Lime Mortar and Cement Mortar

 Lime mortar, Cement mortar ထုံးသရွတ်၊ ဘိလပ်မြေသရွတ်


ထုံး (Lime)၊ Lime mortar 


ထုံးကျောက်ကို မီးပြင်းတိုက်လိုက်ရင် မဖောက်ထုံး (Quick Lime, Calcium Oxide) ရပါတယ်.. ရေထပ်ရောလိုက်ရင်တော့ ဖောက်ထုံး (Hydrated Lime, Calcium Hydroxide) ရပါတယ်... Hydrated Lime powder ကို Masonry Construction မှာအသုံးပြုကြတယ်။ Analysis of Rate (Yellow Book) စာအုပ်ထဲမှာ Lime mortar (Lime+sand), Composite Mortar (Cement+Lime+Sand) စသဖြင့် အချိုးအစားအမျိုးအမျိုးနဲ့ ဖော်ပြထားပါတယ်...Lime mortar ကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးနည်းသွားပေမယ့် ထုံးပေါတဲ့ ရှမ်းပြည်နဲ့ တောင်ပေါ်‌ဒေသတွေမှာတော့ ထုံးနဲ့ ဗြုန်းသဲအရောကို ယခုတိုင်သုံးစွဲလျက် ရှိကြပါသေးတယ်...


Cement Mortar


Cement နှင့် Sand ကို ၁:၃ (for Plastering work) ကနေ ၁:၅ (for Brick work) အထိ အချိုးအစားများ ရောစပ်လေ့ရှိကြပါတယ်…အရေးကြီးလုပ်ငန်းတွေမှာ ASTM C926 standard အတိုင်း Cement mortar plaster ကို‌ ရောစပ်ခြင်း အချောကိုင်ခြင်းများဆောင်ရွက်ကြရပါသည်။ ရေကို (သန့်ရှင်းတဲ့သုံးရေဖြစ်ရမယ်၊ ရထားလမ်းပရောဂျက်မှာတော့ Potable waterသုံးရပါတယ်) လုပ်ရကိုင်ရကောင်းစေမယ့် အနေအထားရအောင် အနည်းဆုံးလိုအပ်ချက်သာထည့်ရပါမည်။ နုန်း၊သစ်ဆွေးနဲ့ အမှိုက်သရိုက်ကင်းစင်တဲ့ ရေဆေးဇကာချထားတဲ့ သဲကို သုံးစွဲသင့်ပါတယ်။ Machine mix or manual mix နဲ့သေချာနှံ့စပ်စွာ သမအောင် မွှေပေးရပါမယ်။ စတင်ရောစပ်ပြီးနောက် 1.5 Hours ကြာတဲ့ အထိအသုံးမပြုနိုင်လျင် ၄င်း Mortar ကို Reject လုပ်ရပါမည် (အများစုကတော့ ရေရောပြန်မွှေ retemperလုပ်ပြီး သုံးကြတာပါပဲ...Mortarရဲ့ Strength လျော့နည်းသွားနိုင်တဲ့အတွက် Plaster လုပ်ငန်းမှာမသုံးသင့်ပါ)...


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)


Lime Mortar and Cement Mortar  


Lime Mortar 

When limestone is strongly heated, it produces quicklime (calcium oxide). Adding water to quicklime results in hydrated lime (calcium hydroxide). Hydrated lime powder is commonly used in masonry construction.  


The Analysis of Rate (Yellow Book) specifies various mix ratios for mortars, such as:  

- Lime mortar (lime + sand)  

- Composite mortar (cement + lime + sand)  


Although lime mortar is less commonly used in modern construction, it is still widely used in lime-rich regions like Shan State and other highland areas, where a mixture of lime and coarse sand remains in practice.  


Cement Mortar  

Cement and sand are typically mixed in ratios ranging from 1:3 (for plastering work) to 1:5 (for brickwork).  


For critical construction projects, ASTM C926 standards must be followed when mixing and applying cement mortar plaster. Key guidelines include:  

- Water must be clean (potable water is required in railway projects). Only the minimum necessary amount should be added to achieve a workable consistency.  

- Sand should be free of silt, organic matter, and debris, and must be sieved before use.  

- The mixture should be thoroughly blended, either by machine or manual mixing, until uniform.  


Important Note:  

- If the mortar is not used within 1.5 hours of mixing, it should be discarded.  

- While some workers may try to retemper (remix with water) old mortar, this weakens its strength and should be avoided, especially for plastering work.  





Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)