Survey Setting Out for Buildings (Building Survey Basics – Part 3: RTK Surveying)
Survey Setting out for Building (အဆောက်အအုံမြေတိုင်းအခြေခံ-၃၊ RTK surveying)
အချို့ layout plan များမှာမိမိ အဆောက်အုံ တည်နေရာကို Coordinate points များဖြင့် သတ်မှတ်ပေးတတ်ပါတယ်။ မိမိတည်နေရာကို GPS, Google map နဲ့ အကြမ်းဖျင်းရှာဖွေရပါမယ်။ နဂို ရှိပြီးသား GCP (Ground control points), TBM (Temporary Bench Mark)များရှိလျင် အဆိုပါ Known points များမှ မိမိ လုပ်ကွက်ကို ကူးယူနိုင်ပါမည်။ Known points များမရှိလျင် မြေတိုင်းဌာနက တရား၀င်သတ်မှတ်ထားသော မြေတိုင်းမှတ်တိုင်များမှ ကူးယူရပါမည်။ RTK ထောင်တယ်လို့ ပြောကြတဲ့ Real-Time Kinematic (RTK) Survey Equipment တွေနဲ့ Know station points တွေမှာ စက်တွေထိုင်၊ ကိုယ်ကူးချင်တဲ့ Position မှာ စက်တွေထိုင်ပြီး Satellite နဲ့ ချိတ်ဆက်လိုက်လျင် မိမိတို့ တည်နေရာကို တိတိကျကျ ကူးယူနိုင်ပါမည်။ (မင်္ဂလာဒုံ ရေကြည်အိုင်နားမှာ မူလမြေတိုင်းမှတ်တိုင် ရှိတယ်။ ပဲခူးရွှေမော်ဓော ဘုရားနားမှာလည်း မြေတိုင်းမှတ်တိုင် တစ်ခုရှိပါတယ်။ အဲဒီမှာ စက်တွေနဲ့ အဖွဲ့တစ်ခုထိုင်၊ အမြန်လမ်း ၃၉မိုင် လောက်မှာ စက်တစ်ဖွဲ့ ထိုင်ပြီး စက်တွေ ပြိုင်တူဖွင့် ချိတ်ဆက်ဖမ်းယူဆောင်ရွက်ကြရပါတယ်)။ မိမိလုပ်ငန်းနေရာအနီးမှာ Known points တွေရှိလျင်လည်း မှန်ကန်မှု ရှိမရှိ Countercheck survey အနေနဲ့ RTK ထောင်ပြီး ပြန်လည်စစ်ဆေးသင့် ပါတယ်။
RTK ထောင် TBM များကူးပြီး လျင် TBM ခုံများအလွယ်တကူ မထိခိုက် မပျက်စီးစေရန် သေချာထိန်းသိမ်းကာကွယ်ထားရပါမည်။ မိမိ လုပ်ကွက်အကျယ်ပေါ်မူတည်ပြီး TBM များလိုအပ်သလို ပွားထားရပါမည်။ အနည်းဆုံး TBM နှစ်ခုံထားသင့်ပါသည်။ TBM ရဲ့ X,Y,Z တန်ဖိုးများ (Northing, Easting, Reduced level) များကို ရေးမှတ်ထားရမည်။
အဆိုပါ TBM coordinate points များကို အခြေခံပြီး မိမိတည်ဆောက်မည့် အဆောက်အအုံ ထောင့် မှတ်များကို Total Station သုံးပြီး Survey setting out ဆက်လက်ပြုလုပ်ကြပါသည်။ Existing ground level ပေါ်မူတည်ပြီး Building plinth level အနီးစပ်ဆုံး ရရှိဖို့ Cutting/Filling လိုအပ်သလို ဦးစွာ ပြုလုပ်ကြတာလည်းရှိပါသည်။ Ground level အမှန်ရမှ Survey pegs ရိုက်တာတွေ ဆက်လက်ပြုလုပ်ကြပါတယ်။
မြေပြင်က Coordinate points တွေကို မြေပုံပေါ်တင်တာတွေ၊ Google Earth ပေါ်မှာမြေပုံထပ်တာတွေ၊ AutoCad software ဖြင့် Building layout plan ပြုလုပ်တာတွေကို လိုအပ်သလိုပြုလုပ်ထားခြင်းအားဖြင့် မိမိအဆောက်အအုံ တည်နေရာကို မြေပြင် မြေပုံ ကွဲလွဲမှုမရှိအောင် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Survey Setting Out for Buildings (Building Survey Basics – Part 3: RTK Surveying)
Some layout plans define building locations using coordinate points. To locate your site, you can first check roughly using GPS or Google Maps. If there are existing Ground Control Points (GCPs) or Temporary Bench Marks (TBMs), you can transfer coordinates from these known points to your site.
If no known points are available, you must reference official survey markers set by government survey departments.
Real-Time Kinematic (RTK) Surveying
When people say "setting up RTK," they refer to using RTK survey equipment. Here's how it works:
1. Set up the base station at a known control point.
2. Place the rover at the desired position.
3. Connect to satellites—this allows precise coordinate transfer in real time.
(Example: There are original survey markers near Mingaladon’s Yekyieine and beside the Shwemawdaw Pagoda in Bago. Survey teams set up equipment at these points and simultaneously connect with another team, say, near Expressway 39 mile post, to capture accurate data.)
If known points exist near your site, verify their accuracy by*cross-checking with RTK.
Handling TBMs
After transferring coordinates via RTK:
- Protect TBMs from damage.
- Establish at least two TBMs (more may be needed depending on site size).
- Record their X, Y, Z (Easting, Northing, Reduced Level) values.
Proceeding with Total Station
Using the TBM coordinates:
1. Mark building corners via total station surveying.
2. Adjust ground levels (cutting/filling) to achieve the required plinth level.
3. Once the ground level is finalized, drive survey pegs for construction.
Digital Integration
- Plot ground coordinates on site maps or overlay them on Google Earth.
- Prepare building layouts in AutoCAD for accuracy.
This ensures no discrepancies between on-ground positioning and design plans, enabling precise construction.




Comments
Post a Comment