Survey Setting out with UTM Coordinate system for Building
Survey Setting out with UTM Coordinate system for Building (အဆောက်အအုံမြေတိုင်းအခြေခံ-၂)
Survey Equipment တွေ အသုံးပြုဖို့ အများစုလက်လှမ်းမီလာပြီးနောက်ပိုင်း Construction site တိုင်းလိုလိုမှာ Auto Level, Theodolite တွေသုံးစွဲလာကြတယ်။ ထိုမှတဆင့် Total Station တွေသုံးစွဲလာနိုင်ခဲ့တယ်။ Building surveying, Land Surveying လုပ်ငန်းတွေ တိကျ မြန်ဆန်စွာ လုပ်လာနိုင်ပါတယ်။
အဆောက်အအုံ ကျင်တွယ်ဖမ်းတာ (Horizontal alignment)၊ ချိန်ဖမ်းတာ (Vertical alignment) တွေကို Auto level နှင့် Theodolite နှစ်မျိုးဖြင့် ပြုလုပ်နိုင်ကြပါတယ်။ အဆောက်အအုံများစွာပါ၀င်တဲ့ Land Development လုပ်ငန်းများ၊ မြေမျက်နှာပြင် အနိမ့်အမြင့်ခြားနားချက်များတဲ့ (Topographic survey) လုပ်ငန်းများဆိုလျင် Total Station အသုံးပြုခြင်းက လုပ်ငန်းပိုမိုတွင်ကျယ်စေပါတယ်။
Coordinate System
လတ္တီကျု၊ လောင်ဂျီကျု (Latitude, Longitude) စတာတွေ ငယ်ငယ်ကတည်းကရင်းနှီးခဲ့ပြီးသားပါ။ မြို့ရွာဒေသတည်နေရာတွေ၊ ငလျင်၊ မုန်တိုင်း စတာတွေရဲ့ တည်နေရာတွေကို Lat, Long ဖြင့်ဖော်ပြလေ့ရှိကြတယ်။ အဆောက်အအုံတည်နေရာတွေကိုလည်း Lat, Long ဖြင့်ဖော်ပြကြပါတယ်။ ဒါပေမယ့် Lat, Long system က Degree, Minute, Second တွေနဲ့ပြတော့ Distance measurement တွေကို Conversion ပြန်လုပ်ရတာတွေက ရှုပ်ထွေးမှုဖြစ်စေနိုင်ပါတယ်။ (Latitude: 1 degree=69miles, 1 minute=6068 feet, 1 second=101 feet, Longitude: 1 degree=54.6miles, 1 minute=4800 feet, 1 second=80 feet ခန့်ရှိပါတယ်)...
ဒါကြောင့် Metric system ဖြစ်တဲ့ Universal Transverse Mercator Coordinate System (UTM) ကို ပိုမိုအသုံးပြုလာကြပါတယ်။ UTM system ကိုအလွယ်ပြောရရင် အရာ၀တ္တုတွေရဲ့ တည်နေရာကို X-axis နှင့် Y-axis တွေနဲ့ ဖော်ပြတဲ့ သဘောတရားပါပဲ။ Point of original ကတော့ X-axis နှင့် Y-axis ဆုံမှတ် Zero ဖြစ်ပါတယ်။ Point of Origin ကနေ အရှေ့ဘက်သွားရင် X တန်ဖိုးတွေများသွားမယ် “+” အပေါင်းသင်္ကေတနှင့်ပြမယ်။ ဘယ်ဘက်ကိုသွားရင် X တန်ဖိုးနည်းသွားမယ် “-“ အနုတ်သင်္ကေတနှင့်ပြမယ်။ ဒီလိုပဲ အပေါ်တက်သွားရင် Y တန်ဖိုးများလာပြီး အောက်ဆင်းသွားရင် Y တန်ဖိုးနည်းသွားမယ်။ UTM system မှာတော့ ရှုပ်ထွေးမှုမဖြစ်စေဖို့ “-“ တန်ဖိုးတွေမပါအောင်သတ်မှတ်ခဲ့ကြတယ်။ Equator ( ကမ္ဘာလုံးကို အပေါ်အောက်ခြမ်းထားတဲ့ မျဥ်း၊ Singapore တောင်ဘက်၊ Indonesia ရဲ့ ဆူမားတြားကျွန်းအလည်လောက်ကနေဖြတ်သွားတဲ့) မျဥ်းကို Zero မှတ်ထားပြီး အပေါ်ဘက်တက်လာရင် တန်ဖိုးများလာမယ်...Meter unit ဖြစ်ပါတယ်။ North latitude နှင့် သဘောတရားတူမယ်။ (အောက်ဘက်ကိုတော့ “-“ တန်ဖိုးမဖြစ်အောင် Equator မျဥ်းကိုပဲ 10000,000 Meters အဖြစ်ပြန်လည်သတ်မှတ်ပြီး အောက်ဘက်ဆင်းသွားရင် အဆိုပါတန်ဖိုးထက်နည်းသွားပါမယ်၊ South Latitude နှင့်တူမယ်)...
