OMC & MDD (Optimum Moisture Content & Maximum Dry Density)
OMC & MDD(Optimum Moisture Content & Maximum Dry Density)
Earth Work Construction တွေမှာသုံးမယ့် မြေသား Borrow Soil ကို Compaction လုပ်မယ်ဆိုရင် အစိုဓါတ်ဘယ်လောက် (ရေဖျန်း) ထားသင့်တယ်၊ သိပ်သည်းမှု အများဆုံး ဘယ်လောက်ရအောင် ကြိတ်နိုင်မယ်ဆိုတာကို သိဖို့ Laboratory မှာ အသင့်လျော်ဆုံးအစိုဓါတ် (Optimum Moisture Content, OMC) နဲ့ အများဆုံး သိပ်သည်းမှု (Maximum Dry Density, MDD) ကို Reference လုပ်ဖို့ကြိုတင်ရှာထားရပါမယ်...
OMC &MDD ကို Lab မှာရှာဖွေခြင်း
ခြောက်သွေ့နေတဲ့မြေသားတစ်ခုကို ပိုမိုသိပ်သည်းတဲ့ အခြေအနေရောက်ဖို့ အစိုဓါတ် (ရေ) ပေးပြီး ကြိတ်ရပါတယ်… Compaction လုပ်တဲ့အခါ ရေက ချောဆီသဘောမျိုး Soil particles တစ်ခုနဲ့တစ်ခု ပိုမိုသိပ်သည်းပူးကပ်သွားစေပြီး void space ခေါင်းပွတွေ နဲ့ air content လေကိုဖယ်ထုတ်လိုက်ပါတယ်...
Dry soil sample ကို ရေအနည်းငယ် ရောပြီး Compaction လုပ်ပါမယ်... ရလာတဲ့ Compacted soil ရဲ့ Dry unit weight ကိုမှတ်သားမယ်... နောက်ထပ် ရေနည်းနည်း ထပ်ရော Compaction လုပ်ပြီး Dry unit Weight ထပ်ရှာမယ်၊ ရေထပ်ရော ထပ်ကြိတ်တိုင်း Soil sampleရဲ့ အလေးချိန် ထပ်တက်လာပါမယ်...ဒါပေမယ့် ရေပမာဏတစ်ခုရောက်လာရင် Soil sample ဟာ ပိုမိုပြီး Saturated ဖြစ်လာပြီးသိပ်သည်းမှု မရနိုင်တော့ပဲ Dry weight ဟာလည်းပြန်ကျလာပါမယ်။ Additional water ရေပိုတွေဟာ Soil particle တွေရဲ့ နေရာကို ၀င်ယူ သွား တဲ့ အတွက် ရေရဲ့ တွန်းကန်အားကြောင့် Soil particle တစ်ခုနဲ့တစ်ခု မပူးကပ်မသိပ်သည်း နိုင်တော့ ခြင်းကြောင့် ဟုဆိုပါတယ်...အထက်ပါ ရလာတဲ့ ရေပမာဏအသီးသီးနဲ့ သက်ဆိုင်တဲ့ မြေသားအလေးချိန်တွေ ကို Graph ချဆွဲလိုက်ရင် (Moisture content in X-axis and Dry unit weight in Y-axis) ခေါင်းလောင်းပုံ Compaction curve တစ်ခုရပါပြီ...အဆိုပါ Curve ရဲ့ထိပ်ဆုံး ဆုံမှတ်မှာရှိတဲ့ X-axis ရဲ့တန်ဖိုးဟာ Optimum Moisture Content (OMC) ဖြစ်ပြီး Y-axis တန်ဖိုးဟာ Maximum Dry Density ဖြစ်ပါတယ်...ဒါကို Proctor Compaction Test လို့ ခေါ်ပြီး Proctor test equipment တွေနဲ့ Laboratory မှာရှာဖွေပြီး Test report ထုတ်ထားရပါတယ်...
Field DOC ရှာဖွေခြင်း
Earth work construction တွေမှာ Compaction လုပ်ပြီး မြေသားရဲ့ Field Density ကိုရှာဖွေပြီး Lab ကရတဲ့ MDD နဲ့ နှိုင်းယှဉ်ကာ မြေသားရဲ့ သိပ်သည်းမှု Degree of Compaction (DOC) ကိုတွက်ယူရပါမယ်...Design specification မှာသတ်မှတ်ပေးထားတဲ့ DOC (DOC 90%, 95%စသဖြင့်) ရမရ Compaction အောင်မအောင်ဆုံးဖြတ်ကြရပါတယ်...
Degree of Compaction (%) = Field Dry Density (ƴd) / Maximum Dry Density (MDD) x 100
EW လုပ်ငန်းတွေမှာ တာ၀န်ယူရတဲ့ ဆိုက်အင်ယာအနေနဲ့ Soil Lab Test report တွေမှာ ဖော်ပြထားတဲ့ OMC and MDD တွေ Moist Unit Weight, Dry unit Weight စသည်တို့ကို သိရှိနားလည်ထားဖို့ လိုအပ်ကြောင်းပါခင်ဗျား...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
OMC & MDD (Optimum Moisture Content & Maximum Dry Density)
When compacting borrow soil for earthwork construction, it is crucial to determine the ideal moisture content (water to add) and the maximum achievable density. Laboratories must first identify the Optimum Moisture Content (OMC) and Maximum Dry Density (MDD) as reference values.
Lab Testing for OMC & MDD
Dry soil is mixed with water and compacted to increase its density. Water acts as a lubricant, helping soil particles bond tightly and reducing voids and air content.
1. A dry soil sample is mixed with a small amount of water and compacted.
2. The dry unit weight of the compacted soil is recorded.
3. The process is repeated with incremental water additions, measuring the dry unit weight each time.
Initially, adding water increases the dry unit weight. Beyond a certain point (OMC), the soil becomes oversaturated. Excess water displaces soil particles, creating pore pressure that reduces bonding and density.
Plotting moisture content (X-axis) against dry unit weight (Y-axis) produces a bell-shaped compaction curve. The peak of this curve gives:
- OMC (X-axis value)
- MDD (Y-axis value)
This test is called the Proctor Compaction Test, conducted in labs using Proctor equipment.
Field Degree of Compaction (DOC)
After field compaction, engineers measure the field dry density and compare it to the lab-derived MDD to calculate DOC:
DOC (%) = (Field Dry Density / MDD) x 100
Project specifications require a minimum DOC (e.g., 90%, 95%). Compaction is successful if the field DOC meets this value.
Site engineers should understand:
- OMC and MDD from lab reports.
- Moist unit weight and dry unit weight.
- How to apply these values to ensure proper compaction.


Comments
Post a Comment