Checklist for Concrete Casting

 ကွန်ကရစ်လောင်းရာတွင် စစ်ဆေးရမည့်အချက်များ (Checklist for Concrete Casting)


ကွန်ကရစ်မလောင်းခင် စစ်ဆေးရန်


- AG Truck အတွက် Access road (အများပြည်သူအသွားအလာအနှောင့်အယှက်ဖြစ်စေသလား၊ အခြားလမ်းအသုံးပြုသူများအတွက် လုံလောက်တဲ့ လမ်းအကျယ်ကျန်သလား၊ AG Truck ရပ်ဖို့နေရာလုံလောက်သလား?)

- Delivery schedule of Concrete (AG Truck ဘယ်နှစီးသုံးမလဲ၊ ဘယ်အချိန် ဆိုက်ထဲ စရောက်မလဲ၊ တစ်စီးနှင့် တစ်စီး ဘယ်လောက်ခြား မှာမလဲ?)

- Concrete casting plan, procedure နှင့် လောင်းရမည့် Structure location တို့ကို အားလုံးသိရှိနားလည်ထားစေရန် Tool box meeting တွင် ကြိုတင်ရှင်းပြခြင်း (ကွန်ကရစ်‌လောင်းတဲ့ လုပ်ငန်းစဥ်၊ အစီအစဥ်များကို လုပ်သားများ နားလည်သလား? ဘယ်သူကတာ၀န်ရှိသလဲ?)

- Equipment and materials for emergency အတွက်ပြင်ဆင်ထားခြင်း (Vibrator အပိုဆောင်ထားသလား? ဘိလပ်မြေအဆင်သင့် ရှိသလား?)

- Concrete surface (ယခင်လောင်းပြီးသား)၊ Formwork နှင့် Rebar များ သန့်ရှင်းမှု (ရွှံ့၊ အမှိုက်သရိုက်များ၊ သစ်တိုသစ်စ အပိုပစ္စည်းများ ရှင်းလင်းဖယ်ရှားထားသလား?)

- Concrete surface (ယခင်လောင်းပြီးသား)၊ Formwork surface နှင့် Rebar များအား စိုစွတ်နေအောင်ပြုလုပ်ခြင်း (‌ရေဖျန်းထားသလား?)


ကွန်ကရစ်လောင်းနေစဥ် စစ်ဆေးရန်


- ကွန်ကရစ်ကို vibrator ဖြင့်ဘေးတိုက်တွန်းထိုးခြင်းမပြုရန် (Vibrator သည် Compaction အတွက်သာသုံးရန်၊ vibrator စနစ်တကျအသုံးပြုသလား?)

- Base Slab တွေ၊ Wall တွေကို တစ်လွှာလျင် 300mm ထုသာလောင်းရန်

- ပထမအလွှာကွန်ကရစ် လောင်းပြီး တစ်နာရီအတွင်း နောက်အလွှာလောင်းရန်၊ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေလျင် ပထမအလွှာကို Vibrator ဆက်လက်ထိုးထားရန်၊ ကွန်ကရစ်မာစပြုလာလျင် 1:2 Cement mortar ခပ်ပါးပါး ကို Bonding အဖြစ်ကြားခံပြီးမှ vibrator ထိုးကာ နောက်အလွှာဆက်လက်လောင်းရန် (Monolithic ဖြစ်စေရန်၊ cold joint များမဖြစ်စေရန်)

- ကွန်ကရစ်ကို 1.5m ထက်ပိုသောအမြင့်မှ Free fall လွှတ်ချမလောင်းရ (Segregation ဖြစ်နိုင်လို့)။ Wall နှင့် Column လိုမျိုးနေရာကျဥ်းကျဥ်းဆိုလျင် ပိုက်ပျော့ (flexible hose) လိုမျိုးဖြင့် ဆက်ပြီး လောင်းရမည်။ Side formwork မျက်နှာပြင်သို့ ကွန်ကရစ်ပိုက်ဖြင့် ထိုးမလောင်းရ ( Pump ရိုက်အားနှင့် ကွန်ကရစ်အလေး၀န်ကို Side Formwork ပေါ် သက်ရောက်မှုလျော့နည်းစေရန်)။

- လောင်းလက်စအလွှာကို vibrator ထိုးလျင် ပထမလောင်းပြီးသားအလွှာ၏ 100mm depth ခန့်‌ရောက်အောင်ထိုးရမည်။

- Formwork ကြံ့ခိုင်မှုအခြေအနေ (Tie rodများ၊ Formwork support and alignment များကိုစစ်ဆေးရန်)

- Formwork အပြင်မျက်နှာပြင်ကို Tamping ခပ်ဖွဖွထုပေးရန် (for surface vibration)

- Vibrator ထိုးဖို့၊ finishing workလုပ်ဖို့ ပန်းရံသီးသန့်စီမံထားရန် (တွေ့ရာ အလုပ်သမားကို မလုပ်ခိုင်းရန်)

