Two Bricks from the Bagan Chronicles, Brick Production and Quality

 ပုဂံရာဇ၀င်ထဲက အုတ်နှစ်ချပ်၊ အုတ်ပြုလုပ်ပုံနှင့် အရည်အသွေး

ပုဂံရာဇ၀င် တခုမှာ ဘုရင်ကြီး ဘုရားတည်တော့ တိုင်းသူပြည်သားတွေ အုတ်တစ်လုံးစီ တာ၀န်ယူစေရာ ဘုရားပြီးချိန် အုတ်နှစ်လုံးစာ နေရာလွတ်နေလို့ ဘုရင်ကြီး အမျက်တော်ရှ၊ ပျက်ကွက်သူကို စုံစမ်းစေရာ မိမိ မြေးတော်များ ဖြစ်နေကြပေမယ့် မျက်နှာမလိုက်၊ ခွင့်မလွှတ်ပဲ စံပြအနေနဲ့ သေဒဏ်ပေးလိုက်သည် ဆိုသတတ်...

အတိတ်သမိုင်း၊ ယုံတမ်းပုံပြင်တွေ ကွဲပြားပေမယ့် ပုဂံခေတ် ဗိသုကာ လက်ရာတွေကတော့ အံ့မခန်း ဂုဏ်ယူဖွယ် ယနေ့တိုင်တည်တံ့နေပါသေးတယ်...ပုဂံခေတ် အုတ်အရည်အသွေး အုတ်စီနည်းပညာကို နှောင်းလူတို့ လိုက်လုပ်ဖို့ရာ မလွယ်ကူပါ...

BC7500 လောက်ကစလို့ လူသားတွေဟာ မြေအုတ်တို့ဖြင့် ခိုလှုံစရာနေရာများဖန်တီးခဲ့ကြတယ်... မီးအုတ် (Fire clay brick) ကို တရုတ်ပြည်အရှေ့အလယ်ပိုင်းမှာ BC400 ခန့် 'ချင်' မင်းဆက် လက်ထက်က စတင်အသုံးပြုပြီး အ‌ဆောက်အအုံတွေ တည်ဆောက်နေပါပြီတဲ့...

အုတ်ပြုလုပ်ပုံ

ရွှံ့မြေ Fine Clay ကိုအမှုံ့ချေ ဇကာချ(Sieving)၊ ရေ‌ရောပြီး ပျော့ပျောင်းတဲ့ Paste ဖြစ်အောင်လုပ် (Mixing)၊ လိုချင်တဲ့ ဒီဇိုင်းပုံစံ Mold ခွက်ထဲ ဖိထည့် (Shaping)၊ အခြောက်ခံ (Drying)၊ ဖိုထဲထည့်...မီးပြင်းပြင်းနဲ့ ဖုတ်(Firing)  လိုက်လျှင် ကျနော်တို့ သုံးနေတဲ့ အုတ်နီ ရပါမယ်...

အုတ်‌အရည်အသွေး

အုတ်ကောင်းတစ်လုံးရဲ့ အရည်အသွေးတွေကတော့ အလေး၀န် ခံနိုင်ရည် (Strength)၊ မီးဒဏ်ခံနိုင်မှု (Fire resistance)၊ အတိုင်းအတာ မှန်ကန်မှု (Uniform in size, shape and color)၊ ထက်သော စောင်းများရှိခြင်း (Sharp Edge)၊ အက်ကွဲကြောင်းများ ကင်းရှင်းမှု (Free from crack and other defects)၊ ရေစုပ်ယူမှု နည်းပါးခြင်း (Less absorption) တို့ဖြစ်ကြပါတယ်...အုတ်ခဲတစ်ခုနဲ့ တစ်ခု ထုကြည့်လို့ ပြတ်သားကြည်လင်တဲ့ အသံမြည်လျှင် မာကြောတဲ့ အုတ်...အသံအုပ်အုပ်ထွက်ရင်တော့ ညံ့တဲ့အုတ်လို့ ပြောကြတယ်...အုတ်ကောင်းဟာ တစ်မီတာအမြင့် မှ သာမန်မြေညီပေါ်လွှတ်ချရင် အလွယ်တကူမကွဲ နိုင်ဘူးတဲ့...အုတ်ရဲ့ မာကြောမှု (Compressive strength) ဟာ အုတ်ဖုတ်တဲ့ မီးအပူရှိန်ပေါ်မူတည်တယ်...သတ်မှတ်အပူရှိန် (1600°F to 2400°F / 871 °C to 1316 °C ) အတွင်းထားပြီး မီးဖုတ် (Firing) ကြတယ်...
အပူရှိန်လျော့ရင် မီးမကျက်၊ မာကျောမှုနည်းတဲ့ ရေစုပ်ယူမှုများတဲ့ Poor quality အုတ်တွေပဲရမယ်...အုတ်တွေပုံထားတယ်၊ မိုးတပြိုက်နှစ်ပြိုက်လည်းကျရော အုတ်ပုံကြီးက ရွှံ့တုံးပုံကြီးဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ... မီးမကျက်တဲ့ အုတ်မျိုးပေါ့...မီးအပူရှိန်လွန်သွားတဲ့ အုတ် (Over burnt brick) တွေကျပြန်တော့ အုတ်ကကျွတ်ဆတ်သွားတဲ့ အတွက် အလေး၀န်ထမ်းတဲ့ အုတ်ရိုး (Bearing wall) တွေမှာ အသုံးမပြုကြပါ…

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 
Two Bricks from the Bagan Chronicles, Brick Production and Quality

A story from the Bagan chronicles tells of a king who ordered his subjects to each contribute one brick for temple construction. After completion, two bricks were missing. Enraged, the king investigated and discovered his own grandchildren were responsible. Despite their lineage, he showed no favoritism and executed them as an example of justice.  

While historical accounts and legends vary, the architectural marvels of the Bagan era remain awe-inspiring to this day. The quality and craftsmanship of Bagan-era bricks and masonry techniques are unmatched even by modern standards.  


History of Bricks


Humans began using mud bricks for shelter around 7500 BC. Fired clay bricks (fire bricks) emerged around 400 BC during China’s Qin dynasty and were used for constructing buildings in the Middle East.  


Brick Production Process

 
1. Clay Preparation: Fine clay is crushed, sieved, and mixed with water to form a soft paste.  
2. Molding: The paste is pressed into molds to shape the bricks.  
3. Drying: The molded bricks are dried.  
4. Firing: The dried bricks are fired in kilns at high temperatures, producing the red bricks we use today.  
Quality of Bricks 

 
A good brick should have:  
- Strength (load-bearing capacity).  
- Fire resistance.  
- Uniform size, shape, and color.  
-Sharp edges.  
- No cracks or defects.  
- Low water absorption.  

Testing Brick Quality  

- Sound Test: Strike two bricks together. A clear, ringing sound indicates hardness; a dull thud suggests poor quality.  
- Drop Test: A good brick should not break when dropped from a height of 1 meter onto flat ground.  

Compressive Strength and Firing 
A brick’s hardness depends on firing temperature. Bricks are fired between 1600°F to 2400°F (871°C to 1316°C).  
- Under-fired bricks (low temperature) are weak, absorb too much water, and crumble in rain.  
- Over-fired bricks (excessive temperature) become brittle and are unsuitable for load-bearing walls.  

Poorly fired bricks may turn into mud piles after heavy rain—a common issue with low-quality production.  



 


 

Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)