Sand with High Silt Content and Concrete Work
နုန်းပါ၀င်မှုများတဲ့သဲနှင့် ကွန်ကရစ်လုပ်ငန်း
နုန်းပါ၀င်မှု (Silt) များတဲ့ သဲကို ကွန်ကရစ်လုပ်ငန်းများမှာ မသုံးသင့်ပါ...Silt များလျှင် Concrete strength ကို လျော့နည်းစေပါတယ်။ Bonding & integrity (bonding strength of cement paste with coarse aggregate and rebar, etc) ကို ကျဆင်းစေပါတယ်... Shrinkage များပြီး Surface cracks များဖြစ်ပေါ်စေပါတယ်...silt ပါ၀င်မှုများခြင်းကြောင့် concrete mix မှာရေလိုအပ်ချက်ပိုများစေပြီး wc ratioမြင့်တက်ကာ concrete strengthကျစေနိုင်ပါတယ်တဲ့။
နံရံအချောကိုင်လုပ်ငန်းများမှာလည်း နုန်းများတဲ့ သဲတွေသုံးလျှင် Shrinkage ဖြစ်စေပြီး plaster မှာ crack ဖြစ်ပေါ်မှုများစေပါတယ်။ နံရံနှင့် စွဲကပ်မှုအား Adhesion strength ကိုလျော့နည်းစေတယ်။ နံရံဆားပွင့်ခြင်း Efflorescence လည်းဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။ ဒါကြောင့် နုန်းပါ၀င်မှုနည်းတဲ့ သဲကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
Silt content test
On Site မှာ Silt Test လုပ်ပြီး နုန်းပါ၀င်မှုကို အလွယ်တကူစမ်းသပ်နိုင်ပါတယ်...ဖန်ပုလင်း (ရေသန့်ဗူးလဲ အသုံးပြုနိုင်) တစ်ခုထဲ ၂လက်မ ထု သဲထည့်ပါ...သဲထု သုံးလေးဆခန့်ရေထည့် ပြီး တစ်မိနစ်ခန့် ခပ်ပြင်းပြင်းလှုပ်ခါပါ...တစ်နာရီခန့် အနည်ထိုင်စေပြီးလျှင် နုန်းမျာဟာ သဲရဲ့ အပေါ်မှာ အလွှာတစ်ခုအနေနဲ့ ဖုံးနေပါမည်...အဆိုပါနုန်းထု အမြင့်ကို တိုင်းတာပါ...တစ်လက်မရဲ့ ၈ပုံ၁ပုံထက်များနေလျှင် နုန်းပါ၀င်မှု အလွန်များတဲ့ အတွက် ကွန်ကရစ်လုပ်ငန်းမှာ မသုံးသင့်ပါ...ရေဆေးပြီး နုန်းများဖယ်ရှားပြီးမှ သုံးရပါမည်။
(Ref; Sayargyi U Nyi Hla Nge)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Sand with High Silt Content and Concrete Work
Sand with high silt content should not be used in concrete work. Excessive silt reduces concrete strength, weakens bonding and integrity (e.g., bonding strength between cement paste, coarse aggregates, and rebar), increases shrinkage, and causes surface cracks. High silt content also raises water demand in the concrete mix, leading to a higher water-cement ratio and lower concrete strength.
In plastering work, using sand with high silt content causes shrinkage, cracks in plaster, reduces adhesion strength (bonding to walls), and may lead to efflorescence (salt deposits on walls). Therefore, sand with low silt content should be selected.
Silt Content Test
A simple on-site silt test can be performed:
1. Fill a clear bottle (e.g., a clean water bottle) with 2 inches of sand.
2. Add water until the bottle is 3/4 full.
3. Shake vigorously for about 1 minute.
4. Let it settle for 1 hour. Silt will form a layer on top of the sand.
5. Measure the silt layer height. If it exceeds 1/8 inch, the silt content is too high for concrete work. Such sand must be washed to remove silt before use.
(Ref: Sayargyi U Nyi Hla Nge )


Comments
Post a Comment