Qualities of a Good Brick
အုတ်ကောင်းရဲ့ဂုဏ်အင်္ဂါရပ်များ
“နီ၊ ထက်၊ ခြစ်သံ၊ ရေစိမ်ခံ၊ ဖိနှိပ်လွှတ်ချ မကွဲရ။”
သူငယ်ချင်းတစ်ယောက်မျှဝေတဲ့ အုတ်ကောင်းတစ်လုံးရဲ့ ဂုဏ်အင်္ဂါရပ်များတဲ့။ မှတ်သားထိုက်တဲ့ လင်္ကာလေးပါ။
အုတ်ကောင်းတစ်လုံးဟာ နီရဲ သောအရောင်ရှိရမယ် (red colour)၊ စောင်းတွေထက်ရမယ် (Sharp edge)၊ သံ (လက်သည်း)နှင့်ခြစ်ကြည့်လျှင် အရာမထင်ရ (scratch resistance)၊ ရေစိမ်လျင် သတ်မှတ်တာထက်ရေမစုပ်ယူ၊ရေမှာပျော်မသွားရ (less absorption)၊ ဖိတဲ့ဒဏ်ခံနိုင်ပြီး အမြင့်၃ပေလောက်ကလွှတ်ချလျင် မကွဲရ (hardness)။
အုတ်အတွင်းသား အမည်းရောင်ဖြစ်ခြင်း (Black core)
အုတ်ထုတ်ထုတ်မှုရဲ့ အပူပေးတဲ့ဖြစ်စဉ် (Burning process) ဟာ Hard, durable,strength, color and texture စတဲ့ အုတ်အရည်အသွေးတွေ့ ပြည့်စုံစေဖို့ အင်မတန်အရေးကြီးပါတယ်။
အုတ်ကို ပြင်ပအပူချိန် heating အပြင် အတွင်းလောင်ကျွမ်းမှု internal burning ဖြစ်ဖို့ (လောင်စာစရိတ်ချွေတာစေဖို့) coal dust ကျောက်မီးသွေးမှုန့်၊ sawdust လွှစာမှုန့်၊ စပါးခွံဖွဲလို Biomass လောင်စာတွေ၊ organic material တွေကို clay နှင့် ရောသမပြီး အုတ်ပြုလုပ်ကြလေ့ရှိတယ်တဲ့။
အုတ်ဖုတ်တဲ့ အပူရှိန် Burning temperature ကို လျင်မြန်စွာရောက်ရှိစေတဲ့အခါ အုတ်ရဲ့ အပေါ်ယံမျက်နှာပြင်ဟာ ဓါတ်ပြုမှု (burning & chemical reaction) လျှင်မြန်စွာဖြစ်ပေါ်ပြီး မာကျောသွားပါတယ်။ ဒါပေမယ့် အတွင်းသားမှာရှိတဲ့ clay+coal dust တွေဆက်လက်လောင်ကျွမ်းဓါတ်ပြုဖို့ လိုအပ်တဲ့ အောက်စီဂျင် လျော့နည်းပြတ်တောက်သွားပြီး တ၀က်တပျက်သာ လောင်ကျွမ်းပါတယ်တဲ့။ အဆိုပါ imcomplete combustion ကြောင့် residue carbon တွေ ဖြစ်ကျန်ခဲ့ပြီး အမည်းရောင်အတွင်းသား Black core များဖြစ်စေနိုင်ပါတယ်တဲ့။
Organic material တွေ များစွာပါ၀င်နေတဲ့ clay တွေကို အသုံးပြုလျှင်လည်း Black core ဖြစ်စေနိုင်ပါတယ်တဲ့။
အုတ်ကိုချိုးလိုက်လို့ အတွင်းသားမည်းနေတဲ့ အုတ်မျိုးတွေဟာ မာကျောမှုမြင့်တယ်ဆိုလျှင် အသုံးပြုလို့ရနိုင်ပါတယ်။ အလေး၀န်မထမ်းတဲ့ partition လို non bearing wall တွေမှာ သုံးနိုင်ပါတယ်။ ပွနေမယ်၊ ရေစုတ်ယူမှုလည်း များတယ်ဆိုလျှင် အသုံးမပြုသင့်ပါ။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Qualities of a Good Brick
A friend once shared a poetic checklist for identifying a good brick:
“Red, sharp, scratch-proof, water-resistant, unbroken when pressed and dropped.”
A good brick should:
- Have a bright red color.
- Feature sharp edges.
- Resist scratches (no marks when scraped with a nail).
- Absorb minimal water (below specified limits) and not dissolve when soaked.
- Withstand pressure and remain intact when dropped from ~3 feet (indicating hardness).
Black Core in Bricks
The burning process during brick production is crucial for ensuring durability, strength, color, and texture. To reduce fuel costs, materials like coal dust, sawdust, rice husks (biomass), or organic matter are often mixed with clay.
When the kiln temperature rises too quickly, the brick’s surface hardens rapidly due to fast chemical reactions. However, insufficient oxygen inside prevents complete combustion of the clay and fuel mixture. This incomplete burning leaves residual carbon, creating a black core. Excessive organic material in the clay can also cause this issue.
Using Bricks with Black Cores
Bricks with black cores can still be used if they are hard and durable, but only for non-load-bearing walls (e.g., partitions). Avoid using them if they are porous or highly absorbent.


Comments
Post a Comment