Slump Test / Consistency Test
Slump Test / Consistency Test (ကွန်ကရစ်အပျော့အမာစမ်းသပ်ခြင်း/ အအိစမ်းသပ်ခြင်း)
Batch to Batch ဖျော်စပ်မှုတိုင်းမှာ ကွန်ကရစ်ရဲ့ အရည်အသွေးကွာခြားမှုနည်းနိုင်သမျှနည်းအောင် တသမတ် တည်းထိန်းကျောင်းထားဖို့အရေးကြီးပါတယ်။ ဒါကို Consistency of concrete quality လို့ခေါ်ပါတယ်။ Consistency ကိုသိစေဖို့ အသုံးများဆုံးနည်းလမ်းတစ်ခုက Slump Test (အအိစမ်းသပ်ခြင်း) ဖြစ်ပါတယ်။ Concrete slump တန်ဖိုးကွာခြားမှုနည်းခြင်း (less slump variation) ဟာ ကွန်ကရစ်အရည်အသွေးတည်ငြိမ်မှုကိုဖော်ပြတယ်။ Slump တန်ဖိုးအပြောင်းအလဲ များခြင်း (နည်းလိုက်များလိုက်ဖြစ်နေခြင်း) ဟာ Concrete mix design၊ water-cement ratio၊ quality of raw material စတာတွေ တသမတ်တည်းမရှိဘူးဆိုတာကို ဖော်ပြနေပါတယ်။ ဒါကြောင့် Slump test ပြုလုပ်ပြီး result တွေပြောင်းလာပြီဆိုတာနဲ့ ချက်ချင်း Actionယူ၊ adjustment ပြုလုပ်ခြင်းအားဖြင့် Concrete quality ကို သေချာ Control လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Slump test result ပေါ်မူတည်ပြီး ကွန်ကရစ်ကို လက်ခံသင့် မသင့် မဆုံးဖြတ်သင့်ပါဘူးတဲ့။ ASTM C-143 မှာလည်း “the slump is generally found to increase proportionally with the water content of a given concrete mixture, and thus to be inversely related to concrete strength. Under field conditions, however, such a strength relationship is not clearly and consistently shown.” လို့ဖော်ပြထားပါတယ်။
High slump ဆိုရင် အအိများမယ်၊ ကွန်ကရစ်ပျော့မယ်။ ရေပါ၀င်မှု များနေတယ်လို့ (Slump ကောင်းစေတဲ့ Admixture တစ်မျိုးမျိုးမသုံးထားလျင်) အကြမ်းဖျင်းပြောနိုင်ပြီး အကျိုးဆက်အနေနဲ့ ကွန်ကရစ်အရည်အသွေး ကျစေနိုင်ပြီး Cracks ပြသနာတွေဖြစ်စေနိုင်ပါတယ်။ Low slump ဆိုရင် အအိနည်းမယ်၊ ကွန်ကရစ်မာမယ်၊ ဒါကြောင့် Concrete placing လုပ်တဲ့အခါ ခက်ခဲမယ်၊ Vibrator ထိုးရခက်မယ်၊ Concrete ထဲ လေခိုအောင်းမှုများပြီး Void တွေပိုမိုဖြစ်ပေါ်နိုင်လို့ Structural Strength ကိုထိခိုက်စေနိုင်ပါတယ်။
Type of Structure, rebar size and spacing, ambient temperature, transportation time of concrete စသည်တို့ကိုစဥ်းစားပြီး Specified slump/ Target slump ကို သတ်မှတ်လေ့ရှိကြပါသည်။ Rebar တွေ သိပ်များတဲ့ Structure မျိုးဆိုရင် Higher slump concrete ကိုပိုမိုသုံးကြပြီး Pavement လို Floor slab လို rebar နည်းတဲ့ Structure တွေဆိုရင် Lower slump concrete ကို သုံးလေ့ရှိကြပါတယ်။ ကွန်ကရစ်လောင်း(Placement of concrete) လို့ကောင်းတဲ့ အအိအနေအထားဖြစ်တဲ့ အနည်းဆုံး Minimum slump ဖြစ်တာ ပိုကောင်းပါတယ်တဲ့။
Slump Test ဘယ်လိုလုပ်မလဲ
AASHTO T-119, ASTM C-143 standard တွေအရ Slump test ပြုလုပ်ကြပါတယ်။ အောက်ခြေ 8”, အပေါ်ထိပ်၀ 4” အမြင့် 12” ရှိတဲ့ Slump cone ရယ်၊ 24” အရှည် ထိပ်လုံး ခြောက်မူး သံချောင်းလုံး Tamping rod ရယ်၊ Base plate ပြားတို့ လိုအပ်ပါတယ်။ လက်ကိုင်ခွက် Scoop၊ ပေဗူး နှင့် record အတွက် whiteboard စသဖြင့် လိုအပ်ပါမယ်။ Slump cone ကို စိုစွတ်စေရပါမယ်။ Fresh Concrete sample ကို လက်ကိုင်ခွက်ငယ်ဖြင့် ယူပြီး Slump cone ထုထည် 1/3 ပမာဏထည့်ပါမယ် (2-5/8” အမြင့်သည် ပထမ သုံးပုံတစ်ပုံ၊ 6-1/8” အမြင့်သည် ဒု သုံးပုံတစ်ပုံ)၊ Tamping rod ဖြင့် Cone perimeter မှစပြီး Center သို့ ခရုပတ်ပုံ 25-ချက်ထောင်းရပါမည်။ အောက်ခြေအလွှာထောင်းတဲ့ အခါ Cone ထောင့်စွန်းတွေကို ရောက်စေရန် အနည်းငယ်စောင်းပြီးထောင်းရမည်။ ဒုအလွှာ၊ တ အလွှာ ထောင်းလျင် ယခင်အလွှာရဲ့ 1” အနက်ခန့်ထိရောက်အောင်ထောင်းပေးရမည်။ တတိယ အလွှာထောင်းပြီး လျင် Cone ထိပ်၀ရှိ concrete မျက်နှာပြင်ကို ညှိပေးရမည်။ ထို့နောက် Slump cone ကိုတည်ငြိမ်တည့်မတ်စွာကိုင်ပြီး အပေါ်ကို ဖြည်းဖြည်း မရမည် (ကွန်ကရစ်ထည့်ချိန်မှ Cone ဆွဲမ ချိန်ထိ 2.5 minutes အတွင်းပြီးအောင်လုပ်ရမည်)။ ကွန်ကရစ်ထိပ်၀မျက်နှာပြင်သည် အောက်သို့ အိကျသွားမည်။ ထို အိကျသွားသော အမြင့်ကို Slump လို့ခေါ်ပါသည် (မူလမျက်နှာပြင်ရဲ့ အမြင့်မှ အိကျသွားသော concrete surface Center အထိတိုင်းတာရမည်)။ ရလာတဲ့တန်ဖိုးကို အနီးဆုံး ၁/၄” (သို့) 5mm တန်ဖိုးပြောင်းယူရမည်။
Slump test ကို Concrete sampling လုပ်စဉ် တခါတည်း ပြုလုပ်ကြပါသည်။ (အချို့ ပရောဂျက်တွေမှာContract specifications အရ Target slump သတ်မှတ်ထားရင် slump range ထဲ၀င်မ၀င် စစ်ဆေးပြီး Concrete ကို လက်ခံမခံ ဆုံးဖြတ်ကြပါသည်။ လုပ်ငန်းငယ်တွေမှာတော့ Engineering judgement လုပ်ပြီး ဆုံးဖြတ်သင့်ပါတယ်)။
