Field Compaction
Field Compaction မြေသားကို ကျစ်လျစ်သိပ်သည်းစေခြင်း
မြေသားသိပ်သည်းကျစ်လစ်စေခြင်း (Compaction) ဆိုသည်မှာ Soil particles တစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့ လေကို ဖယ်ထုတ်ပြီး Void space တွေမရှိအောင် Soil particles တစ်ခုနဲ့တစ်ခု ပိုမို နီးကပ်ကျစ်လစ် သိပ်သည်း သွားစေဖို့ စက်ယန္တရားနှင့်သော်လည်းကောင်း လူအားဖြင့် ဒင်ဆောင့်ထုထောင်း၍သော်လည်းကောင်း ပြုလုပ် ခြင်းဖြစ်ပါတယ်။ Compaction သေချာပြုလုပ်ခြင်းအားဖြင့် မြေသားရဲ့ အလေးချိန် (Unit weight/Density)၊ ခိုင်ခံ့မှု (Strength)၊ အလေး၀န်ခံနိုင်မှု (Bearing capacity)၊မြေသားအစောင်းနံရံများရဲ့ ကြံ့ခိုင်မှု (Stability of the Slope) တို့ကို တိုးတက်လာစေပြီး မြေသားနိမ့်ကျကျွံ၀င်မှု (Settlement) ကို လျှော့နည်းစေပါသည်။
Layer by layer compaction
Earth work Construction များ (ကား၊ ရထားလမ်း၊ တာတမံ စသည်) တည်ဆောက်မည်ဆိုလျှင် သတ်မှတ် Design Level အထိ ရောက်အောင် တစ်လွှာပြီးတစ်လွှာ Layer by Layer တည်ဆောက်ရပါသည်။ သတ်မှတ်ထားသော loose layer thickness (300mm,500mmစသည်)ရအောင် bulldozer, grader,backhoe စတဲ့ ယန္တရားများဖြင့် ဖြန့်ခင်းကြပါသည်။ Borrow soil ရဲ့ အစိုဓါတ် moisture content ကိုလည်း စစ်ဆေးပြီး သတ်မှတ်ထားတဲ့ OMC +/- တန်ဖိုးအတွင်းရှိ နေအောင်ထိန်သိမ်းထားရပါသည်။ အစိုဓါတ်နည်းပြီးခြောက်သွေ့နေလျှင် ရေဖျန်းခြင်း၊ အစိုဓါတ်များနေလျှင် နေပူပြထားပြီးအခြောက်ခံပြီးမှ compaction ဆက်လက်ပြုလုပ်ခြင်းစသဖြင့် ချိန်ညှိရပါသည်။ တစ်လွှာချင်းစီကို plane roller, sheepfoot roller, vibrating compactor, rammer စသည်ဖြင့် သင့်လျော်ရာ စက်ယန္တရားများဖြင့် Compaction ပြုလုပ်ရပါသည်။ သတ်မှတ် Density ရမရကို Field Density Test ပြုလုပ်စစ်ဆေးကြပါသည်။
Sampling and lab testing
အသုံးပြုမည့် Soil sample ကို Borrow Pit မှာ နမူနာကောက်ယူ Sampling လုပ်ပြီး Physical Properties များကို Specification နဲ့ ကိုက်ညီမညီ Laboratory မှာ ရှာဖွေရမယ်...အသုံးပြုနိုင်တဲ့ Soil sample ရဲ့ Completed Lab Test Report ကို ပြုစုထားပြီး Client / Consultant ရဲ့ Approval ယူထားရမည်။
Trial compaction
Field မှာ earth work construction မပြုလုပ်ခင် အသုံးပြုမည့် borrow soil ဖြင့် နမူနာဖြန့်ကြိတ်ခြင်း Trial compaction ပြုလုပ်ကြပြီး သုံးမည့်စက်ယန္တရား၊ layer thickness၊ number of pass စသည်တို့ကို အတည်ပြုဆုံးဖြတ်ကြပါသည်။
Field density test
Compacted layer thickness နဲ့ Testing points အရေအတွက် ကို Design specification မှာသတ်မှတ်ထားတဲ့ အတိုင်း စစ်ဆေးရပါသည်။ Field Density Test ပြုလုပ်ရာမှာ Sand cone method (Sand replacement method) in AASHTO/ASTM နှင့် Core cutter method (fine-grained cohesive soils without stones) in India Standard (IS) တို့ကို အသုံးများပါတယ်။
သတ်မှတ် Density ပြည့်မီဖို့ Number of rolling pass ၊ Capacity of Machinery နှင့် Moisture content ပါ၀င်မှု များသည် အရေးကြီးပါသည်။ သင့်တင့်သောရေဖျန်းခြင်း (near Optimum moisture content) နှင့် အကြိမ်ရေများများကြိတ်ခြင်း (passes) က ကောင်းမွန်သော Density ရစေတယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါကြောင်း..
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Field Compaction of Soil
Soil compaction refers to the process of removing air from the voids between soil particles and densely packing them together using machinery or manual methods (e.g., ramming). Proper compaction improves the soil’s unit weight (density), strength, bearing capacity, slope stability, and reduces settlement.
Layer-by-Layer Compaction
In earthwork construction (roads, railways, dams, etc.), soil is built up to the design level in layers. Loose soil layers (e.g., 300 mm or 500 mm thick) are spread using bulldozers, graders, or backhoes. The moisture content of the borrow soil must be checked and maintained within the specified OMC range. Adjustments are made as needed:
- Dry soil is watered.
- Overly wet soil is sun-dried before compaction.
Each layer is compacted using suitable equipment (e.g., smooth rollers, sheep-foot rollers, vibratory compactors, or rammers). Field density tests are conducted to verify compliance with specifications.
Sampling and Lab Testing
Soil samples from borrow pits are tested in labs to ensure their physical properties meet project specifications. A completed lab test report must be approved by the client/consultant before use.
Trial Compaction
Before full-scale construction, trial compaction is performed using the borrow soil to confirm:
- Suitable machinery.
- Layer thickness.
- Number of passes required.
Field Density Testing
The compacted layer thickness and number of test points must align with design specifications. Common testing methods include:
- Sand Cone Method (AASHTO/ASTM).
- Core Cutter Method (Indian Standard IS, for fine-grained cohesive soils).
Key Factors for Achieving Target Density
- Adequate number of roller passes.
- Proper machinery capacity.
- Moisture content near OMC.
Higher passes and optimal moisture content generally yield better density.




Comments
Post a Comment