Aggregate for Concrete Work
ကွန်ကရစ် လုပ်ငန်းသုံးကျောက်
အရည်အသွေးကောင်းတဲ့ ကျောက်ဟာ သန့်ရှင်းမှု(Clean)၊ မာကျောမှု (Hardness)၊ တာရှည်ခံမှု (Durability) ကောင်းမွန်ရပါမယ်...
Physical property of aggregate
ASTM C33 Standard အရ crushed rock or aggregateရဲ့ Specific Gravity ဟာ 2.5 to 3 အတွင်းရှိရမယ်။ ရေစုပ်ယူမှု (Absorption) 2% max ရှိရပါမယ်။ ရေစုပ်ယူမှုများရင် သက်နုကျောက်၊ကျောက်ပွ ဖြစ်နိုင်လို့ ကွန်ကရစ်ရဲ့ မာကျောမှု ကျဆင်းစေပါမည်။ Clay lump ခေါ် ရွှံ့မြေပါ၀င်မှု 3% သာအများဆုံးပါ၀င်ရမှာဖြစ်ပြီး Clay ပါ၀င်မှု များရင် ရေ သေချာဆေးပြီးမှသာ သုံးစွဲသင့်ပါသည်။ ပွန်းစားမှု (Abrasion) 50% max ရှိရပါမယ်။ Abrasion တန်ဖိုးများလျှင် ပွန်းစားမှုများလို့ ကျောက်ရဲ့ မာကျောမှု အရည်အသွေးကျဆင်း စေပါမည်။ ပြားတဲ့ကျောက်၊ ရှည် မျောမျောဖြစ်နေတဲ့ကျောက်တွေဟာ Bonding Strength & hardness အားနည်းစေလို့ Elongation and Flakiness Index တန်ဖိုး ရှာဖွေပြီး ပြားတဲ့ရှည်တဲ့ကျောက်တွေ 15% ထက်ပိုမိုမပါ၀င်စေသင့်ပါဘူးတဲ့(BS, IS standardsတွေအရ)…
Cleaning of aggregate on site
On Site မှာတော့ အထက်ပါအချက်တွေကို စစ်ဆေးဖို့ မဖြစ်နိုင်ပေမယ့် အမှိုက်သရိုက်နဲ့ ရွံ့၊ ဖုန်မှုံ့၊ မြေကြီးတွေ များနေမယ်၊ ရောနှောပါ၀င်နေမယ်ဆိုလျှင် အနည်းဆုံး ရေဆေး ဇကာချပြီးမှသာ Concrete site mix ပြုလုပ်သင့်ပါတယ်။
Storage of aggregate
ကျောက်ကို သဲကဲ့သို့ပင် သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာ အမိုးအကာနှင့် သိုလှောင်ထားသင့်ပါတယ်။ နေရောင်တိုက်ရိုက်မကျစေသင့်ပါ။ ကျောက်ရဲ့ အပူရှိန်မြင့်တက်နေလျှင် fresh concrete mix ရဲ့ အပူရှိန်ကိုမြင့်တက်စေလို့ ရေအေးဖျန်းတာမျိုး (Sprinkler watering) ပြုလုပ်သင့်ပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Aggregate for Concrete Work
High-quality aggregate must exhibit cleanliness, hardness, and durability.
Physical Properties of Aggregate
As per ASTM C33 standards:
- Specific Gravity: 2.5 to 3
- Water Absorption: ≤2% max. Higher absorption indicates weak/porous rock, reducing concrete hardness.
- Clay Lumps: ≤3% max. If exceeded, thorough washing is required before use.
- Abrasion Value: ≤50% max. Higher values indicate lower rock hardness/quality.
- Flaky/Elongated Particles: BS/IS standards limit these to ≤15% of total aggregate, as they weaken bonding strength. Elongation and Flakiness Index must be measured.
On-Site Aggregate Cleaning
While full lab testing isn’t feasible on-site, visibly contaminated aggregates (with mud, dust, or debris) should be rinsed and sieved before concrete mixing.
Aggregate Storage
Aggregates must be stored in clean, dry, covered areas away from direct sunlight. If rock temperature rises, sprinkler cooling is necessary to prevent excessive heat in fresh concrete mix.
Comments
Post a Comment