Slump cone ကိုCalibration လုပ်ဖို့လည်းလိုအပ်ပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Slump Test / Consistency Test
It is crucial to maintain consistent concrete quality with minimal variation between batches. This is called consistency of concrete quality. One of the most common methods to assess consistency is the Slump Test. Low variation in concrete slump values indicates stable concrete quality. Significant fluctuations in slump value (sometimes high, sometimes low) indicate inconsistencies in concrete mix design, water-cement ratio, or raw material quality. Therefore, by performing slump tests and taking immediate corrective actions when results change, concrete quality can be effectively controlled. However, concrete should not be accepted or rejected solely based on slump test results. ASTM C-143 states: "the slump is generally found to increase proportionally with the water content of a given concrete mixture, and thus to be inversely related to concrete strength. Under field conditions, however, such a strength relationship is not clearly and consistently shown."
A high slump generally means high workability (softer concrete). If a water-reducing admixture isn't used, this usually indicates excessive water content, potentially leading to reduced concrete quality and increased cracking. A low slump means low workability (stiffer concrete), making placement difficult, compaction with vibrators harder, and potentially causing more entrapped air voids/honeycombing, which can compromise structural strength.
The specified/target slump is determined based on the type of structure, rebar size and spacing, ambient temperature, and concrete transportation time. Structures with dense reinforcement typically require higher slump concrete, while elements like pavements or floor slabs with less reinforcement often use lower slump concrete. The ideal slump is the minimum value that still provides good workability for placement.
How to Perform the Slump Test (Per AASHTO T-119 / ASTM C-143)
Equipment Required: Slump cone (bottom diameter 8", top diameter 4", height 12"), Tamping rod (5/8" diameter, 24" long, rounded end), base plate, scoop, ruler/tape measure, whiteboard for recording, water.
Preparation: Moisten the slump cone and base plate. Place the cone firmly on the base plate.
Filling:
1. Fill the cone with fresh concrete in three equal layers (approx. 1/3 volume each: ~2-5/8" depth for 1st, ~6-1/8" depth for 2nd).
2. Rod each layer 25 times with the tamping rod. Rod evenly over the cross-section, starting near the edge and spiraling towards the center. Slightly angle the rod to ensure it reaches the corners on the bottom layer. Rod each subsequent layer deep enough to penetrate about 1" into the previous layer.
3. After rodding the final layer, strike off excess concrete level with the top of the cone.
Removing Cone: Carefully and steadily lift the cone vertically upwards within 2.5 minutes (±15 seconds) of starting the filling process. Avoid any twisting or lateral movement.
Measuring Slump: The concrete will subside (slump). Measure the vertical difference between the original height of the cone (12") and the highest point of the slumped concrete sample at its center. Record the slump to the nearest 1/4 inch (or 5 mm).
Timing: The slump test is typically performed immediately during concrete sampling.
Calibration: Regular calibration of the slump cone is required.
*(Note: Some projects with contract-specified target slump ranges may use results for acceptance decisions, but engineering judgment is recommended, especially on smaller projects).*




Comments
Post a Comment