Why Should Bricks Be Soaked/Sprayed with Water?
အုတ်ကို ဘာကြောင့်ရေစိမ်/ရေဖျန်းတာလဲ
အုတ်စီလုပ်ငန်းမစတင်ခင် အသုံးပြုမယ့် အုတ်တွေကို ရေစိမ်ထားသင့်ပါတယ်။ ရေစုပ်ယူမှု (absorption>15%) များတဲ့ အုတ်တွေကို 1~2 hours ခန့် ရေစိမ်သင့်ပါတယ် (soaked)။ ပြီးနောက် အပေါ်ယံမျက်နှာပြင်မှရေများလျော့နည်းသွားစေရန် ရေစစ်ထားရပါမယ်။ ရေစုပ်ယူမှုနည်းတဲ့ (less absorption) အုတ်များကိုတော့ ကြိုတင်ရေဖျန်းထားပြီး အစိုဓါတ်ကလေးပေးထားသင့်ပါတယ်။ ( အုတ်ကိုရေစိမ်ဖို့ ရေဖျန်းဖို့ IS,BS standardsတွေမှာ ဖော်ပြကြပါတယ်။) သို့မှသာ မဆလာ (Cement mortar) မှ ရေများကို အုတ်က စုပ်ယူမှု လျော့နည်းစေပြီး Mortar ရဲ့ Strength ကိုမထိခိုက်စေနိုင်ပါ...ခြောက်သွေ့နေတဲ့ အုတ်ဆိုလျှင် fresh mortar မဆလာက အစိုဓါတ်ကို စုပ်ယူလိုက်လို့ မဆလာရဲ့ strength ရရှိဖို့လိုအပ်တဲ့ moisture လျော့နည်းသွားလို့ Mortar strength နှင့် quality ကိုထိခိုက်စေပြီး အုတ်ရိုးရဲ့ ကြံ့ခိုင်မှု လျော့နည်းစေနိုင်ပါသည်။
Storage of Brick
အုတ်စုပုံရာတွင် ရေမ၀ပ်သော ခြောက်သွေ့သည့် မြေညီပေါ်တွင်ထားရမည် (အချိန်ကြာမြင့်စွာ သိုလှောင်ထားမည်ဆိုလျှင် မြေပေါ်တွင်တိုက်ရိုက် မထားသင့်ပါ) ...မိုး ဒဏ်နေဒဏ်မခံရစေရန် တာပေါ်လင် (သို့) အမိုးအကာ တစ်ခုခု အုပ်ထားရမည်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Why Should Bricks Be Soaked/Sprayed with Water?
Before starting masonry work, bricks should be soaked or sprayed with water. Bricks with high water absorption (absorption >15%) should be soaked in water for 1–2 hours. After soaking, excess surface water must drain to reduce moisture on the brick surface. For bricks with low absorption, pre-wetting (lightly spraying with water) is sufficient. This process aligns with IS and BS standards.
Soaking or wetting bricks ensures they absorb less water from the fresh cement mortar, preventing the mortar from drying too quickly. Dry bricks can absorb moisture from the mortar, reducing its strength and quality, which weakens the masonry structure.
Brick Storage
Bricks should be stacked on dry, flat ground without waterlogging. For long-term storage, avoid placing bricks directly on bare soil. Protect them from rain and sunlight using raised platforms or covered shelters.

Comments
Post a Comment