Seismic Joints in Building

 Seismic Joints in Building


ငလျင်ဒဏ်ထိခိုက်နိုင်သော ဒေသများတွင် အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်ရုံသာမက ငလျင်လှုပ်နေစဉ် အန္တရာယ်ကင်းစွာ လှုပ်ရှားနိုင်ရန်အတွက် Seismic Joints များ ထည့်သွင်း ဒီဇိုင်းဆွဲတည် ဆောက်ကြပါသည်။ 


Seismic Joint ဆိုသည်မှာ ငလျင်လှုပ်သည့်အခါ Building segment များကြား အစိတ်အပိုင်းများ သီးခြားစီရွေ့လျားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် gap/ separation ဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို gap/ separation မရှိပါက အဆောက်အဦနှစ်ပိုင်းသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး ပျက်စီးမှု (pounding effect) သို့မဟုတ် internal cracks များ ဖြစ်ပေါ်နိုင်သည်။  


✳️Why use Seismic joints?


- Earthquake ကြောင့် အဆောက်အဦအား ပျက်စီးမှုမှ ကာကွယ်ရန်  

- Different height သို့မဟုတ် stiffness မတူတဲ့ အဆောက်အအုံ အစိတ်အပိုင်းများကို သီးခြားစီဖြစ်စေရန်  

- အဆောက်အဦအလျားကို ကန့်သတ်လျော့ချကာ ငလျင်အားသက်ရောက်မှု (seismic forces) လျှော့ချရန်  

- ပုံစံမမှန်သော အဆောက်အဦများ (Irregular building configuration and shape) တွင် ကွဲပြားသော ရွေ့လျားမှု (differential movement) ကို ဖြစ်ပေါ်စေရန်  


✳️Where to locate Seismic joints


- Building wings နှင့် Main building ကြား၊ building block များကြား

- အဆောက်အအုံတစ်ခုတည်းမှာ Height မတူတဲ့ Podium နှင့် Tower ကြား  

- New and old building အစိတ်အပိုင်းများကြား စသည်တို့မှာ ထည့်ကြပါသည်။

အဆောက်အအုံကြီးလေ Building mass ကြီးလေ၊ ငလျင်ဒဏ်ပိုခံရလေမို့ အဆောက်အအုံ အကြီးကို တဆက်တည်းဆောက်မည့်အစား Block များခွဲပြီး Seismic joint များထည့်သွင်းတည်ဆောက်ကြပါသည်။

Seismic joint ကို Foundation မှစ၍ roof level အထိ သီးခြား separation လုပ်တည်ဆောက်ကြပါသည်တဲ့။ Seismic gap ကလည်း expansion gap ထက်ပိုမိုကျယ်ပြီး ငလျင်ကြောင့် အဆောက်အအုံဘေးတိုင်လှုပ်ရှားမှု drift ပေါ်မူတည်ပြီး Gap အကျယ်ကို တွက်ချက်ကြပါသည်။


📝မိုးရေလုံဖို့၊ fireproof ဖြစ်ဖို့၊ M&E pipes တွေကို flexible ဖြစ်အောင်ဆက်ဖို့ စတာတွေလည်း ထည့်သွင်းစဉ်းစားပြီး proper joint cover နှင့် sealant များ အသုံးပြုကြရပါသည်။


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)


Seismic Joints in Buildings  


In earthquake-prone areas, buildings must not only resist seismic forces but also safely accommodate movement during an earthquake. This is achieved by incorporating seismic joints into the design.  


A seismic joint is a deliberate gap/separation between building segments, allowing them to move independently during an earthquake. Without this gap, two building sections could collide (pounding effect), leading to structural damage or internal cracks.  


Why Use Seismic Joints?  

- Prevent earthquake-induced damage  

- Separate building portions with different heights or stiffness  

- Reduce seismic forces by limiting building length  

- Accommodate differential movement in irregularly shaped buildings  


 Where to Locate Seismic Joints?  

- Between building wings and the main structure  

- Between towers and podiums of different heights  

- Between new and old building sections  


Larger buildings experience greater seismic forces, so instead of constructing them as a single block, they are divided into smaller segments with seismic joints. These joints must extend from the foundation to the roof as a complete separation.  


Seismic gaps are wider than expansion gaps, with their size calculated based on expected building drift during an earthquake.  


Additional Considerations  

- Waterproofing and fireproofing the joint  

- Using flexible connections for M&E (mechanical & electrical) pipes  

- Installing proper joint covers and sealants  






Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)