Survey Setting out for Building

 Survey Setting out for Building (အဆောက်အအုံမြေတိုင်းအခြေခံ၊ ကျင်တွယ်ဖမ်းခြင်း)


ရှေးခေတ်အတတ်ပညာရှင်တွေဟာ ပိရမစ်တွေတည်ဆောက်ခဲ့ကြတယ်။ မြန်မာမှာလည်း ပုဂံခေတ် ဓမ္မရံကြီးဘုရားလို ထုထည်ကြီးမားတဲ့ အဆောက်အအုံတွေကို ဖြောင့်တန်းတည့်မတ်စွာ တည်ဆောက်ခဲ့ကြတယ်။ ခေတ်မီစက်ကိရိယာ အကူအညီမပါတဲ့ မြေတိုင်းတာရေးအတတ်ပညာဟာ အံ့မခန်းပါပဲ။ အဓိက အသုံးပြုခဲ့ကြတဲ့ ကိရိယာတွေက တည့်မတ်မှု (Verticality) အတွက် ချိန်သီးလို့ခေါ်တဲ့ Plumb bob ကိုသုံးပြီး ရေပြင်ညီ မျက်နှာပြင်အတွက် A-frame မှာ ချိန်သီးချိတ်ဆွဲထားတဲ့ ကိရိယာနဲ့ တိုင်းတာခဲ့ကြတယ်။ အဆောက်အအုံ အဖြောင့်နှင့် ထောင့်ချိုးတွေကိုတော့ ကျင်တွယ်ဖမ်းတဲ့နည်း (Triangle) နဲ့ တွက်ချက်တိုင်းတာကြတယ်။


 ရှေးခေတ်မြေတိုင်းတာရေးကိရိယာ အချို့ကို ယခုခေတ်တိုင် သုံးစွဲလျက်ရှိကြပါတယ်။ ချိန်သီး၊ သံကျင်တွယ်အကြီး၊ သုံးမူးလုံးလောက်ရှိတဲ့ ရေပိုက်အကြည် (ရေချိန်ပိုက်)၊  Spirit level ၊ ပေဗူးနှင့် မျဥ်းကြိုး စတာတွေကို အသုံးပြုပြီး သာမန်အဆောက်အအုံတွေကို တည်ဆောက်လျက်ရှိနေပါသေးတယ်။


📐အဆောက်အအုံ ထောင့်မှန်ချိန်ခြင်း (ကျင်တွယ် ဖမ်းခြင်း)


မြေမျက်နှာပြင် အနိမ့်အမြင့်ကို အကြမ်းဖျင်း ခန့်မှန်းပြီး သစ်သားငုတ်တိုင် (၃”x၂” အသုံးများပါသည်) အတိုအရှည် လိုအပ်သလို ကြိုတင်ပြင်ဆင်ပါသည်။ မြေပြင်ညီဖြစ်လျင် 3’ ငုတ်တိုင် (wooden pegs) လောက်ဆို အဆင်ပြေနိုင်ပါသည်။ တစ်ဖက်စောင်းဆင်းသွားတဲ့ မြေမျိုးဆိုလျင် ပတ်တန်းနှစ်ဆင့်ခန့်ရိုက်ရနိုင်တဲ့ အတွက် သစ်သားငုတ်အရှည်များလိုအပ်ပါမည်။

သတ်မှတ်ထားပြီး အဆောက်အအုံ ထောင့်စွန်းမှတ်များရှိလျင် ထောင့်တစ်ခုမှစတင်ပြီး ကျင်တွယ်ဖမ်းပါမည်။ မရှိလျင် ရှိပြီးသားအဆောက်အအုံ/ လမ်း စသည်တို့မှ မျဥ်းပြိုင်ခွာပြီး (မြေကျန်စည်းမျဥ်းများရှိလျင် သတ်မှတ်ခွင့်ပြုအကွာအ‌ဝေးအတိုင်း) Alignment သတ်မှတ်ပါသည်။


