Sand for Construction
ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲ အမျိုးမျိုး
သဲ ဆိုတာ ကျောက်က ဖြစ်လာတဲ့ Non cohesive soil တစ်မျိုးဖြစ်တယ်။ နှစ်သန်းချီကတည်းက ကျောက်သားကျောက်စိုင်တွေဟာ ရာသီဥတု သဘာ၀ ရေ လေတို့ရဲ့ တိုက်စားမှုကြောင့် ပြိုကွဲကြေမွ လာကာ မြစ် ချောင်း ရေစီးကြောင်းတွေမှ တဆင့် ပင်လယ်အထိ မျောပါ ပို့ချခံခဲ့ရပါတယ်တဲ့။ ဒါကြောင့် သဲကို ချောင်းစပ်ကုန်းမြေ ကွင်းပြင်အောက်တွေ၊ မြစ်ချောင်းဘေးနှင့် မြစ်ကြမ်းပြင်၊ ပင်လယ်ကမ်းခြေ စသည့်နေရာတွေမှာ ပေါများစွာ ထုတ်ယူရရှိနိုင်ပါတယ်။ တောင်ပေါ်ဒေသတွေကျတော့ သဲ က ရှားပါးပစ္စည်းဖြစ်သွားပြန်ပ့တယ် (သဲအစား ဗြုန်းသဲ ခေါ်တဲ့ ကျောက်မှုန့်ကြမ်းတွေကို သုံးကြတယ်)။
ကုန်းသဲ
ကုန်းသဲလို့ ခေါ်တဲ့ ချောင်းရိုးနဲ့ ချောင်းဘေး ကွင်းပြင် အောက်က (အပေါ်ယံမြေကို လွှာထုတ်လိုက်ရင် အောက်မှာ သဲကြောအပြည့်ရှိပြီး ကျုံးယူရုံနဲ့ ရတယ်) သဲတွေဟာ သဲပွင့်ကြမ်းပြီး သန့်ရှင်းမှု ကောင်းလို့ ပိုကြိုက်ကြတယ်...(Pyin Pone Gyi Sand လို့ခေါ်တဲ့ ပဲခူး ပျဥ်ပုံဒေသက ထွက်တဲ့ သဲဟာ ကွန်ကရစ်လုပ်ငန်းတွေအတွက် အကောင်းဆုံးလို့ ပြောကြတယ်)...
မြစ်သဲ
မြစ်သဲကျတော့ မြစ် ကြမ်းပြင်တွေကနေ စုပ်ယူရရှိပါတယ် နုန်းပါ၀င်မှုမြင့်ပြီး Fine % ပိုများတတ်တယ်၊ ပိုနုတယ်ပေါ့... နုန်းများရင် ရေဆေးပြီးမှ သုံးသင့်တယ်။ (ထား၀ယ်မြစ်ကထွက်တဲ့ သဲကို သင်္ဘောနှင့် စုပ်ယူစုဆောင်းပြီး စင်္ကာပူနိုင်ငံကို တင်ပို့ခဲ့တယ်လို့လဲ ကြားဖူးတယ်)...
ပင်လယ်သဲ
ကမ်းရိုးတမ်းဒေသတွေမှာတော့ ပင်လယ်သဲ ပေါပေါများများရရှိနိုင်ပြီး ဆားဓါတ်ပါ၀င်မှုများလို့ သံကူကွန်ကရစ်လုပ်ငန်းတွေအတွက်သုံးမည်ဆိုလျှင် သဲကိုရေချိုနဲ့ ဆေးပြီးမှ သုံးသင့်ပါတယ်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Types of Sand Used in Construction
Sand is a type of non-cohesive soil formed from rocks. Over millions of years, rock formations have been weathered and eroded by natural elements like climate, water, and wind. These fragmented particles are carried by rivers and streams to the sea. As a result, sand is abundant in areas such as river valleys, floodplains, riverbanks, riverbeds, and coastal shores. However, in mountainous regions, sand is scarce, and coarse rock particles (called "byune thè" or crushed gravel) are often used as substitutes.
Land Sand (ကုန်းသဲ)
Land sand, found along riverbanks and beneath floodplain surfaces (where removing the topsoil reveals sand layers that can be easily collected), is coarse-grained and clean, making it highly preferred. For example, *Pyin Pone Gyi Sand* from the Bago Region’s Pyin-Pone-Gyi area is renowned as the best for concrete work.
River Sand (မြစ်သဲ)
River sand is extracted from riverbeds. It has a higher silt content and finer particles, making it softer. If the silt content is excessive, it should be washed before use. Notably, sand from the Dawei River is collected via ships and exported to Singapore.
Sea Sand (ပင်လယ်သဲ)
Coastal regions have abundant sea sand. However, due to its high salt content, it must be thoroughly rinsed with fresh water before being used in reinforced concrete projects.



Comments
Post a Comment