Posts

HPBC recommendation on PIT, ULT and WLT

Image
 Ultimate Pile Load Test နှင့် Working Pile Load Test များဆောင်ရွက်ရာတွင် Pile Integrity Test စမ်းသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း HPBC (ယခင် CQHP) မှ အကြံပြုထားပါတယ်။ ULT နှင့် WLT များပြုလုပ်ကြတဲ့အခါ တခါတရံ Test Pile ရဲ့ အရည်အသွေးမပြည့်၀မှုကြောင့် လုပ်ငန်းကြန့်ကြာမှု ဆုံးရှုံးမှုများဖြစ်ပေါ်နေကြလို့ အချိန်၊ငွေ ဆုံးရှုံးမှု သက်သာနိုင်စေရန် Pile Load Test များ မဆောင်ရွက်ခင် Pile Integrity Test စမ်းသပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်တဲ့။ ဆိုလိုတာကတော့ ULT နှင့် WLT များပြုလုပ်ဖို့ အချိန်၊ ကုန်ကျစရိတ်များပြားပါတယ်။ Load Test ပြုလုပ်ပြီး Fail လျှင် ဖြေရှင်းရတာတွေ၊ Test ထပ်မံပြုလုပ်ဖို့တွေအတွပ် အလုပ်ရှုပ်ကြရပါတယ်။ ဒါကြောင့် ULT, WLT လုပ်မယ့် Test pile ကို မြန်ဆန်လွယ်ကူတဲ့ PIT (Pile Integrity Test) ကြိုတင်ပြုလုပ်ကြည့်ပြီး quality issue မရှိဘူးဆိုမှ အဆိုပါ pile ကို ULT, WLT ပြုလုပ်စေဖို့ HPBC မှ အကြံပြုခြင်းဖြစ်သည်ဟု နားလည်မိပါသည်။  (၂၀၁၈ ခုနှစ်က အကြံပြုစာဆိုတော့ ယခု မည်သို့ ဆောင်ရွက်နေကြသလဲ  သိချင်မိပါတယ်)  Ref: HPBC manual ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄) It is recommended by the HPBC ...

Pile Integrity Test for Bored Pile (Thermal Integrity Profiling test, TIP)

Image
 Pile Integrity Test for Bored Pile (Thermal Integrity Profiling test, TIP) Pile Integrity Test စစ်ဆေးရာမှာ Low strain impact test နှင့် Cross-hole sonic logging test တွေဟာ concrete သက်တမ်း 3~7-days လောက်မှ စမ်းသပ်လို့ရပါတယ်။ Thermal Integrity Profiling Test (TIP) ကတော့ 24~48-hours အတွင်းမှာ Pile concrete integrity / Continuity ကို သိရှိစေနိုင်ပါတယ်။ TIP အတွက် ASTM D-7949 ကို reference standard အဖြစ်အသုံးပြုကြပါသည်။ 📌 Testing methods Concrete curing process မှာ ထွက်ပေါ်လာတဲ့ Heat of Hydration ကွန်ကရစ်အပူရှိန်ကို Thermal Profile အဖြစ်ပုံဖော်ပြီး Bored pile concrete ရဲ့ Homogeneity / Integrity ကို စစ်ဆေးခြင်းဖြစ်ပါသည်။ Rebar cage မှာ Access ducts များထည့်မြှုပ်ပြီး Thermal probes များဖြင့် ထည့်သွင်းစစ်ဆေးခြင်းနည်းနှင့် Rebar cage ပတ်လည်မှာ Thermal sensors များချည်နှောင်ပြီး Concrete temperature ကို စစ်ဆေးတဲ့ နည်းစသည်ဖြင့် နည်းလမ်း 2-မျိုးပြုလုပ်ကြပါသည်။ 📌 Concept of TIP Concrete လောင်းပြီးနောက် အပူရှိန်ထွက်လာပါတယ်။ Concrete temperature ကို Bored pile depth တလျောက်၊ Cross-section ar...

