Consolidation/ Compaction of Concrete
ကွန်ကရစ်ကို ကျစ်လျစ်သိပ်သည်းစေခြင်း (Consolidation/ Compaction of Concrete)
Fresh concrete mix မှာ သဘာ၀အားဖြင့် လေ(Air) ရောနှောပါ၀င်နေတယ်။ Concrete လောင်းတဲ့ အခါ ခိုအောင်းနေတဲ့ လေတွေကို ဖယ်ထုတ်ပေးမှသာ Aggregate particles တစ်ခုနဲ့တစ်ခုကြား Air void များလျော့ကျစေပြီး သိပ်သည်းကျစ်လျစ်သော ကွန်ကရစ်သား (Density and Strength of Concrete)ကို ရရှိစေမှာဖြစ်ပါတယ်။ အကြမ်းခံ တာရှည်ခံ အပြစ်အနာအဆာကင်းတဲ့ ကွန်ကရစ် မျက်နှာပြင်ကို ရရှိစေနိုင်မယ်။
လေ (Entrapped Air) ကိုမဖယ်ထုတ်နိုင်ဘူးဆိုလျင် ကွန်ကရစ်သားအတွင်းပိုင်းနဲ့ ဘေးမျက်နှာပြင်တွေမှာ Air pocket လို့ခေါ်တဲ့ လေပေါက်ကလေးတွေ၊ ပျားအုံနဲ့တူတဲ့ Honeycomb တွေဖြစ်ပေါ်စေပြီး အဆိုပါနေရာတွေဟာ Concrete structure ရဲ့ Starting point of Failure ဖြစ်လာနိုင်ပါတယ်။ ကွန်ကရစ်သားဟာလည်း လိုအပ်တဲ့ Compressive strength မပြည့်မီတာတွေ ဖြစ်နိုင်တာပေါ့။ ဒါကြောင့် Vibrator ထိုးတယ်လို့ ပြောကြတဲ့ Consolidation (or) Compaction of Concrete လုပ်ငန်းစဥ်ဟာ သိပ်အရေးကြီးပါတယ်။
ကွန်ကရစ်ကျစ်လစ်သိပ်သည်းအောင် ဘယ်လိုလုပ်ကြသလဲ
ကျနော်တို့ ဆိုက်ထဲအသုံးများတဲ့ ကွန်ကရစ်ထဲ ထိုးရတဲ့ Vibrator (Internal vibrator) တွေ၊ Formwork အပြင်ဘက်မှာ တပ်ဆင်တဲ့ Form Vibrator တွေ စသဖြင့် အမျိုးအမျိုးရှိကြတယ်။ Mechanical vibrator မရှိရင်တော့ အနည်းဆုံး တုတ်ချောင်း၊ သံချောင်းလုံး စတာတွေနဲ့ Manual ထိုးခြင်း၊ Formwork ဘေးမျက်နှာပြင်တွေကို သစ်သားတူစတာတွေနဲ့ ခပ်ဖွဖွထုပြီး Density of concrete ကောင်းအောင်လုပ်ဆောင်နိုင်ပါတယ်။
Different sizes of Vibrator Rod
လောင်းရမယ့် ကွန်ကရစ်ထု Thickness of concrete layer၊ သံချောင်းလုံးပါ၀င်မှု Congestion of rebar and spacing တွေပေါ်မူတည်ပြီး Vibrator rod size တွေရွေးချယ်သုံးဖို့ လိုအပ်ပါတယ်။ Rod diameter 25mm, 40mm, 60mm, 75mm စဖြင့် အမျိုးမျိုးရှိတယ်။ သံချောင်းလုံးတွေ များတဲ့ concrete cover နည်းတဲ့ Structure မျိုးတွေဆိုလျင် Smaller rod diameter ကိုသုံးကြတယ်။ Structure ထုကြီးတဲ့လုပ်ငန်းမျိုးတွေမှာ Rod diameter ကြီးကြီးသုံးခြင်းဖြင့် ပိုမိုထိရောက်မြန်ဆန်စေပါမည်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Concrete Consolidation/Compaction
Fresh concrete mix naturally contains entrapped air. During concrete pouring, removing this trapped air is essential. Only then can the air voids between aggregate particles be reduced, resulting in denser, stronger concrete (increased density and strength). This process also produces a rough, durable concrete surface free of defects.
Failure to remove entrapped air will cause air pockets (small cavities) and honeycombing (honeycomb-like voids) within the concrete mass and on side surfaces. These areas become potential starting points for failure in the concrete structure. The concrete may also fail to achieve its required compressive strength. Therefore, the process known as consolidation or compaction of concrete (often called "vibrator work") is extremely important.
How is Concrete Made Dense and Compact?
Various methods are used, including:
* Internal Vibrators: Commonly used on-site, inserted into the concrete.
* Form Vibrators: Attached to the outside of the formwork.
* Manual Methods: If mechanical vibrators are unavailable, rods, steel bars, or similar tools can be used to rod (poke) the concrete. Tapping the sides of the formwork with wooden mallets can also help achieve good concrete density.
Different Sizes of Vibrator Rod
Vibrator rod size must be selected based on:
* The thickness of the concrete layer being poured.
* The level of rebar congestion and spacing.
Rods come in various diameters (e.g., 25mm, 40mm, 60mm, 75mm).
* Highly congested rebar areas with low concrete cover: Smaller diameter rods are used.
* Mass concreting/large structural elements: Larger diameter rods provide greater efficiency and speed.



Comments
Post a Comment