- Final concrete surface ကို အချောသတ် vibrator ထိုးရန် (Surface compaction)

- မျက်နှာပြင်အကြမ်းညှိခြင်း (first finishing)၊ အချောညှိခြင်း (second finishing) ကို ကွန်ကရစ်မျက်နှာပြင်တစ်ခုလုံးနှံ့စပ်သေချာစွာပြုလုပ်ရန်။

- သတ်မှတ်ထားသော Camber များ Drainage slope ရေဆင်းများ Level မှန်ကန်မှုရှိမရှိ၊ မမှန်လျင် ချက်ခြင်းပြုပြင်ရန်။


ကွန်ကရစ်လောင်းပြီးနောက် စစ်ဆေးရန်


- သတ်မှတ်ထားသော Surface finishing work များပြုလုပ်ရန် (Broom finishing, designed texture, etc) (Plastic shrinkage crack များ၊ ကွန်ကရစ်မျက်နှာပြင် မညီညာမှုများ၊ ချုပ်တန်းများအောက်ရှိ Concrete surface များ ပြေပြစ်မှုရှိမရှိ)

- Wall and column rebar များကွန်ကရစ်စွန်းထင်းပေကျံမှုများ ရှိလျင် Brush ဖြင့်သန့်ရှင်းရန်

- သတ်မှတ်ထားသော curing compound ဖျန်းပေးရန်

- နောက်နေ့တွင် ကွန်ကရစ်မျက်နှာပြင် အမြဲမပြတ်စိုစွတ်နေစေရန် ရေလောင်း Curing လုပ်ရန်၊ ပလတ်စတစ်စ၊ တာပေါ်လင်၊ဂုံနီအိတ်စတွေနဲ့ ဖုံးအုပ်ထားရန်။

- Surface cracks များပေါ်မပေါ်စစ်ဆေးရန်


(ယခင် YCR ပရောဂျက်တွင် ဆိုက်အင်ယာများအသုံးပြုရသော Checklist ကို  မျှဝေပေးခြင်းဖြစ်ပါသည်)


မိတ်ဆွေတို့ အသုံးပြုတဲ့ ထပ်ဖြည့်ချင်တဲ့ အချက်တွေရှိရင် ဖြည့်စွက်သွားပါဦး။


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)




Checklist for Concrete Casting


Pre-Concrete Pouring Checks:

- Access road for AG Trucks (Check: Does it disrupt public traffic? Is sufficient road width available for other users? Is there adequate space for AG Trucks to park?)

- Concrete delivery schedule (Confirm: How many AG Trucks will be used? When will the first truck arrive on site? What is the time gap between trucks?)

- Ensure all personnel understand the concrete casting plan, procedure, and structure location via pre-pour toolbox meeting (Verify: Do workers comprehend the pouring sequence and plans? Who is responsible?)

- Prepare emergency equipment and materials (Check: Are spare vibrators available? Is cement ready for emergency use?)

- Cleanliness of existing concrete surfaces, formwork, and rebar (Confirm: Is mud, debris, or loose material removed?)

- Pre-wetting of existing concrete surfaces, formwork surfaces, and rebar (Verify: Have surfaces been sprinkled with water?)


During Concrete Pouring Checks:

- Do not use vibrators to push concrete sideways (Vibrators are only for compaction. Verify: Are vibrators being used correctly?)

- Pour base slabs and walls in layers not exceeding 300mm thickness per layer.

- Pour subsequent layers within 1 hour of the previous layer. If delayed beyond 1 hour, continue vibrating the first layer. If concrete begins to harden, apply a thin layer of 1:2 cement mortar as bonding agent before vibrating and pouring the next layer (Ensures monolithic structure; prevents cold joints).

- Avoid free-fall concrete drops exceeding 1.5m height (Prevents segregation). For narrow areas (walls/columns), use flexible hoses. Do not direct concrete pipes against side formwork surfaces (Reduces pump pressure and concrete load impact on formwork).

- When vibrating a new layer, penetrate vibrator ~100mm into the previous layer.

- Monitor formwork stability (Check tie rods, supports, and alignment).

- Gently tap external formwork surfaces (for surface vibration).

- Assign dedicated masons for vibration and finishing work (Do not assign random laborers).

- Perform final surface vibration for compaction.

- Ensure thorough first finishing (rough leveling) and second finishing (smoothing) across the entire surface.

- Verify specified camber, drainage slopes, and levels; correct immediately if inaccurate.


Post-Concrete Pouring Checks:

- Execute specified surface finishes (broom finish, textures, etc.). Check for: plastic shrinkage cracks, surface unevenness, smoothness under construction joints.

- Clean concrete splatter on wall/column rebar with brushes.

- Apply specified curing compound.

- Begin water curing the next day to keep surfaces constantly moist. Cover with plastic sheets, tarpaulins, or gunny sacks.

- Inspect for surface cracks.


*(This checklist is shared from YCR project’s site management practices.)  






Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)