အရှေ့အနောက် မျဥ်းတွေကိုကျတော့ Zero Line သတ်မှတ်ထားတာမရှိဘဲ ကမ္ဘာလုံးရဲ့ ရှေ့နောက် Zone စုစုပေါင်း 60 ပြန်ခွဲထားပြီး Zone တစ်ခုရဲ့ တောင်မြောက်ဆက်ထားတဲ့ အလည်မျဥ်းနေရာကို 500,000 meter လို့သတ်မှတ်ပါတယ်။ အဆိုပါအလည်မျဥ်းရဲ့ အရှေ့ဘက်သွားရင် 500,000 meter ထက်ပိုများလာမယ်။ အနောက်ဘက်သွားရင် 500,000 meter ထက်လျော့သွားမယ်။ ဥပမာ မြန်မာနိုင်ငံဟာ Zone 46 နှင့် Zone 47 နှစ်ခုပေါ်မှာကျရောက်နေပါတယ်။ (တချို့ GPS တွေမှာ Zone ရွေးရတယ်၊ 46Q, 47Q စသဖြင့်ပေါ့)...
မနှစ်က ဖွင့်လှစ်လိုက်တဲ့ သန်လျင်တံတားအသစ်ရဲ့ သန်လျင်ဘက်ခြမ်းချဥ်းကပ်လမ်းအစဟာ 205803m E, 1857210m N မှာတည်ရှိပြီး သာကေတဘက်ခြမ်းချဥ်းကပ်လမ်းကတော့ 203807m E, 1860057m N မှာ အကြမ်းဖျင်းတည်ရှိပါတယ်။ ဆိုလိုတာကတော့ “N” Northing တန်ဖိုးသည် Equator ကနေ 1857210 meters (~1857 Kilometers) အကွာမှာ သန်လျင်တံတားသစ်တည်ရှိနေတယ်။ “E” Easting တန်ဖိုးသည် Zone 47 အလည်မျဥ်းရဲ့အနောက်ဘက် 205803m နေရာမှာတည်ရှိနေပါတယ်။ (Easting တန်ဖိုးက Zone အလိုက်ပြောင်းလဲနေတော့ ကိုယ့်တည်နေရာမှာရှိနေတဲ့ Zone အတိုင်းသတ်မှတ်ပေးတာဖြစ်လို့ အနည်းငယ်ရှုပ်ထွေးသယောင်ရှိပါတယ်။)...ကျနော်တို့ Cell phone တွေမှာသုံးတဲ့ GPS software တွေနဲ့ Google Earth မှာ ကျနော်တို့တည်နေရာကို UTM coordinate system နဲ့အလွယ်တကူရှာဖွေနိုင်ပါတယ်။
အဆောက်အအုံတည်နေရာတွေကို Coordinate points တွေနဲ့ တိတိကျကျဖော်ပြလာကြပြီး မြေပြင်မှာ ကွဲလွဲမှုမရှိအောင် ပန္နက်ရိုက် (Layout plotting) နေရာချလာနိုင်ကြတယ်။ GPS စနစ်တွေ၊ Total Station တွေပေါင်းစပ်အသုံးပြုနိုင်မှုရဲ့ အကျိုးတရားတစ်ခုပါ။ Civil Engineering နှင့် Surveying ဆိုတာ ဆက်စပ်နေတာမို့ Civil Engineer တွေသိထားသင့်တဲ့ ဗဟုသုတအနေနဲ့ မျှ ဝေလိုက်ပါတယ်။
(ဆက်ရန်)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Survey Setting Out with UTM Coordinate System for Building (Building Survey Basics – Part 2)
With survey equipment becoming more accessible, auto levels and theodolites are now commonly used in nearly every construction site. This has further progressed to the use of total stations, enabling faster and more precise building and land surveying.
