Testing Brick Hardness (Compressive Test and Absorption Test)

 အုတ်ရဲ့ မာကျောမှုကို စမ်းသပ်ခြင်း (Compressive test and absorption test)

Client or Consultant requirement အရ အုတ်ရဲ့ မာကျောမှု (Compressive strength) နဲ့ ‌ရေစုပ်ယူမှု (Absorption) ကို Test လုပ်ပြီး Submission တင်ပေးရတတ်ပါတယ်...ASTM C67/C652 အရ Hollow Brickအုတ် တစ်လုံးချင်းစီရဲ့ Compressive strength သည် ~15MPa to 17MPa (2200psi to 2500psi) ခန့်ရှိရပါမည်... ‌ရေစုပ်ယူမှု Absorption သည် အုတ်အလေးချိန်ရဲ့  20% to 25% သာအများဆုံးရှိရပါမယ်...ပြည်တွင်းစျေးကွက်မှာ အသုံးများတဲ့ ၈ပေါက်/၁၀ပေါက် အုတ်တွေ ကတော့  Compressive Strength ~10MPa (~1500psi) ခန့်ရနိုင်မယ်ထင်ပါတယ်...(ရထားလမ်းပရောဂျက်မှာ အကောင်းဆုံးအုတ် တွေကို‌ရွေးပြီး စမ်းသပ်တာတောင် 15MPa ခန့်သာရပါသည်)...

Compressive strength test of Brick

အုတ်ရဲ့ အပေါက်ဧရိယာတွေဖယ်ထားတဲ့ မျက်နှာပြင်ဧရိယာနှင့် compressive test machine ရဲ့ ဖိအားအချိုးချ တွက်လိုက်ရင် အုတ်ရဲ့ ဖိအားဒဏ်ခံနိုင်ရည် compressive strength ကိုရရှိပါသည်။ အုတ်ရဲ့ မျက်နှာပြင် နှစ်ဘက်ကို ညီညာမှုရှိစေဖို့ ကန့်အမှုန့်ဖျော်ပြီး ကြိုတင်သွန်းလောင်းရပါသည်။ သို့မှသာ Compressive test machine ရဲ့ ဖိအားက အုတ်မျက်နှာပြင်အနှံ့ညီမျှစွာပျံ့နှံ့စေပြီး မှန်ကန်တဲ့ရလဒ် ရရှိစေပါမည်။

Absorption Test

သတ်မှတ်တန်ဖိုးထက်ရေစုပ်ယူမှုများတဲ့ အုတ်တွေဟာ မာကျောမှုနည်းတဲ့၊ မီးမနိုင်တဲ့၊ နုတဲ့ အုတ်တွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အုတ်ရဲ့ရေစုပ်ယူမှုကို သတ်မှတ်ချက်အတိုင်းရှိမရှိစစ်ဆေးရပါတယ်။
Sample brick ကို Oven ထဲ 24-hours ထားပြီး အခြောက်ခံပါတယ်။ အချိန်ပြည့်လျှင် အအေးခံပြီး အလေးချိန်တွယ်ပါတယ်။ 24-hours ရေစိမ်ပြီးနောက် မျက်နှာပြင်ကရေတွေကို အ၀တ်နှင့်သုတ်ပြီး အလေးချိန်ပါတယ်။ ခြောက်သွေ့တဲ့ အုတ်အလေးချိန်နဲ့ ရေ၀နေတဲ့ အုတ်အလေးချိန်တွေကို အချိုးချတွက်လိုက်လျှင် Absorption တန်ဖိုးရရှိပါသည်။ Absorption test result ဂာ Standard specifications တန်ဖိုးထဲရှိမရှိကြည့်ပြီး အဆိုပါအုတ်ကို သုံးစွဲခွင့် ပြုမပြုဆုံးဖြတ်ကြပါသည်။

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

Testing Brick Hardness (Compressive Test and Absorption Test)
 

Depending on client or consultant requirements, tests for brick hardness (compressive strength) and water absorption are conducted and submitted. According to ASTM C67/C652, the compressive strength of individual hollow bricks must be approximately 15 MPa to 17 MPa (2200 psi to 2500 psi). Water absorption should not exceed 20% to 25% of the brick’s weight. Locally popular 8-inch or 10-inch bricks in the domestic market typically have a compressive strength of around 10 MPa (~1500 psi). (Even when testing the highest-quality bricks for railway projects, results rarely exceed 15 MPa.)  

Compressive Strength Test of Bricks

 
To calculate compressive strength, the pressure applied by the testing machine is divided by the brick’s surface area (excluding holes). Both surfaces of the brick must be leveled using sulfur liquid to ensure even pressure distribution during testing. This ensures accurate results by allowing uniform force application across the brick’s surface.  

Absorption Test 

 
Bricks with water absorption exceeding specifications are likely weak, under-fired, or low quality. To verify compliance:  
1. Dry a sample brick in an oven for 24 hours, then cool and weigh it.  
2. Submerge the brick in water for 24 hours, wipe off surface water with a cloth, and weigh it again.  
3. Calculate absorption by comparing the dry and saturated weights.  

The absorption result is checked against standard specifications to determine whether the brick is approved for use.  




 

Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)