The Rock Cycle and Construction Stones
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်ရဲ့အစ ကျောက်သံသရာ (Rock cycle)
ငယ်ငယ်ကသင်ဖူးခဲ့တယ်။ မီးသင့်ကျောက်၊ အနည်ကျကျောက်၊ အသွင်ပြောင်းကျောက် စသဖြင့် ...
ကျောက်သံသရာ (Rock cycle)
ကမ္ဘာကြီးအတွင်းထဲက ပူပြင်းတောက်လောင်နေတဲ့ ချော်ရည်တွေဟာ မြေမျက်နှာပြင်ပေါ်တိုးထွက်လာပြီး အအေးဓါတ်ကြောင့် အစိုင်အခဲအဖြစ်ပြောင်းကာ ကျောက်ဖြစ်သွားတယ်။မီးသင့်ကျောက် Igneous Rock လို့ခေါ်ပါတယ် (ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်း တွေမှာအသုံးများတဲ့ လိပ်သည်းကျောက် Granite ဟာ Igneous rock အမျိုးအစားဖြစ်ပါတယ်)...
တခါ မိုး၊ ရေ၊ လေ ဒဏ်တွေကြောင့် ကျောက်စိုင်တွေဟာ တိုက်စားခံရပြီး ရေစီးကြောင်းနဲ့ မျောပါအနည်ထိုင်ကြပြန်တယ်။ အချိန်ကြာလာတော့ အပေါ်ကတင်လာတဲ့ Overburden တွေရဲ့အလေးချိန်နဲ့ဖိအားရယ်၊ မြေအောက်ရေမှာပါတဲ့ထုံးဓါတ်၊ သတ္တုဓါတ်တွေနဲ့ ပေါင်းစပ်ပြီး ကျောက်ဖြစ်လာတယ်။ ဒါကိုတော့ အနည်ကျကျောက် Sedimentary Rock ခေါ်ကြတာပေါ့။ (သဲကျောက် Sandstone, ရှေလကျောက် Shale စသဖြင့်)…
နောက်တဖန် ပြင်းထန်တဲ့အပူရှိန်နဲ့ ဖိအားအောက်မှာ ကျောက်တွေဟာ (အရည်မပျော်ဘဲ) အသွင်အပြင်နဲ့ ပါ၀င်ပစ္စည်းတွေ ပြောင်းလဲသွားကြပြီး အသွင်ပြောင်းကျောက် Metamorphic Rock တွေ ဖြစ်လာကြပြန်တယ်။ (သလင်းကျောက်၊ ကျောက်စိမ်း Quartz, Gemstones စသည်)...
တချိန်ကျရင် ကျောက်တွေအရည်ပျော်၊ တခါပြန်အစိုင်အခဲဖြစ်၊ တိုက်စားခံရပြီး ကျောက်ပုံစံတစ်မျိုးပြီးတစ်မျိုးပြောင်းနေတာဟာ ကျောက်သံသရာ Rock Cycle ပါတဲ့….
ကျောက် (Coarse Aggregate or Gravel)
လူ့သမိုင်း အဆက်ဆက် ကျောက်ခေတ် ကြေးခေတ် သံခေတ်ရယ်လို့ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ရာမှာ လွန်ခဲ့သောနှစ်ပေါင်း ၃-သန်းလောက်ကတည်းက ကျောက်ခေတ်လူသားတို့ဟာ ကျောက်တုံးတွေနဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာတွေကို တီထွင်သုံးစွဲနိုင်ခဲ့ကြတယ်... ကျောက်တုံးတွေရဲ့မာကျောထက်မြက်မှု၊ တစ်ခုနဲ့တစ်ခုပွတ်တိုက်စားပြီး (ကျောက်သွေးပြီး) လိုချင်တဲ့ လက်နက်ကိရိယာတွေ ဖန်တီးနိုင်မှုကြောင့် လူသားတို့ရဲ့ ယဥ်ကျေးမှု အဆင့်တစ်ဆင့်မြင့်တက်ခဲ့ကြတာပေါ့။ ဒါကြောင့် ကျောက်ဟာ လူသားတို့အတွက် ကျောက်ခေတ်ကတည်းက ယခုတိုင် ဘက်စုံအသုံး၀င်တဲ့ ပစ္စည်းတစ်ခုအဖြစ် တည်ရှိနေပါတယ်...
ဆောက်လုပ်ရေးနှင့် ကျောက်
အရွယ်စုံ ကျောက်အမျိုးမျိုးကို ကား၊ရထားလမ်းခင်းရာမှာလည်းကောင်း၊ ဆည်တာတမံတည်ဆောက်ရေး၊ မြစ်ရေပင်လယ်ရေတိုက်စားမှုမှကာကွယ်တဲ့ မြေထိန်းနံရံများ တည်ဆောက်ရေး၊ ကွန်ကရစ်ဖျော်စပ်ရာမှာ နှင့် အဆောက်အအုံ အုတ်မြစ်ကြမ်းခင်း အောက်တွေမှာထည့်သွင်းခြင့် စသည်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုကြပါသည်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
The Rock Cycle and Construction Stones
From childhood lessons, we learn about igneous, sedimentary, and metamorphic rocks.
Rock Cycle
1. Igneous Rock: Molten magma from Earth’s interior rises to the surface, cools, and solidifies. Examples include granite, widely used in construction.
2. Sedimentary Rock: Over time, weathering by rain, water, and wind erodes rocks into sediments. These settle under pressure and mineral-rich groundwater, forming rocks like sandstone and shale.
3. Metamorphic Rock: Intense heat and pressure transform existing rocks (without melting) into new forms, such as quartz and gemstones.
This endless process of melting, solidifying, eroding, and transforming is the rock cycle.
Stones (Coarse Aggregate or Gravel)
Human history evolved through the Stone Age, Bronze Age, and Iron Age. Over 3 million years ago, Stone Age humans crafted sharp tools from hard, durable stones. This ability to shape stones into weapons and tools marked a cultural leap. Stones remain indispensable to humanity, even today.
Construction and Stones
Stones of various sizes are used in:
- Road and railway construction.
- Dam and retaining wall projects (to prevent erosion).
- Concrete mixing and foundation layers for buildings.



Comments
Post a Comment