Cold Joint (defect joints)

 Cold Joint (defect joints)


 ရှေ့ ပိုစ့်တွေမှာ ဖော်ပြခဲ့တဲ့ concrete joints တွေက လိုအပ်ချက်အရ ထည့်သွင်းကြတဲ့  joint တွေပါ။ Cold joint ကတော့ construction supervision and quality အားနည်းလို့ဖြစ်ပေါ်လာတဲ့ defect တစ်မျိုးဖြစ်ပါတယ်။


📍What is cold joint


 ထုထူတဲ့ Substructure တွေ၊ wall & column လို Tall structure တွေ Concrete လောင်းတဲ့ အခါ Formwork အပေါ်သက် ရောက်တဲ့ Fresh concrete ရဲ့ load ကို လျော့နည်းသက်သာစေဖို့ တစ်လွှာခြင်း layer by layer (~30cm, 50cm) လောင်းကြရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် delay ဖြစ်လျင် ယခင်လောင်းပြီးသား concrete surface ဟာ မာလာပြီး initial setting time ကို ကျော်လွန်သွားလို့   ယင်းအပေါ်ကို concrete ထပ်လောင်းလိုက်ပါက အဆိုပါနေရာဟာ Cold joint လို့ခေါ်တဲ့ weak joint/ defect ဖြစ်စေပါသည်။ 


📍Effect of cold joint


Cold Joint Location မှာ အားနည်းတဲ့ အလွှာ (Weak Plane) နေရာ ဖြစ်နေတတ်ပြီး Concrete Layer နှစ်ခုဟာ monolithic မဖြစ်တဲ့အတွက် strong bond မဖြစ်စေဘဲ Overall Structural Strength နဲ့ Load Bearing Capacity ကို ကျစေပါတယ်။ Cold Joint Location မှာ ရေစိမ့်၀င်မှု (Permeability)ကောင်းစေလို့ rebar တွေ  corrosion / rusting ဖြစ်စေနိုင်ပါသည်။ Other chemical attacks လည်း ဖြစ်စေနိုင်ပါတယ်။ layer နှစ်ခုကြားမှာ Differential Shrinkage နဲ့ Thermal stress တွေ‌ကြောင့် Crack ဖြစ်စေနိုင်ပါသည်။ 

 

📍How to protect cold joint


Cold joint မဖြစ်ပေါ်အောင် ယခင်လောင်းထားပြီးသား Concrete ကို နောက်ကွန်ကရစ်မလာခင်အထိ Vibrator ဆက်တိုက်ထိုးထားခြင်း၊ လိုအပ်လျင် cement mortar ထည့်ခြင်း၊ အသစ်လောင်းတဲ့ ကွန်ကရစ်ကို Vibrator ထိုးလျင် ယခင်အလွှာထိ၀င်အောင်ထိုးခြင်းများပြုလုပ်သင့်ပါသည်။ Concrete ဆက်လက်မလောင်းနိုင်တော့လျင် မျက်နှာပြင်ကို level ညှိ၊ Construction joint ပြုလပ်ပြီး Joint treatment ပြုလုပ်ကာ  ကွန်ကရစ်ထပ်မံလောင်းဖို့ ပြင်ဆင်ရပါမည်။


📍Cold joint repair


Cold joint ဖြစ်ပေါ်ခဲ့လျင် အဆိုပါနေရာကို ပြန်လည်ထွင်းထုတ်စစ်ဆေးရမည်။ အတွင်းသားမှာ crack များ၊ loose concrete pieces များမရှိတော့လျင် Bonding agent တစ်မျိုးမျိုးသုတ်ပြီး မူလ concrete strength  ထက်ပိုမိုကောင်းမွန်တဲ့ repair mortar / non shrink grout စသည်တို့ဖြင့် ပြန်လည်ပြုပြင်နိုင်ပါသည်။


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)


Cold Joints (Defective Joints)  


In previous posts, we discussed intentionally designed concrete joints installed for structural purposes. However, cold joints are defects that occur due to **poor construction supervision and quality control.  


 What is a Cold Joint?  

When placing concrete in **thick substructures, walls, or tall columns**, fresh concrete is poured in **layers (typically 30cm–50cm thick)** to reduce formwork pressure. If delays occur between layers, the **previously poured concrete may begin to harden** past its **initial setting time**. When new concrete is poured over this hardened surface, it creates a **weak bond** known as a **cold joint**—a structural defect.  


 Effects of Cold Joints  

- Creates a weak plane between concrete layers, reducing structural strength and load-bearing capacity.  

- Poor bonding leads to higher permeability, allowing water infiltration that causes rebar corrosion/rusting and chemical damage.  

- Differential shrinkage and thermal stresses between layers can cause cracking.  


 Preventing Cold Joints  

To avoid cold joints:  

- Continuously vibrate the lower layer until the next pour.  

- Apply a cement mortar slurry if needed to improve bonding.  

- Ensure the vibrator penetrates deep enough into the previous layer when placing new concrete.  

- If concrete placement must stop, level the surface, treat it as a construction joint, and prepare properly before resuming.  


 Repairing Cold Joints 

If a cold joint forms:  

1. Inspect and remove loose or cracked concrete.  

2. Apply a bonding agent (epoxy or cement-based).  

3. Fill with high-strength repair mortar or non-shrink grout (stronger than the original concrete).  


Proper joint treatment ensures structural integrity and durability.  





Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)