What is CORS in Surveying? How is it Applied in Construction and Other Fields?
Surveying လုပ်ငန်းမှာ CORS ဆိုတာဘာလဲ? ဆောက်လုပ်ရေးနှင့် အခြားနယ်ပယ်များမှာ မည်သို့အသုံးချသနည်း?
CORS ဆိုတာ Continuously Operating Reference Station ကို အတိုကောက်ခေါ်တာပါ။ ၎င်းသည် တိကျမှု မြင့်မားတဲ့ တည်နေရာသတ်မှတ်ခြင်း (positioning) အတွက် အချိန်နှင့်တစ်ပြေးညီ correction data များကို ပေးပို့ ထောက်ပံ့တဲ့ Coordinate သိထားပြီးသား (known point) GNSS (သို့မဟုတ် GPS) base station တစ်ခုဖြစ်ပါတယ်။
ကျွန်တော် ရန်ကုန်မှာလုပ်ခဲ့တဲ့ ပရောဂျက်တစ်ခုမှာ Surveyors တွေဟာ GNSS receiver တစ်လုံးတည်းနဲ့ (Total Station ဒါမှမဟုတ် local base station မပါဘဲ) အလုပ်လုပ်နေတာကို မြင်ဖူးပါတယ်။ သူတို့ဟာ မြေပြင်အမှတ် (ground coordinates) တွေကို တိုက်ရိုက်ကောက်ယူနေကြတာပါ။ မေးကြည့်တော့ သူတို့က -
"ကျွန်တော်တို့ CORS ကို ချိတ်ဆက်ထားတယ် - Correction လုပ်ထားပြီးသား coordinate data တွေ ရရှိနေပါတယ်" တဲ့။
📍 How does CORS work?
1. CORS station တစ်ခုကို သိထားပြီးသား ပုံသေတည်နေရာတစ်ခု (known fixed points) မှာ တပ်ဆင်ထားပါတယ်။
2. ၎င်းဟာ satellite signals တွေကို အဆက်မပြတ်လက်ခံပါတယ်။
3. ထို signal များထဲက small error တွေကို correction လုပ်ပြန်လည်တွက်ချက်ပါတယ်။
4. error တွေကို Correction လုပ်ပြီးသား data တွေကို internet ကနေတဆင့် သင့်ရဲ့ GNSS receiver ဆီကို ပို့ပေးပါတယ်။
5. သင့် receiver ဟာ အဲဒီ corrections data တွေကိုသုံးပြီး centimeter-level အထိတိကျတဲ့ ground positioning coordinates တွေကို ပေးပါတယ်။
📐Construction လုပ်ငန်းမှာ CORS အသုံးဝင်ပုံ
✅ Accurate boundary, topographic, and layout surveys
✅ Fast and precise setting-out (foundation, columns, roads, etc.)
