Wall Plastering Work
နံရံအချောကိုင်ခြင်း (Plastering)
အချောကိုင်မည့် နံရံဟာ အနည်းဆုံး 7-Days သက်တမ်းရှိရပါမယ်။ Efflorescence ခေါ်တဲ့ ဆားပွင့်များ၊ ဖုန်မှုန့် နှင့် အညစ်အကြေးများ၊ သုတ်ဆေးအစွန်းအထင်းများ သန့်ရှင်းရမည်။ အုတ်နံရံဆိုလျင် 10mm depth ခန့် နှာလိုင်းဖော် (Raked) ထားရပါမည်၊ အုတ်နံရံနဲ့ Plaster တွဲဆက်မှု Bonding ကောင်းစေဖို့ဖြစ်ပါတယ်။ ကွန်ကရစ်မျက်နှာပြင်ဆိုလျင် ဘိလပ်မြေအနှစ်ရိုက်ခြင်း၊ မျက်နှာပြင်ကြမ်းတမ်းအောင် Chipping လုပ်ခြင်း၊ Approved Bonding Agent သုံးခြင်းများပြုလုပ်သင့်ပါတယ်။ သန့်ရှင်းမှုမရှိလျင်၊ မျက်နှာပြင်ချောလွန်းရင် Plaster မတွဲ
(မစွဲ)တာ၊ လေခိုတာတွေဖြစ်နိုင်ပါတယ်။ သတ်မှတ် Plaster thickness ရဖို့အတွက် တစ်လက်မခွဲဗျက်ခန့် Mortar plaster တုံးကလေးများကို 1meter ခြားခန့် စီ ချိန်ကျ မျဥ်းကျ ကြိုတင်ပြုလုပ် ထားရမည် (ပါရာပေးတယ်လို့ပြောကြတယ် Pier block လို့လည်းသုံးကြတယ်)...အချောမကိုင်ခင် နံရံကိုအစိုဓါတ်ရှိနေစေရန် ကြိုတင်ရေလောင်းထားသင့်တယ် (ခြောက်သွေ့နေတဲ့ အုတ်/ကွန်ကရစ်နံရံက Plaster mortar မှာပါတဲ့ ရေကို စုပ်ယူလိုက်တဲ့ အတွက် Cement ဓါတ်ပြုဖို့လိုအပ်တဲ့ ရေပမာဏလျော့သွားလို့ Mortar strength ကိုထိခိုက်နိုင်ပါတယ်)...Plaster thickness ကို 20mm~25mm အထိချောကြပါတယ်...ပါးလျှင် one coat, ထူလျင် 2 or 3 coats ချောကြတယ် (အများစုကတော့ one coat သာချောကြပါတယ် လုပ်သားခ လျော့နည်းသက်သာစေရန်ဖြစ် ပေမယ့် နံရံလေခိုနိုင်ပါတယ်။ ရထားလမ်းပရောဂျက်မှာတော့ 3-coats ချောပေးရပါတယ်)...အချောကိုင်ပြီးရင် ၄၈နာရီနောက်ပိုင်း ရေလောင်း (Curing) ၇-ရက်ခန့်ဆက်လုပ်ပေးရပါမယ်...Mortar strength ကောင်းမွန်စေဖို့အတွက်ပါ...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Wall Plastering
The wall to be plastered must be at least 7 days old. Any efflorescence (salt deposits), dust, dirt, or paint stains must be cleaned. For brick walls, joints should be raked to a depth of about 10mm to ensure proper bonding between the wall and plaster.
For concrete surfaces, the following methods improve adhesion:
- Applying a cement slurry
- Roughening the surface by chipping
- Using an approved bonding agent
If the surface is not clean or too smooth, the plaster may not adhere properly, leading to poor bonding or air pockets.
To maintain consistent plaster thickness, small mortar guide blocks (about 1.5 inches thick) should be placed at 1-meter intervals as reference points (commonly called para or pier blocks).
Before plastering, the wall should be pre-wetted to maintain moisture. Dry brick or concrete surfaces absorb water from the plaster mix, reducing the water needed for cement hydration and weakening the mortar strength.
Standard plaster thickness ranges from 20mm to 25mm. Thinner applications may use one coat, while thicker sections require two or three coats (most workers use a single coat to save labor costs, but this can lead to air gaps). For railway projects, three coats are mandatory.
After plastering, curing (watering) should begin 48 hours later and continue for about 7 days to ensure proper mortar strength.





Comments
Post a Comment