Properties of High-Quality Sand
အရည်အသွေးကောင်း သဲ ရဲ့ဂုဏ်သတ္တိများ
ကွန်ကရစ်လုပ်ငန်း၊ အုတ်/ကျောက် စီချောလုပ်ငန်း၊ အဆောက်အအုံအတွင်းပိုင်း မြေဖို့ခြင်း စသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သဲဟာ ဘက်စုံအသုံး၀င်ပြီးအရေးကြီးတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
သန့်ရှင်းမှု၊ မာကြောမှု၊ ဖုန်မှုန့်အမှိုက်သရိုက်နှင့် အော်ဂဲနစ်ပစ္စည်းများ ကင်းရှင်းမှု၊ ရွှံ့နှင့်နုန်း သတ်မှတ်အနည်းဆုံးပမာဏ သာပါ၀င်မှု စသည်တို့ဟာ အရည်အသွေးကောင်းတဲ့ သဲရဲ့ဂုဏ်သတ္တိတွေ ဖြစ်ကြတယ်...
Moisture content of sand
သဲဟာ လေထုထဲကရေခိုးရေငွေ့ကို စုပ်ယူမှု အားကောင်းတယ်၊ ရေကိုလည်းစုပ်ယူထားနိုင်လို့ ရာသီဥတု ပတ်၀န်းကျင် အခြေအနေပေါ်မူတည်ပြီး ရေပါ၀င်မှု အစိုဓါတ် ပမာဏ ပြောင်းလဲမှု မြန်တတ်တယ်။ ဒါကြောင့် အစိုဓါတ် (Moisture content of sand) ကို တသမတ်တည်းရှိနေအောင် ထိန်သိမ်းထားသင့်တယ်။ ကွန်ကရစ်လုပ်ငန်းအတွက် သဲကို နေပူရှိန်နှင့် မိုးရေမထိစေရန် အမိုးအကာအောက်မှာ စုပုံသင့်ပါတယ်။
Lab Testing of sand
အရေးကြီး ဆောက်လုပ်ရေး လုပ်ငန်းများနဲ့ Ready mix concrete ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့် သဲကို ဓါတ်ခွဲခန်းမှာ အရည်အသွေးစမ်းသပ် ခွင့်ပြုချက်ယူပြီး မှ အသုံးပြုရပါတယ်။ AASHTO-M6/ ASTM-C33 စသည့် Standard များအတိုင်း စမ်းသပ်စစ်ဆေးပြီး သုံးသင့်မသင့် ဆုံးဖြတ်ကြပါသည်။ ဖေါ်ပြပါ Standard များအရ Sieve analysis ပြုလုပ်ပြီး သတ်မှတ် Grading ထဲ၀င်မ၀င် စစ်ဆေးကြသည်။ နုန်းပါ၀င်မှု (Silt content) 3% ထက်မများရပါ။ ရွှံ့ (Clay lump) ပါ၀င်မှု 3% ထက်မပိုရ (အချောကိုင် Plastering လုပ်ငန်းအတွက် 0.5% ထက်မများရ)။ Fineness Modulus (F.M) 2.05 to 3.05 အတွင်းရှိရပါမည်။ Specific Gravity (S.G) 2.6 to 2.8 အတွင်းနှင့် ရေစုပ်ယူနိုင်မှု (Absorption) 6 ထက်မများရပါဘူး...အထက်ပါ တန်ဖိုးများကို Third Party Laboratory များက စမ်းသပ်စစ်ဆေးပြီး Sand sample ကို သုံးသင့် မသင့် မှတ်ချက်ပေးကြပါသည်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Properties of High-Quality Sand
Sand is a versatile and essential material for construction projects such as concrete work, brick/stone masonry, interior filling, and more.
The characteristics of high-quality sand include:
- Cleanliness,hardness, and free from dust, debris, and organic materials.
- Minimal presence of clay and silt (within specified limits).
Moisture Content of Sand
Sand has strong properties of absorbing moisture and water vapor from the air. Its moisture content can fluctuate rapidly depending on weather and environmental conditions. Therefore, maintaining consistent moisture levels is critical. For concrete work, sand should be stored under shelter to avoid exposure to direct sunlight and rainwater.
Lab Testing of Sand
For critical construction projects and ready-mix concrete production, sand must undergo laboratory testing before use. Standards such as AASHTO-M6 and ASTM-C33 are followed to determine suitability. Key tests include:
- Sieve analysis to verify compliance with grading requirements.
- Silt content must not exceed 3%.
- Clay lump content must not exceed 3% (for plastering work, it must be below 0.5%).
- Fineness Modulus (F.M) must range between 2.05 to 3.05.
- Specific Gravity (S.G) should be 2.6 to 2.8.
- Water absorption must not exceed 6%.
Third-party laboratories conduct these tests and provide recommendations on whether the sand sample meets usage standards.


Comments
Post a Comment