Moisture Content of Sand and Concrete Slump
သဲရဲ့ အစိုဓါတ်နှင့် Concrete slump
သဲရဲ့ Specific Gravity နဲ့ Absorption တန်ဖိုးဟာ ကွန်ကရစ်ဖျော်စပ်ရာမှာ အရေးကြီးပါတယ်။ Concrete Mix Design အတိုင်း Sand material composition ထည့်ရမယ့် သဲပမာဏနဲ့ ရေပမာဏကို တွက်ချက်ဖို့ ညှိယူဖို့ အတွက်ပါ။
မိုးတွင်းကာလ သဲမှာ ရေပါ၀င်မှု များနေမယ်။ ပုံမှန်အတိုင်း သဲ ကျောက် ဘိဘပ်မြေကို ပုံးတွေနဲ့ ချိန်တွယ်ရောစပ်လျှင် Water-cement ratio များပြီး ပျော့လွန်းတဲ့ ကွန်ကရစ် (Higher slump concrete) ရရှိပြီး Specification နဲ့ မကိုက်ညီလို့ reject ထိတာမျိုးဖြစ်တတ်တယ်။
ဒါကြောင့် သဲရဲ့ရေပါ၀င်မှု (Moisture content) ကိုနေ့စဥ် လုပ်ငန်းမစခင် စစ်ဆေးကြပြီး သဲမှာ ရေပါ၀င်မှု များနေရင် ကွန်ကရစ် ဖျော်စပ်ရာမှာ ရောရမယ့် ရေပမာဏကို လျှော့ထည့်ရပါမယ်။ (ASTM C-70 standardကို follow လုပ်ပြီး surface moisture content of sand ကို စမ်းသပ်ကြပါသည်။) ဒါမှ သာ Approved Water-Cement Ratio ကိုထိန်းထားနိုင်ပြီး Targeted Slump နှင့် Concrete quality ကိုကောင်းမွန်စေပါမည်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Sand’s Moisture Content and Concrete Slump
The Specific Gravity and Absorption values of sand are critical in concrete mixing. These values help calculate and balance the required quantities of sand and water in the sand material composition, following the Concrete Mix Design.
During the rainy season, sand may retain excessive moisture. If sand, stone, and cement are proportioned using standard bucket measurements without accounting for this extra moisture, the water-cement ratio increases. This results in overly soft concrete (higher slump concrete) that fails to meet specifications, leading to rejection.
To avoid this, daily moisture content checks must be conducted on sand before starting work. If the sand’s moisture content is high, the amount of water added during concrete mixing must be reduced. (The ASTM C-70 standard is followed to test the surface moisture content of sand.) This ensures adherence to the approved water-cement ratio, achieving the targeted slump and maintaining high-quality concrete.


Comments
Post a Comment