Sheet Pile Installation






 Sheet Pile Installation


Sheet pile ဆိုတာ Steel Plate ကို ထောင့်တွေချိုးထားပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက် (Interlocking) လို့ရအောင် ဘေးနှုတ်ခမ်းတွေကို ကွေးထားတဲ့ Steel pile တွေဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်က စက်ရုံမှာ သေချာထုတ်လုပ်ရတာဖြစ်တဲ့ အတွက် Material quality control သေချာလုပ်နိုင်တယ်။ လိုတဲ့ အရှည်ကို ဖြတ်တောက်နိုင်တယ်၊ Welding ဆော်ပြီး ဆက်နိုင်တယ်။ Bolt & nuts တွေနှင့် တွဲဆက်ဖို့ အပေါက်ဖောက်နိုင်တယ်။ Installation လုပ်ရတာ မြန်တယ်။ Pile installation ကြောင့် မြေသားတွေကို ထိခိုက်ပျက်စီးစေမှု မဖြစ်စေဘူး။ Lateral earth pressure   ကို အဓိက အားဖြည့်ရတဲ့  Retaining structure  အဖြစ်အသုံးများပေမယ့် Load bearing အလေး၀န်ကို လည်း အတော်အသင့် ထမ်းနိုင်ပါတယ်။


Where to use


Temporary Retaining wall, Permanent Retaining Wall တွေအဖြစ် သုံးကြတယ်။ မြစ်ကမ်းဘေး မြေထိန်းနံရံတွေ၊ Basement car parking တွေမှာ Permanent Retaining wall အဖြစ် အသုံးပြုကြတယ်။ High rise building foundation အတွက် Deep excavation လုပ်ရာမှာ၊ Bridge pier construction မှာ Substructure excavation တွေအတွက် Temporary retaining wall & Cofferdam အဖြစ် Waler, Struct & Tie beam များဖြင့် အားဖြည့် တည်ဆောက်ကြပါသည်။


How to install


ယခင်က Vibro Hammer လို့ခေါ်တဲ့ တုန်ခါစက်ကို Crawler Crane မှာ ချိတ်ဆွဲပြီး Sheet pile များရိုက်သွင်းရပါသည်။ Sheet pile ထိပ်ကို  Vibro Hammer  Jaw မှာ ညှပ်မိအောင် အနည်းငယ် အချိန်ယူရပါသည်။ လုပ်ရတာ လက်၀င်ပါသည်။ 


နောက်ပိုင်းမှာ Excavator mounted pile driver တွေအသုံးပြုလာကြတယ်။ Excavator မှာ Vibro Hammer unit ကို ချိတ်ဆက်ထားပြီး Sheet pile handling, lifting and installation လုပ်ရာမှာ ပိုမို လွယ်ကူ မြန်ဆန်လာပါသည်။ 


ယခုခေတ်အသုံးများတာကတော့ Silent Piler လို့ခေါ်တဲ့ Pile driver တွေဖြစ်ပါတယ်။   Flat ground ရှိတဲ့ နေရာတွေမှာ Setting ချပြီး ရိုက်နိုင်ပါတယ်။  Initial sheet piles အနည်းငယ်ရိုက်ပြီး တာနဲ့  ရိုက်ပြီး သား Sheet piles များကို Counterweight အနေနဲ့ Sheet pile ထိပ်မှာ စက်က အထိုင် ညှပ် ပြီး ဆက်လက်ရိုက်သွားခြင်းဖြစ်ပါသည်။ 


Points to consider


Sheet pile ရိုက်လျင် Design alignment မှန်ကန်ဖို့၊ မရိုက်ခင် နှင့် ရိုက်နေစဥ် မှာ Survey  သေချာစစ်ဆေးရမည်။ အရေးကြီးဆုံးက Verticality ဖြစ်ပါသည်။ တခါတရံ မြေသားမာကျောတဲ့နေရာနဲ့တိုးလို့ Sheet pile alignment တဖက်လိုက်သွားတာမျိုးဖြစ်တတ်ပါသည်။ လိုအပ်လျင်ပြန်နှုတ်ပြီး Alignment အမှန်ရအောင် ပြန်ချိန်ရတတ်သည်။ အောက်မှာ ကျောက်အမာ ခံနေပြီး ဆက်ရိုက်လို့မရတာမျိုးလည်း ကြုံရတတ်ပါသည်။ မြေ၀င်အနက် အနည်းငယ်သာရှိသေးလျင် Excavator ဖြင့်တူးကြည့်ပြီး စစ်ဆေးသင့်သည်။ Excavator ဖြင့် တူးဖို့ မဖြစ်နိုင်တဲ့ အနက်ရောက်လျင်တော့ Sheet pile ကို လက်ရှိ အနက်မှာ ရပ်ပြီး ဖြတ်ရမလား၊ Design alignment ပြောင်းတာ၊ အခြား Countermeasure တွေကို Designer/ Consultant  ရဲ့  အကြံဥာဏ် ရယူတာမျိုးတွေ  ဆက်လက်ဆောင်ရွက်ကြရပါသည်။ 

(ပုံကတော့ MOGE floating pontoon jetty မှာ vibro hammer ဖြင့် sheet pile ရိုက်ခြင်း၊ ရထားလမ်းတံတားမှာ silent piler ဖြင့် sheet pile ရိုက်ခြင်းပါ)


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



Sheet Pile Installation


What are Sheet Piles?  

Sheet piles are steel plates bent at angles with interlocking edges, allowing them to connect seamlessly. Their advantages include:  

✔ Controlled material quality (factory-produced)  

✔ Customizable length (can be cut, welded, or bolted)  

✔ Fast installation with minimal ground disturbance  

✔ Primarily used for lateral earth pressure resistance (retaining walls) but can also bear moderate vertical loads  


Where are Sheet Piles Used?  

- Temporary & Permanent Retaining Walls  

  - Riverbank stabilization  

  - Basement car park walls  

- Deep Excavations  

  - High-rise building foundations  

  - Bridge pier substructures  

- Cofferdams (supported by waler beams, struts, and tie rods)  


Installation Methods 


1. Traditional Vibro Hammer (Crawler Crane-Mounted)  

- A vibratory hammer is attached to a crane.  

- Requires careful alignment when clamping the sheet pile.  

- Labor-intensive and time-consuming.  


2. Excavator-Mounted Pile Drivers (Modern Approach)  

- Faster and more efficient.  

- Uses an excavator with a vibro hammer attachment for lifting and driving piles.  


3. Silent Piler (Latest Technology)  

- Ideal for flat ground.  

- After driving initial piles, the machine uses installed piles as counterweights to push subsequent sheets.  

- Minimizes noise and vibration.  


Key Considerations During Installation  


Alignment & Verticality Check  

   - Must be surveyed before and during driving to prevent deviation.  

   - Hard soil layers may cause misalignment—requires extraction and re-driving.  


Obstruction Handling  

   - If bedrock is encountered:  

     - For shallow depths: Excavate manually.  

     - For deep obstructions: Consult engineers—may need design adjustments or pile cutoff.  


(Photos show: Vibro hammer installation at MOGE floating pontoon jetty & silent piler use for railway bridge works.)  



Comments

Popular posts from this blog

Understanding Rebar Test Reports

Construction joint

Rebar Tensile Strength and Yield Strength Ratio (fu/fy)