✔️အဆောက်အအုံ ထောင့်တစ်ခုမှာ သစ်သားငုတ်ရိုက်ပါသည်။ ငုတ်အလွယ်တကူမရွေ့ဖို့ သေချာတဲ့မြေအ၀င်ရအောင်၊ တည့်မတ်မှုရှိအောင် ပေါင်တူနှင့် ဖြည်းဖြည်ချင်း ရိုက်သွင်းပါသည်။ တစ်ပေခွဲ ခန့်မြေပေါ်အကျန်ရလျင် ငုတ်ထိပ်မှာ ၅မတ်သံ ရိုက်ပါသည်။ အဆိုပါသံငုတ်မှ သတ်မှတ် Alignment တလျောက် မျဥ်းကြိုးဆွဲ ပေတိုင်းပြီး အဆောက်အအုံ အလျားတဖက်ရှိ ထောင့်နေရာမှာ ငုတ်ထပ်ရိုက်ပါသည်။ ငုတ်နှစ်ခု ရေပြင်ညီ (Levelling )  ဖြစ်ဖို့ ရေချိန်ပိုက်သုံးပြီး ညှိပါသည်။ သစ်သားငုတ်ထိပ်က သံချောင်းတွေမှာ မျဥ်းကြိုးကို ခပ်တင်းတင်းလေးချည်ထားရမည်။

အဆောက်အအုံကျန် အနားတဖက်ကို ထောင့်မှန်ကျင်တွယ် (90 degree) ဖမ်းဖို့အတွက် အဆောက်အအုံ အကျယ်ထက်ပိုရှည်တဲ့ မျဥ်းကြိုးလေးကို ပထမ မျဥ်းကြိုး (အလျားဘက်) နှင့် ခန့်မှန်းထောင့်မှန်ကျအောင် ကိုင်ပြီး ယာယီ သစ်သားငုတ်လေးရိုက်ပါမည်။ ပိုက်သာဂိုရပ် သီအိုရမ်ဖြစ်တဲ့ 3:4:5 အချိုးနှင့် ကျင်တွယ်ဖမ်းပါမည်။ အဆောက်အအုံ အလျားအနံ၊ ပေဗူးအရှည်ပေါ်မူတည်ပြီး 6’ : 8’ : 10’ သို့ 9’ : 12’ : 15’ အချိုးနှင့် ဖမ်းလေ့ရှိကြပါတယ်။  ရှည်ရှည်ယူလေ Error နည်းလေပါပဲ။ ပထမကြိုးရဲ့ 12’ အကွာမှာ ဆော့ပင်လေးနဲ့ (ကြိုးသေးသေးလေးချည်လည်းရတယ်) Marking ပေးပါမယ်။ ဒုတိယ ကြိုး (ယာယီ) မှာလည်း 9’ အကွာမှာ အမှတ်အသားလုပ်မယ်။ တစ်ယောက်က 12’ အမှတ်မှာ နေရာယူပြီး ပေကြိုးတစ်ဘက်ကိုင်ထားပါမယ်။ နောက်တစ်ယောက်က 9’ အမှတ်မှာ နေပြီး ပေကြိုးအရှည် 15’ (ထောင့်မှန်ခံအနား) ရှိမရှိစစ်ပါမယ်။ လိုတိုးပိုလျော့ လုပ်ပြီး တတိယတစ်ယောက်က ယာယီကြိုးကို ကစားမယ်၊ ငုတ်ကို နေရာလိုက် ရွှေ့ပြီး Level ညီအောင် စိုက်မယ်ဆိုရင် ထောင့်ဖြတ် 15’ နေရာမှာ ဒုတိယမျဥ်းကြိုး နေရာချနိုင်ပါမယ်။ ဒါဆိုရင် ပထမမျဥ်းကြိုးနဲ့ ဒုတိယမျဥ်းကြိုးဟာ တစ်ခုကိုတစ်ခု ထောင့်မှန်ကျပြီး Level လည်းတူညီတဲ့ ကျင်တွယ် (ထောင့်မှန်) ဖမ်းတဲ့ အလုပ် အောင်မြင်ပါပြီ။ ဒုတိယမျဥ်းကြိုး အပေါ်မှာ အဆောက်အအုံ အနံရဲ့ အရှည်ကို မှတ်သားပြီး Level ညီ သစ်သားငုတ်တစ်ခုရိုက် ၅မတ်သံစိုက်ပါမယ်။ ကျန်နေတဲ့ အနားနှစ်ဘက်ကိုလည်း အဆိုပါနည်းအတိုင်းဆက်လက်ပြုလုပ်သွားလျင် လေးဘက်လေးတန်ထောင့်မှန်ကျတဲ့ အဆောက်အအုံရဲ့ ပန္နက်မှန်ရရှိပါပြီ။


