Rebar Tensile Strength and Yield Strength Ratio (fu/fy)

 Rebar တွေရဲ့ Tensile strength နှင့် Yield strength အချိုး (fu/fy)

Rebar ကို laboratory မှာ testing လုပ်တဲ့အခါ Tensile strength နှင့် Bending strength စမ်းလေ့ရှိတယ်။
Tensile strength test ပြုလုပ်ပြီးနောက် Yield strength, tensile strength နှင့် Elongation တန်ဖိုးများကို  stress/strain curve နှင့်တကွ ဖော်ပြပြီး Test report ထုတ်ပေးပါသည်။ Tensile strength နှင့် Yield strength အချိုးကိုလည်း ဖော်ပြပေးထားပါသည်။

Rebar ရဲ့ Yield Strength(fy) ဆိုတာဘာလဲ

Yield strength ဆိုတာ rebar ကို stress ပေးလိုက်လို့ stress တန်ဖိုးတစ်ခုမှာ rebar က ပုံစံစတင်ပျက်ယွင်းသွားတဲ့ stress တန်ဖိုးဖြစ်ပါတယ်။ တနည်း rebar က သူ့ရဲ့ ပုံစံမပျက်ယွင်းဘဲ အများဆုံးခံနိုင်တဲ့ stress ဟာ Yield strength ဖြစ်ပါတယ်။ Design တွက်ချက်မှုမှာ အဓိက သုံးစွဲတာ Yield strength တန်ဖိုးဖြစ်ပါတယ်။

Tensile strength of Rebar(fu)

Rebar ကို Yield strength ထက်ကျော်လွန်ပြီး အားထပ်ထည့်ဆွဲမယ်ဆိုရင် rebar ပုံပျက်ပေမယ့် ထပ်ဆွဲလို့ရသေးတယ်၊ အားတစ်ခုမှာတော့ rebar ဟာ ပြတ်ထွက်သွားတော့မယ်၊ အဲဒီ မပြတ်ခင်တန်ဖိုးကိုတော့ Tensile strength လို့ခေါ်ပါတယ်။ Ultimate strength of rebar လို့လည်းခေါ်နိုင်ပါတယ်။

Ratio of Tensile strength and Yield strength (fu/fy)

fu/fy တန်ဖိုးများလျှင် stress-strain curve အရ plastic region area ပိုကျယ်တယ်၊ rebar ရဲ့ breaking point မရောက်ခင်ထိ stress ပိုခံနိုင်တယ်၊ ductility ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ Ductility ကောင်းတဲ့ rebar တွေဟာ High-rise building တွေ၊ ငလျင်ဒဏ်ခံအ‌ဆောက်အအုံအတွက် သုံးစွဲဖို့ ပိုမို သင့်လျော်‌ပါတယ်တဲ့...

HPBC requirement of fu/fy (ACI 318)

Rebar ရဲ့ Tensile strength နှင့် Yield strength အချိုး fu/fy တန်ဖိုးဟာ 1.25 အနည်းဆုံးရှိရပါမယ်တဲ့...(ACI-318 ရဲ့ Earthquake -resistant structure အခန်းမှာလည်း ဖော်ပြထားပါတယ်)
သုံးစွဲမည့် rebar ကို 3rd party laboratory တွေမှာ စမ်းသပ်ပြီး test report များတင်ပြ၍ ခွင့်ပြုချက်ယူရပါမည်။



‌ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 

Rebar Tensile Strength and Yield Strength Ratio (fu/fy)  

 
Laboratory rebar testing typically includes tensile and bending tests. Tensile tests produce a stress-strain curve, with results indicating:  
- Yield strength (fy)  
- Tensile strength (fu)  
- Elongation (%)  
- fu/fy ratio  

 Key Definitions  

 
1. Yield Strength (fy):  
   - The maximum stress rebar withstands without permanent deformation.  
   - Primary value for structural design calculations.  

2. Tensile Strength (fu):  
   - The stress at which rebar fractures (ultimate strength).  
   - Occurs after yielding, during plastic deformation.  

Significance of fu/fy Ratio  

 
- Higher fu/fy ratio→ Greater ductility:  
  - Wider plastic region in stress-strain curve.  
  - Enhanced energy absorption before failure.  
- Critical for seismic resilience:  
  - Ductile rebar (high fu/fy) is mandatory for earthquake-resistant structures.  

 ACI 318 Requirement  

 
- Minimum fu/fy ≥ 1.25 for rebar in seismic zones (ACI 318, Earthquake-Resistant Structures chapter).  
- Third-party lab verification required via tensile testing reports.  

 Practical Implication  

 
High-ductility rebar (e.g., fu/fy ≥ 1.25) is essential for:  
- High-rise buildings  
- Structures in earthquake-prone areas  





Comments

Popular posts from this blog

Understanding Rebar Test Reports

Comparison of Crushed Rock and River Shingle