For horizontal alignment (right-angle measurement) and vertical alignment (leveling), both auto levels and theodolites can be used. However, for large-scale land development projects or topographic surveys with significant elevation changes, total stations are far more efficient.
Coordinate System
Most of us are familiar with latitude and longitude (Lat, Long) from an early age. Locations of cities, earthquakes, and storms are often described using Lat/Long coordinates. Building sites can also be referenced this way. However, since Lat/Long uses degrees, minutes, and seconds, converting these into distance measurements can be complicated. (For example:
- Latitude: 1° ≈ 69 miles, 1' ≈ 6,068 ft, 1" ≈ 101 ft
- Longitude: 1° ≈ 54.6 miles, 1' ≈ 4,800 ft, 1" ≈ 80 ft)
To simplify this, the Universal Transverse Mercator (UTM) Coordinate System—a metric-based system—is now widely adopted.
How UTM Works
In simple terms, UTM represents an object’s location using X (Easting) and Y (Northing) axes:
- Origin Point (0,0): The intersection of the X and Y axes.
- East (X+): Moving east increases the X value.
- West (X-): Moving west decreases the X value.
- North (Y+): Moving north increases the Y value.
- South (Y-): Moving south decreases the Y value.
To avoid negative values, UTM adjusts its reference points:
- Northing (Y-axis): The Equator (an imaginary horizontal line passing near Singapore/Sumatra) is set as *0 meters*. Moving north increases the value (similar to North Latitude). To prevent negative values in the Southern Hemisphere, the Equator is assigned 10,000,000 meters, decreasing as you go south.
- Easting (X-axis): The Earth is divided into 60 vertical zones. Each zone’s central meridian (middle line) is set at 500,000 meters. Moving east increases this value; moving west decreases it.
- Example: Myanmar falls under Zones 46 and 47 (some GPS devices require selecting 46Q or 47Q).
Practical Example: Thanlyin Bridge
The new Thanlyin Bridge’s approach road (Thanlyin side) is located at:
- 205,803m E, 1,857,210m N
The Thaketa side approach road is at:
- 203,807m E, 1,860,057m N
Interpretation:
- Northing (Y): The bridge is ~1,857 km north of the Equator.
- Easting (X): It is 205,803 meters west of Zone 47’s central meridian.
(Note: Since Easting values vary by zone, this can be slightly confusing at first.)
Using UTM in Modern Surveying
Today, building locations are precisely defined using UTM coordinates, minimizing errors during layout plotting. This is made possible through GPS systems and total stations, ensuring accuracy in civil engineering and surveying.
Since civil engineering and surveying are closely related, understanding UTM is essential for engineers. Even smartphone GPS apps and Google Earth can display locations in UTM, making it a practical tool for fieldwork.
This knowledge sharing aims to provide a foundational understanding for civil engineers and surveyors alike. After all, precise site setting-out is the most critical step in any construction project!


Comments
Post a Comment