✳️အဆောက်အအုံထောင့်မှတ်တွေရပြီဆိုလျင် ဘေးဘက်မြေကွက်လပ် (မြေကျန်) ပေါ်မူတည်ပြီး မြေတူးလုပ်ငန်းတွေနဲ့ လွတ်မယ့် အကွာအ‌ဝေးမှာ Level ညီ ပတ်တန်း (3”x1”, 6”x1” ပျဥ်ပြား) တွေ ဆက်လက်ရိုက်သွားရပါမယ်။ ပတ်တန်းပေါ်မှာ အဆောက်အအုံထောင့်ငုတ်များကို မျဥ်းကြိုးခေါ်ယူပြီး သံငုတ်ရိုက် ပန္နက်ကူးပါမယ်။ ပတ်ပတ်လည် သက်ဆိုင်ရာ ခန်းဖွင့် (Span and grid line) သံငုတ်များရိုက်၊ အမှတ်အသားများရေးဆွဲပါမည်။ ပန္နက်ပတ်တန်းငုတ်များ နေရာမရွေ့အောင် မယိမ်းယိုင်အောင် အောက်ခြေမှာ အုတ်ဖိနပ်စီ၊ ကွန်ကရစ်ခုံ လောင်းပြိး ချုပ်ထားလေ့ရှိပါတယ်။ 


📝ဆိုက်အင်ဂျင်နီယာတွေအနေနဲ့ ပန်းရံ လက်သမားနဲ့ လွှတ်မထားဘဲ ကိုယ်တိုင်ကျင်တွယ်ဖမ်းနိုင်အောင် ဖမ်းတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ အခြေခံလေးတွေ ဆိုပေမယ့် Survey equipment တွေမရှိတဲ့ နေရာမှာလည်း လက်သုံးကိရိယာလေးတွေနဲ့ လုပ်တတ်အောင်ပါ။ အဆောက်အအုံ ပန္နက်ရိုက်လုပ်ငန်းဟာ ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ငန်းတစ်ခု မဟုတ်ပါလား။


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)




 Survey Setting Out for Building  


Ancient craftsmen built pyramids. In Myanmar, massive structures like the Dhammayangyi Pagoda of the Bagan era were constructed with precise straightness and verticality. The land surveying techniques used without modern equipment are truly remarkable. The main tools they used included a plumb bob for vertical alignment and an A-frame with a suspended weight for level surfaces. For straight lines and right angles in buildings, they applied the 3-4-5 triangle method.  


Some ancient surveying tools are still in use today. Tools like the plumb bob, large metal square, clear water hose (water level), spirit level, measuring tape, and string line are still used to construct ordinary buildings.  


Checking Building Right Angles (Right Angle Measurement)  


First, estimate the ground’s slope and prepare wooden pegs (commonly 3”x2”) in varying lengths. For level ground, 3’ pegs may suffice. On sloping terrain, longer pegs may be needed for double-tiered batter boards.  


If the building’s corner points are already marked, begin measuring angles from one corner. If not, establish an alignment parallel to existing structures or roads (following setback regulations if applicable).  


1. Drive a wooden peg at one corner of the building. Ensure it is firmly planted and vertical by gently hammering it with a mallet. Leave about 1.5’ above ground and drive a 1-inch nail into the top.  

2. From this nail, stretch a string line along the alignment and measure the building’s length, then drive another peg at the opposite corner.  

3. Use a water level to ensure both pegs are level. The string should be taut between the nails on the pegs.  


To set a right angle (90 degrees) for the adjacent side:  

- Use a string longer than the building’s width and align it roughly perpendicular to the first string. Temporarily fix it with a peg.  

- Apply the Pythagorean theorem (3:4:5 ratio) to confirm the right angle. Depending on the building’s dimensions, common ratios are 6’:8’:10’ or 9’:12’:15’—longer measurements reduce errors.  

- Mark 12’ on the first string and 9’ on the temporary string. One person holds the tape at the 12’ mark while another checks if the diagonal measures exactly 15’. Adjust the temporary peg until the angle is perfect.  

- Once aligned, mark the building’s width on the second string, drive a level peg, and insert a nail.  

- Repeat the process for the remaining sides to complete a perfectly square foundation.  


 Finalizing the Layout  


Once all corners are set, install batter boards (3”x1” or 6”x1” planks) at a safe distance from excavation areas. Transfer the corner points onto these boards using string lines and nails. Mark all relevant spans and grid lines. To prevent movement, secure the batter boards with brick footings or concrete blocks.  


Note for Site Engineers  


Engineers should practice right-angle measurement themselves instead of relying solely on masons and carpenters. Even without advanced survey equipment, mastering basic hand tools is essential. After all, setting out a building’s foundation is the first and most critical step in construction, isn’t it?  






Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)