✅ Earthwork volume calculation
✅ As-built checking and alignment verification
✅ Save time – ကိုယ်တိုင် RTK နဲ့ Known point မှာ Base station တစ်ခုထောင်စရာမလိုခြင်း စတဲ့ အကျိုးကျေးဇူးတွေနှင့် အသုံးဝင်လှပါသည်။
Other Purposes of Using CORS
🔸 Progress Monitoring
တိကျတဲ့ တိုင်းတာမှုတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ပြောင်းလဲမှုကို အချိန်နှင့် တပြေးညီစောင့်ကြည့်နိုင်ပါတယ်။
🔸Environmental Monitoring
CORS data များက မြေပြင်ရွေ့လျားမှု၊ မြေပြိုခြင်း (ground subsidence)၊ ကမ်းရိုးတန်းပြောင်းလဲမှုများ စတာတွေကို စောင့်ကြည့်ရာမှာ အသုံးဝင်ပါတယ်။
🔸 Earthquake & Geophysical Studies
CORS data များကို အသုံးပြုပြီး ငလျင်မတိုင်မီနှင့် ငလျင်လှုပ်ပြီးနောက် မြေမျက်နှာပြင်ပြောင်းလဲမှုများ၊ အက်ကွဲကြောင်း (Fault) များရဲ့ အခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နိုင်ခြင်း စတာတွေ ပြုလုပ်ကြပါသည်။
🌐 သတင်းကောင်းကတော့ CORS stations များဟာ ရန်ကုန်မှာ ၅ခုလောက်လည်ပတ်နေပြီလို့သိရပါတယ်။ JICA ၊ YCDC၊ မြေတိုင်းဦးစီးဌာနတို့ ပူးပေါင်းပြီး 2017 ခုနှစ်ကစတင်တည်ထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြားဒေသများမှာ ရှိနေပြီလား မသိပါ(edit: နေပြည် တော်မှာ ၄ခု၊ ပြင်ဦးလွင်မှာ ၁ခုရှိပါတယ်တဲ့)။ CORS station တွေဟာ 24/7 operating ပြုလုပ်နေရတဲ့ အတွက် continuous power supply/ internet စတဲ့ Facilities တွေလိုအပ်တဲ့ အတွက် ကုန်ကျစရိတ် အလွန်မြင့်မားပါတယ်တဲ့။ ဒါပေမယ့် Surveying & monitoring လုပ်ငန်းမှာတော့ အင်မတန် တိကျ မြန်ဆန်တဲ့ data တွေကို အချိန်နဲ့ တပြေးညီရရှိနိုင်တဲ့ အတွက် CORS station တွေ နိုင်ငံအနှံ့ လိုအပ်ပါတယ်။
Land surveyor တွေအတွက် လိုအပ်တာက RTK support ပါတဲ့ GNSS receiver တစ်လုံးနဲ့ mobile internet ချိတ်ဆက်နိုင်ဖို့သာဖြစ်ပါတယ်။ CORS data တွေရရှိနိုင်တဲ့ ဘယ်နေရာမဆို အလွယ်တကူ Survey လုပ်နိုင်စေမှာဖြစ်ပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
What is CORS in Surveying? How is it Applied in Construction and Other Fields?
CORS stands for Continuously Operating Reference Station. It is a permanently installed GNSS (or GPS) base station at a known coordinate point that provides real-time correction data for high-precision positioning.
During a project in Yangon, I once saw surveyors working with just a single GNSS receiver (without a total station or local base station), directly capturing ground coordinates. When asked, they explained:
"We're connected to CORS—we're already receiving corrected coordinate data."
How Does CORS Work?
1. A CORS station is installed at a fixed, known location.
2. It continuously receives satellite signals.
3. It calculates and corrects small errors in these signals.
4. The corrected data is sent via internet to your GNSS receiver.
5. Your receiver uses this data to provide centimeter-level accurate positioning.
Benefits of CORS in Construction
✅ Accurate boundary, topographic, and layout surveys
✅ Fast and precise setting-out (foundations, columns, roads, etc.)
✅ Earthwork volume calculations
✅ As-built verification and alignment checks
✅ Saves time – No need to set up your own RTK base station.
Other Applications of CORS
🔸 Progress Monitoring
Enables real-time tracking of construction progress with precise measurements.
🔸 Environmental Monitoring
Used to observe ground movement, landslides, and coastal erosion.
🔸 Earthquake & Geophysical Studies
Helps monitor ground deformation before/after earthquakes and fault line activity.
Good News: CORS in Myanmar
As of now, five CORS stations are operational in Yangon, established in 2017 through collaboration between JICA, YCDC, and the Survey Department.
- Naypyidaw has 4 stations.
- Pyin Oo Lwin has 1 station.
Challenges:
CORS requires 24/7 power and stable internet, making it expensive to maintain. However, its real-time, high-precision data makes it invaluable for surveying and monitoring.
For surveyors, all you need is:
✔️ An RTK-enabled GNSS receiver
✔️ Mobile internet
With these, you can conduct surveys anywhere with CORS coverage—quickly and accurately.





Comments
Post a Comment