Liquid Limit and Plastic Limit (Atterberg's Limit)
Liquid Limit and Plastic Limit (Atterberg's Limit)
မြေကြီးနဲ့ ပတ်သက်လုပ်ကိုင်နေသူတွေ သိထားသင့်တဲ့၊ soil test report တွေမှာ အမြဲပါတဲ့ Liquid limit, plastic limit နှင့် plasticity index အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပါရစေ။
ငယ်ငယ်က လယ်ကန်သင်းရိုးဘေး ရွှံ့စေးတူးပြီး လောက်စာလုံး လုံး ဂေါ်လီပစ်တမ်း ဆော့ကြ၊ လေးဂွပစ်ကြ၊ မိန်းကလေးတွေက အိုးပုတ်ချိုးရုပ်လုပ်ကြနဲ့ ကလေးဘ၀ဖြတ်သန်းဖူးကြတယ်။ မစိုမခြောက် နုညက်တဲ့ မြေသားတွေ ရွေးတတ်ခဲ့ကြတယ်။ သဲကြမ်းလိုမြေ ကျောက်သေးသေးလေးတွေပါတဲ့မြေမျိုးဆိုရင် လုံးလို့ ပုံသွင်းလို့ မကောင်းဘူးပေါ့။
ရွံ့စေးရဲ့ အမာအပျော့ ဟာ အစိုဓါတ် (ရေပါ၀င်မှု Moisture Content) ပေါ် မူတည်တယ်။ ရွှံ့ခဲ အမာ ကနေ ပုံသွင်းလို့ရတဲ့ ကြားအခြေအနေကို Solid to Semisolid လို့ခေါ်ပြီး အဆိုပါ Soil sample ရဲ့ ရေပါ၀င်မှုကို Shrinkage Limit လို့ ခေါ်ကြတယ်။ (Strain ဆိုတဲ့ပုံပျက် သွားစေဖို့ Stress အားတစ်ခုပေးရတယ်)။ လောက်စာလုံး က မလုံးဘဲ ပြားပြားလေး ပုံပျက်လာပြီဆိုရင် ရေပါ၀င်မှု ပိုများ လာလို့ Semisolid to Plastic stage ဖြစ်ပြီး Plastic Limit (PL) လို့ ပြောမှာပေါ့ (Stress နည်းနည်းပေးရုံနဲ့ ပုံပျက်ချင်နေပြီ)။ ရေကဒီထက်ပိုများလာပြီး အစိုင်အခဲပုံစံပျောက်သွားပြီဆိုရင် Plastic to Liquid stage လို့ခေါ်ပြီး အဲဒီအခြေအနေမှာ ရှိတဲ့မြေသားရဲ့ရေပါ၀င်မှုကို Liquid Limit (LL) လို့ခေါ်ပါတယ် (Stress ပေးစရာတောင် မလိုဘဲ ပုံပျက် Flow သွားတာမျိုး)။
LL - PL = Plasticity Index (PI) ရပါတယ်...LL, PL, PI တွေဟာ Atterberg Limits ပါပဲ...
Liquid Limit 40% ထက်နည်းတဲ့ မြေသားတွေကို လမ်းလုပ်ငန်းတွေမှာသုံးကြပါတယ် … LL များရင် Plasticity Index (PI) လည်းများ လာပြီး အဆိုပါမြေသားတွေဟာ Poor compaction ဖြစ်စေလို့ Slope/ Subgrade construction တွေမှာ လိုအပ်တဲ့ Density, Bearing capacity ရဖို့ခက်ခဲတယ်လို့ ဆိုကြပါတယ်...Plasticity Index 10% ထက်နည်းရင် Silty နုံးမြေဆန်တယ်၊ Slope protectionလိုနေရာတွေမှာ သိပ်မကြိုက်ကြဘူး၊ Erosion ဖြစ်လွယ်တယ်... PI 10% ထက်များရင် Clayey ရွှံ့မြေဆန်တယ်၊ Erosion ပိုခံနိုင်တယ် တဲ့... (YMR Project preferred data)
Liquid Limit ကို Laboratory မှာ Liquid Limit Device နဲ့ရှာနိုင်ပြီး Plastic Limit ကိုတော့ မုန့်ချောင်းလေးတွေလို လှိမ့်ပြီး sample ရဲ့ရေပါ၀င်မှုကို ရှာနိုင်ပါတယ်...မြို့ပြအင်ယာ တွေအနေနဲ့ Soil Test report တွေကြည့်တတ်ဖို့ Atterberg limits အခြေခံလေးတွေသိထားရင် ကောင်းတာပေါ့... ဒါမှ Soil sample ကို သုံးသင့် မသင့် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Liquid Limit and Plastic Limit (Atterberg's Limits)
For those working with soil, here's some essential knowledge about Liquid Limit (LL),Plastic Limit (PL), and Plasticity Index (PI), which are always included in soil test reports. Let me share this as a helpful overview.
When we were kids, we used to play by digging clay from pond embankments, shaping small balls, throwing marbles, or making clay dolls. Back then, we instinctively knew to choose soft, semi-dry soil. Coarse sandy soil or soil mixed with small gravel wasn’t ideal for molding.
The hardness or softness of clay depends on its moisture content (water content). When soil transitions from a solid to a semi-solid state (where deformation requires stress), the moisture content at this stage is called the Shrinkage Limit. If the soil becomes too moist to hold its shape (e.g., a solid soil
ball flattens easily), it enters the semi-solid to plastic stage, and its moisture content is termed the Plastic Limit (PL) (minimal stress causes deformation). When water content increases further, losing its solid form entirely, it reaches the plastic to liquid stage, and the corresponding moisture content is the Liquid Limit (LL) (flows without needing stress).
The equation "LL – PL = Plasticity Index (PI)" gives the Plasticity Index. Together, LL, PL, and PI are known as the Atterberg Limits.
In road construction, soils with LL < 40% are preferred. Higher LL means a higher PI, leading to poor compaction, making it difficult to achieve required density and bearing capacity for slopes or subgrades. Soils with PI < 10% are considered silty (prone to erosion, unsuitable for slope protection), while PI > 10% indicates clayey soil (better erosion resistance). (Preferred criteria from YMR Project)
In labs, the Liquid Limit is measured using a Liquid Limit Device, while the Plastic Limit is determined by rolling soil into threads and checking moisture content. For civil engineers, understanding these basics helps interpret soil test reports and decide whether a soil sample is suitable for use.



Comments
Post a Comment