Pile Integrity Test for Bored Pile (Cross-hole Sonic Logging Test, CSL)

Image
 Pile Integrity Test for Bored Pile (Cross-hole Sonic Logging Test, CSL) Cross-hole ဆိုတဲ့အတိုင်း Test pile မှာကြိုတင်ထည့်သွင်းထားတဲ့ Sonic Tube ခေါ် Steel tubes 4-Nos ကို Cross pair ဖြတ်ပြီး Ultrasonic pulse များဖြတ်သန်းစေကာ defect ရှာဖွေခြင်းဖြစ်ပါသည်။ Ultrasonic cross-hole test (or) cross-hole sonic logging test (CSL) အတွက် ASTM D-6760 standard ကို လိုက်နာကြပါသည်။ ☘️ Sonic Tube (Steel pipes) Installation  Bored pile concrete မလောင်းခင်ကတည်းက Steel pipes များကို Rebar cage မှာ pile length အတိုင်းတပ်ဆင်ရပါသည်။ Steel pipe အဆက်များရေလုံစေဖို့ welding သေချာဆော်ပြီး leakage test စစ်ဆေးရပါသည်။ Concrete လောင်းပြီးနောက် Pile hacking ပြုလုပ်ပြီးလျင် Steel tubes များကို ‌ ရေထိုးသန့်ရှင်းရေးလုပ်ကာ အညစ်အကြေးများပိတ်ဆို့နေခြင်းရှိမရှိ sounding တိုင်းပြီး ‌ရေဖြည့်ရမည်။  ☘️ Testing Procedure  Cross Hole Analyzer ဖြင့်ချိတ်ဆက်ထားတဲ့ Transmitter probe နှင့် Receiver probe ကို Steel tube hole နှစ်ခုစီအတွင်း ပြိုင်တူ ဖြည်းဖြည်းချင်း ကျင်းအောက်ခြေအထိချပြီး ပြန်လည်ဆွဲတင်ပါသည်။ Transmit...

Pile Integrity Test for Bored Pile (Low Strain Impact Test / PIT)

Image
 Pile Integrity Test for Bored Pile (Low Strain Impact Test / PIT)  Bored pile testing လုပ်ငန်းမှာ Load test များစမ်းသပ်စစ်ဆေးရသလို Pile Integrity Test / Continuity Test စမ်းသပ်ပြီး Bored pile concrete ရဲ့ အရည်အသွေးကောင်းမွန်မှုကို စစ်ဆေးကြပါသည်။ Bored pile drilling လုပ်ငန်းစဥ်မှာ Pile size နှင့် Pile depth ကို Koden sounding test ဖြင့်စစ်ဆေးအတည်ပြုခဲ့သော်လည်း Concrete လောင်းစဥ်မှာ အကြောင်းအမျိုးမျိုးကြောင့် Pile diameter မပြည့်မှီတာတွေ၊ အပြစ်အနာအဆာတွေ ဖြစ်ပေါ်နိုင်ပါသည်။ ဒါကြောင့် Pile Integrity Test စမ်းသပ်စစ်ဆေးကြပြီး အပြစ်အနာအဆာကင်းစင်မှုကို အတည်ပြုကြပါသည်။ Integrity Test/ continuity test လုပ်ငန်းတွင် Low Strain Impact Test (PIT), Ultrasonic Cross-hole Test (Cross-hole Sonic Logging Test, CSL) နှင့် Thermal Integrity Profiling test (TIP) တို့ဖြင့် စမ်းသပ်စစ်ဆေးကြပါသည်။ 📌 Low Strain Impact Test ( Pile Integrity Tester, PIT)  လက်ကိုင်တူငယ်ဖြင့် အားအနည်းငယ်သာ အသုံးပြုပြီး ထုရိုက်စစ်ဆေးရလို့ low strain impact လို့ခေါ်တာပါ။  Bored pile concrete  7- ရက်သားကျော်မှ...

Bored Pile Load Test (Equipment & Tools)

Image
  Bored Pile Load Test (Equipment & Tools) Static load test နှင့် Dynamic load test ပြုလုပ်ရာတွင် အသုံးပြုသော Equipment & tools များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -Hydraulic Jack for vertical and lateral load apply  -Load cell (optional) for direct load measurements  -Pressure Gauge for measuring jack pressure (indirect load) -Dial Gauges for measuring displacement  -LVDT (linear variation displacement transducer) for precise settlement/displacement readings  -Strain Gauges for measuring stress/force in pile -Accelerometers for measuring pile acceleration (velocity) -Steel reaction frame / Kentledge to transfer jack load to pile -Hammer to apply impact load -PDA (pile driving analyzer) measures force and velocity during hammer impact အထက်ပါ tool & equipment များကို Certified calibration laboratory များတွင် calibrate ပြုလုပ်ရမည်။ ☘️HPBC guidelines for Calibration  -Pie load test ပြုလုပ်ရာတွင် system တစ်ခုလုံးအတွက် calibration ပြုလုပ်ထားလျင် Load ce...

