Pile Driving for Floating Jetty Construction
Pile Driving for Floating Jetty Construction
Floating pontoon အတွက် Guide piles တွေက အလေး၀န်ထမ်းစရာမလိုပဲ ဘေးတိုက်သက်ရောက်တဲ့ အားတွေကိုသာ အဓိကခံနိုင်ရပါမယ်။ ရေထဲ Pile ရိုက်ဖို့အတွက် Piling machine availability, Loading on the pile, Soil Type စသည်တို့ပေါ်မူတည်ပြီး Pile design တွက်ချက်၊ Pile type (Concrete , Steel pile, etc) ရွေးချယ်ကြပါသည်။
Soil Test
Pile ရဲ့ Penetration depth ကို Design ပြုလုပ်ဖို့အတွက် Pile ရိုက်မည့် မြစ်ကြမ်းပြင်အောက်မှာ Bore hole တူးပြီး Soil Test ပြုလုပ်ပါသည်။ ခြေလေးချောင်းထောက် Drilling Rig ဖြင့်မြစ်ကမ်းဘေးရေထဲတွင် မီတာ 50 အနက် (under river bed) ထိ Drilling လုပ်ပါသည်။
Bathymetric Survey
Floating Pontoon နေရာ မြစ်ကြမ်းပြင်ရဲ့ မျက်နှာပြင် အတိမ်အနက်ကို သိရှိစေဖို့ GPS, Sounding equipment များဖြင့် ရေအောက်မြေတိုင်းတာခြင်း (Bathymetric Survey) ပြုလုပ်ပါသည်။ မြေပေါ်မှာ ကွန်တိုထုတ်တဲ့ Topographic survey လိုမျိုးဖြစ်ပါသည်။ မြစ်ရေအကျဆုံးအချိန်မှာ Floating pontoon အောက် ရေစူး (Water depth) အကျန်ကို တွက်ချက်ဆုံးဖြတ်နိုင်ဖို့ နှင့် Pile height above river bed ကိုသိနိုင်ဖို့ ဖြစ်ပါတယ်။
Loading (Forces exerted) on the Piles
Guide Piles တွေက Floating pontoon ကို ဘေးတိုက်ရွေ့လျားမှုမရှိအောင် ထိန်းထားဖို့ဖြစ်ပါတယ်။ ဒီရေအတက်အကျမှာ Pontoon အထက်အောက်ရွေ့လျားနိုင်ဖို့ Guide roller တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် Pile တွေအပေါ်ကို Lateral force တွေ အဓိက သက်ရောက်ကြပါသည်။
Wind Load ထည့်သွင်းတွက်ချက်ရပါသည်။ ဒီရေအတက်အကျ မှာ သက်ရောက်နေတဲ့ ရေစီးအား Current load တွေ ထည့်စဥ်းစားရမည်။ ရေယာဥ်တွေ ကမ်းကပ်တဲ့အခါ Pontoon body ကို လာတိုက်တဲ့ Berthing Force, ရေယာဥ်တွေဆိုက်ကပ်ထားတဲ့အချိန် Bollard မှာကြိုးတွေချည်ထားတဲ့အခါ သက်ရောက်တဲ့ Mooring Force တွေထည့်တွက်ရပါသည်။ Seismic Zone မှာကျနေရင် Seismic load တွေပါထည့်သွင်းတွက်ချက်ပြီး Pile Design Calculation, check & verify ပြုလုပ်ကြပါသည်။
Piling Barge
အရှည် ပေ-၁၃၀ ခန့်ရှိတဲ့ ဇက်သင်္ဘောလို Barge ပေါ်မှာ ပေ-၁၉၀အမြင့် Steel frame tower ထောင်ထားပြီး Piling drop hammer (Diesel hammer) ကိုတပ်ဆင်ထားပါတယ်။ Piling Barge ကို ကျောက်ဆူး ၆ခုနှင့်ပတ်လည်မှာ ကြိုးဆိုင်းထားပြီး Design pile point position ရရှိအောင် တည်ငြိမ်စွာနေရာချနိုင်ပါတယ်။ (ကျနော်တို့သုံးခဲ့တဲ့ Piling Barge က Singapore ပိုင်ဖြစ်ပြီး Asia Word ဆိပ်ကမ်းနှင့် အခြား Jetty တွေမှာ Concrete pile တွေရိုက်ခဲ့ပါတယ်တဲ့)
Piling Operation
Steel Pile တွေတင်ထားတဲ့ Material Barge ကို Pile ရိုက်မည့်နေရာဘေးဘက်မှာ ကပ်ထားပါတယ်။ Piling Barge ရဲ့ Piling Tower ဟာ Tilting and Lifting လုပ်လို့ရတဲ့အတွက် Material Barge နားကပ်ပြီး သတ်မှတ်ထားတဲ့ Steel Pile ကို lifting လုပ်ပါတယ်။ Pile ကို Vertical position ရောက်အောင် တဖြည်းဖြည်းချင်းဆွဲမပြီး Hammer cap စွပ်၊ Piling clamp မှာညှပ်ပါတယ်။
Total station နှစ်စုံနှင့် Pile point နေရာကို ချိန်ပြီး Piling Barge ကိုနေရာယူပါတယ်။ Surveyors နှင့် Piling Barge Operator/Captain တို့ စကားပြောစက်များအသုံးပြုပြီး Communicate လုပ်ပါတယ်။ Pile position နေရာမှန်ရောက်လျှင် Pile verticality ရမရသေချာပြန်စစ်ပါတယ်။ အားလုံးသေချာပြီဆိုလျင် Pile ကို မြစ်ကြမ်းပြင်ထိအောင် Pile ရဲ့ Own weight နဲ့ နစ်၀င်နိုင်သလောက် နှိမ့်ချလိုက်ပါတယ်။ Pile ကို အစပိုင်းမှာ အားအပြည့်မရိုက်သေးဘဲ Hammer drop height အနည်းငယ်ဖြင့် ရိုက်ကြည့်ပြီးနောက် Pile position မှန်မမှန် ထပ်မံ စစ်ဆေးပါတယ်။ သေချာပြီဆိုမှ Design Hammer drop ရောက်အောင်တဖြည်းဖြည်းချင်း မြှင့်ရိုက်သွားပါသည်။ Steel pile ကို 500mm ခြား Marking line ဆွဲထားပြီး 500mm အနက်မြေအ၀င်တိုင်းမှာ ရိုက်ချက် (Blow) အရေအတွက်ကို Count လုပ်ပြီး Record မှတ်ရပါသည်။ 4mm per blow or 40mm per 10-blows ရပြီဆိုလျင် Pile ရိုက်ခြင်းကို ရပ်ပါသည်။ Piling Hammer ကို ဖယ်ပြီး Pile final position ကို As-built survey ကောက်ရပါသည်။ ထို့နောက် အခြား Pile များကို Piling sequence အတိုင်း အလားတူ ရိုက်သွားရပါသည်။ Pile နှစ်ချောင်းဆက်ရိုက်ရမည်ဆိုလျင် Leader pile ကို High water level အပေါ်မှာ Temporary terminate လုပ်ပြီး Pile joining လုပ်ရပါသည်။ Welding, testing and painting လုပ်ငန်းစဥ်များကို သတ်မှတ် Safety and Quality procedure တွေအတိုင်းပြုလုပ်ပြီးမှ Pile ရိုက်ခြင်းဆက်လက်ပြုလုပ်ကြပါသည်။ (မြေ၀င်အနက် 45m နှင့် ရေထဲနှင့် ရေပေါ် 15m စုစုပေါင်း 60m Pile length 4-Nos ရိုက်ခဲ့ရပါသည်)
ရေထဲမှာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လိုက်နာရတဲ့ Safety လုပ်ငန်းစဥ်တွေ အတော်တင်းကျပ်ပါသည်။ Piling operation တစ်ခုလုံးနှင့် Surveying ကို Piling Barge crew တွေနှင့် သူတို့ Surveyor တွေကသာပြုလုပ်ကြပါသည်။ ကျတော်တို့ဘက်က Safety, Quality, Inspection & testing နှင့် Management ပိုင်းကိုပြုလုပ်ပြီး Closely monitor လုပ်ရပါသည်။
Jetty construction ပိုင်းစိတ်၀င်စားသူတွေ၊ မကြုံဖူးသေးသူတွေအတွက် ဗဟုသုတရစေရန် မျှဝေပေးခြင်းဖြစ်ပါသည်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Pile Driving for Floating Jetty Construction
Guide Piles for Floating Pontoons
The guide piles for floating pontoons are primarily designed to withstand lateral forces rather than vertical loads. The selection of pile type (concrete, steel, etc.) and design calculations depend on factors such as piling machine availability, loading conditions, and soil type at the installation site.
Soil Investigation
To determine the required pile penetration depth, borehole tests are conducted below the riverbed where piles will be installed. A four-legged drilling rig is used to drill up to 50 meters below the riverbed to collect soil samples for analysis.
Bathymetric Survey
A bathymetric survey using GPS and sounding equipment is conducted to map the underwater terrain profile of the pontoon location. Similar to topographic surveys on land, this helps determine:
- Minimum water depth under the pontoon during lowest tide
- Required pile height above riverbed level
Load Considerations for Guide Piles
Guide piles primarily resist lateral forces that restrain the pontoon's horizontal movement while allowing vertical movement with tide changes through guide rollers. Key load factors include:
1. Wind loads
2. Current forces from tidal movements
3. Berthing forces from vessel impacts
4. Mooring forces from tied-up vessels
5. Seismic loads (if in seismic zones)
All these factors are incorporated in pile design calculations and verification.
Piling Barge Specifications
The operation utilizes a 130-foot long barge equipped with:
- A 190-foot tall steel frame tower
- Diesel hammer pile driving system
- Six anchor points for precise positioning
(Note: The barge we used was Singapore-owned and has been employed in Asia World Port and other jetty projects)
Piling Operation Sequence
1. A material barge carrying steel piles is positioned adjacent to the piling location
2. The tilting/lifting tower on the piling barge retrieves piles from the material barge
3. Each pile is gradually lifted to vertical position and secured with hammer cap and clamps
4. Two total stations verify pile positioning through constant communication between surveyors and barge operators
5. Initial penetration is achieved using the pile's self-weight
6. Test blows with reduced hammer height verify alignment before full-power driving begins
7. Piles are marked at 500mm intervals to monitor penetration rate
8. Driving stops when reaching 4mm per blow or 40mm per 10 blows
9. Final as-built surveys document each pile's position
Special Considerations
- For spliced piles: Temporary termination at high water level before welding and testing
- Safety procedures are extremely rigorous for marine operations
- Our team focused on quality control and monitoring while the barge crew handled operations
(We installed 4 nos. of 60m piles - 45m embedded + 15m above water)
Project Particulars
- Total pile length: 60m (45m embedded + 15m exposed)
- Installation rate: 4 piles completed
- Termination criteria: 4mm per blow or 40mm per 10 blows
This technical overview is shared for those interested in jetty construction and marine piling operations.




Comments
Post a Comment