Contraction Joint

 Contraction Joint (ကျုံ့၀င် အဆက်)


✳️ Shrinkage of concrete 


ကွန်ကရစ်ဟာ  အေးလာလျင် ကျုံ့၀င်တဲ့ သဘာ၀ (Shrinkage) ဖြစ်ပေါ်ပါသည်။ Shrinkage လွတ်လွတ်လပ်လပ်ဖြစ်ပေါ်နိုင်လျင် ပြဿနာမရှိပါ။ ဒါပေမယ့် သဘာ၀အရ concrete structure တွေကို သူနှင့်ထိစပ်မှီတွယ်နေတဲ့ အရာတွေ (subgrade, support, etc;) ကပြန်လည် ထိန်းချုပ်ထားတဲ့အတွက် Shrinkage ကြောင့် Internal stress (tensile stress) တွေဖြစ်လာကာ အက်ကြောင်းများ ပုံစံမျိုးစုံ ဖြစ်ပေါ်နိုင်ပါသည်။ 


✳️ Induced crack joint/ control joint


 အဆိုပါ crack တွေကို ပေါ်ချင်ရာမှာ randomly မပေါ်စေဖို့ controlled manner (ကိုယ်ပေါ်စေချင်တဲ့‌‌ နေရာမှာ cracks ဖြစ်ပေါ်စေဖို့) အတွက်  Contraction joint များပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ဒါကြောင့် Contraction joint များကို Crack control joint/ Induced crack joint လို့လည်းခေါ် ကြပါသည်။ 


✳️ Where to install contraction joint 


Contraction joint များကို Concrete pavement, slab နှင့် wall surface များအပြင် Building ရဲ့ external plaster surface  များမှာပါ လိုအပ်သလို ထည့်သွင်းပြုလုပ်ပေးကြပါသည်။ 


ကွန်ကရစ်လောင်းပြီးမှ မျက်နှာပြင်ကို ဖြတ်ခွဲခြင်း (Sawed cutting)၊ wall formwork ထဲမှာ လိုအပ်တဲ့ groove ပုံစံရ‌ အောင် PVC angle corner, hard board စသည်တို့ ကြိုတင်ထည့်သွင်းတပ်ဆင်ခြင်း စသဖြင့် ပြုလုပ်နိုင်ပါသည်။ ရေစိမ့်ခြင်းမှကာကွယ်ဖို့ (Water infiltration protection) အတွက် သင့်တော်တဲ့ Sealant တစ်မျိုးမျိုးဖြင့် Joint ကို  filling လုပ်ပေးကြပါသည်။


✳️ Contraction joint with dowelled plain bar 


ကွန်ကရစ်လမ်း (Concrete Pavement) များလောင်းတဲ့အခါ dowelled joint with plain bar အပြင်၊ sawed cutting joint များကိုပါ လိုအပ်သလို ထည့်သွင်းကြပါသည်။ sawed cutting လုပ်ငန်းကို  concrete setting ရရှိပြီး အစောဆုံးစတင်ဆောင်ရွက်သင့်ပါသည်။ ကွန်ကရစ်အနုဆုံးအချိန် (younger age) မှာ shrinkage cracks တွေ ပိုမိုဖြစ်ပေါ်တတ်တဲ့အတွက် contraction joint ကို စောစော cutting လုပ်ဖို့လိုပါသည်။ ရက်ကြာသွားပြီး နောက်မှ လိုက်ဖြတ်တာက အကျိုးရှိနိုင်မည် မဟုတ်ပါ။


📝 ရောထွေးတတ်တာ တစ်ခုက concrete pavement မှာ plain bar  တစ်ဖက်ကို PVC pipe စွပ်ပြီး (free လုပ်ထားပြီး) တစ်ဖက်ကို ကွန်ကရစ်ငုံလောင်းထားတဲ့ joint ဟာ contraction joint ဖြစ်ပါတယ်။ (Expansion joint လို့ ပြောကြသူတွေလည်းရှိပါသည်)။ dowelled plain bar ထည့်တဲ့ရည်ရွယ်ချက်က shear/ load transfer ခံနိုင်စေဖို့ရယ်၊ concrete shrinkage ကြောင့် ကျုံ့၀င်တဲ့အခါ PVC pipe slot ထည့်ထားတဲ့ plain bar တဖက်က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့အတွက်ရယ် ဖြစ်ပါတယ်။ အဆိုပါ joint ကိုလည်း sawed cut ပြန်လုပ်ပြီး သင့်တော်တဲ့ sealant ပြန်ထည့်ကြပါသည်။

(ဆက်ရန်)


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



Contraction Joint   


Shrinkage of Concrete  

Concrete naturally undergoes shrinkage as it cools. If shrinkage occurs freely without restraint, there is no issue. However, in reality, concrete structures are often restrained by adjacent elements (such as subgrade, supports, etc.), which resist the shrinkage. This leads to internal tensile stresses, potentially causing cracks of various patterns.  


Induced Crack Joint / Control Joint  

To prevent cracks from forming randomly, contraction joints are intentionally created in controlled locations. This ensures cracks develop at predetermined positions rather than haphazardly. Hence, contraction joints are also called crack control joints or induced crack joints.  


Where to Install Contraction Joints  

Contraction joints are used in concrete pavements, slabs, wall surfaces, and even external plaster finishes of buildings. They can be formed by:  

- Saw-cutting after concrete placement,  

- Pre-installing grooves in formwork using PVC angle corners, hardboards, etc.  

To prevent water infiltration, joints should be filled with a suitable sealant.  


Contraction Joint with Dowelled Plain Bar  

In concrete pavements, dowelled joints (with plain bars) and saw-cut joints are commonly used. Saw-cutting should be done as early as possible after the concrete sets. Since shrinkage cracks are more likely to form when concrete is young, early joint cutting is crucial. Delaying the cutting process reduces its effectiveness.  


A common point of confusion:  

In concrete pavements, a joint where one end of a plain bar is sleeved in a PVC pipe (free to move) while the other end is embedded in concrete is a contraction joint (some may mistakenly call it an expansion joint). The purpose of the dowelled plain bar is to:  

- Allow shear/load transfer,  

- Enable free movement during shrinkage (via the PVC sleeve).  

These joints are later saw-cut and sealed with an appropriate sealant.  










Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)