Bored Pile Load Test (Dynamic Load Test / PDA Test)

Image
  Bored Pile Load Test (Dynamic Load Test / PDA Test) Dynamic Load Test ဆိုတာ သတ်မှတ်အလေးတုံး (Weight hammer) ကို သတ်မှတ်အမြင့် မတင် ပြီး Pile ထိပ်မျက်နှာပြင်ပေါ်ကို Free fall လွှတ်ချ၍ ဆောင့်ရိုက်စမ်းသပ်ခြင်းဖြစ်ပါသည်။ Drop Impact ကြောင့် ဖြစ်ပေါ်လာတဲ့ Strain and acceleration ကို Sensor များမှတဆင့် Pile Dynamic Analyzer (PDA) လို့ခေါ်တဲ့ စက်ဖြင့် ချိတ်ဆက်ပြီး Pile bearing capacity, pile integrity, skin friction စသည်တို့ ကိုတွက်ထုတ်ခြင်းဖြစ်ပါသည်။  ✏️Pile dynamic load test အတွက် Standard အဖြစ် ASTM D 4945 ကို လိုက်နာကြပါတယ်။ 🔹 Preparation of Pile Head Test pile ကို 7-days (သို့) 85% of 28-days strength ပြည့်မှ PDA စမ်းသပ်ရမည်။ Pile ထိပ်မျက်နှာပြင် ညီညာစေဖို့ Grouting လောင်းခြင်းစတဲ့  Pile Head Treatment ကြိုတင်ပြုလုပ်ထားရမည်။  Hammer ရိုက်ချက်ကြောင့် Pile ထိပ်ကွန်ကရစ်သားတွေ ထိခိုက်မှုနည်းအောင် အထပ်သားပြားစသည်တို့ကို Cushion အဖြစ် ခံပါသည်။ 🔹 Installation of Equipment Drop Hammer အတွက် weight များ၊ Guide frame များတပ်ဆင်ပါသည်။ Testing sensor accessories များဖြစ်တဲ့ St...

Bored Pile Load Test (Static Load Test in Tension and Lateral Load)

Image
 Bored Pile Load Test (Static Load Test in Tension and Lateral Load) 📌Pile load test ဆိုလျင် အပေါ်ကနေ အလေးဝန်တင်ပြီး ဖိချတဲ့ နည်းလမ်း (Compression test) က အသုံးများပေမယ့် uplift pressure (အပေါ်ကိုဆွဲမပြီး ကြွတက်စေတဲ့ အား) ခံစားရနိုင်တဲ့ Towers foundation, anchor piles နှင့် Retaining structures foundation တွေရဲ့ Pile တွေကို Tension Test / Pullout Test ပြုလုပ်စစ်ဆေးကြပါသည်။  📌Wind, seismic, earth pressure နှင့် water flow load စတဲ့ ဘေးတိုက်သက်ရောက်အား (Horizontal force) ခံစားရတဲ့ Bridge piers, Towers, Marine piles စတာတွေကို Lateral static load test စမ်းသပ်စစ်ဆေးကြပါသည်။ 🔹Static Load Test in Tension (Pullout Test) Tension force ပေးမယ့် Test pile points ဘေးမှာ Reaction piles (anchor piles) များတည်ဆောက်ရပါသည်။ Anchor piles များကို Reaction Beam (Steel beams) ဖြင့် ချိတ်ဆက်ရပါသည်။ Test pile ထိပ်မှာ anchor connection အတွက် လိုအပ်တဲ့ embedded hook /anchorage များကြိုတင်တပ်ဆင်ထားရမည်။  Test pile နှင့် Reaction beam ကို Anchorage frame ဖြင့် ချိတ်ဆက်ကာ Hydraulic jack (pressing ...