, coarse aggregate or gravel is defined as rock particles between 76.2mm and 4.75mm (or 2mm per AASHTO standards). Rocks larger than 76.2mm are termed stone boulders. Local market classifications include sizes such as တူးဖိုး, ၀မ်းတူး, ချီပင်, သုံးမတ် and ဘီဖိုင်း. For example, တူးဖိုး refers to rocks measuring approximately 2”x4”, mixed with smaller sizes.  


Crushed rock smaller than one inch is called chipping, while finely crushed particles, known as Be stone or B fine, are produced down to tiny fragments. Quarry dust—a mixture of rock powder and fine particles—is used as a sand substitute for backfilling in construction projects.  


 






 

Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle