Ordinary Portland Cement (OPC)
ဘိလပ်မြေဆိုတာ (Ordinary Portland Cement, OPC)
“ဘိလပ်ရည် ချိုချိုလေး ငါယူမှာကအပျိုလေး...” ဆိုတဲ့ ရှမ်းပြည်အလှဖွဲ့ သီချင်းလေးထဲက ဘိလပ်ရည်ကို ခုခေတ်သောက်ဖူးကြဦးမလားမသိ😊...
ကျနော်တို့ ကလေးဘ၀က သိပ်ကြိုက်တဲ့ အချိုရည်ပေါ့...
ကိုလိုနီခေတ်ဦး အင်္ဂလိပ်ကုမ္ပဏီတွေက မြန်မာပြည်ထဲတင်သွင်းဖြန့်ချီထုတ်လုပ်ခဲ့လို့ အဲဒီခေတ် အင်္ဂလန်ကို “ဘိလပ်” ခေါ်ကြသလို အချိုရည်ကို “ဘိလပ်ရည်”တဲ့...
ဆောက်လုပ်ရေးအတွက် သူတို့ဆီကတင်သွင်းလာတဲ့ ခပ်ညိုညိုမြေမှုန့်ကျတော့ “ဘိလပ်မြေ” တဲ့...ဘိလပ်ကလာတဲ့ မြေမှုန့်ပေါ့ဗျာ...
Portland Stone
ရှေးခေတ် ဂရိ ရောမတွေဟာ ထုံးမှုန့် (Lime)/ မီးတောင်ချော်မှုန့် (Volcanic Ash: Pozzolan) တွေကို Cementitious material အဖြစ်အသုံးပြုခဲ့ကြတယ်…၁၈၂၄-ခုနှစ်မှာ England, Yorkshire ဒေသနေ Joseph Aspdin ဆိုသူက Limestone နဲ့ Clayကို ရောစပ်ပြီး ဘိလပ်မြေစမ်းသပ်ထုပ်လုပ်အောင်မြင်ခဲ့တယ်... ဘိလပ်မြေကိုရေနဲ့ရောစပ်ပြီးနောက် ရလာတဲ့ အတုံးအခဲရဲ့ အရောင်ဟာ England တောင်ပိုင်း Isle of Portland ပေါ့တ်လန်းကျွန်းကထွက်တဲ့ (Portland Stone) ကျောက်အရောင်နဲ့ အတော်တူလို့ “Portland Cement”ရယ်လို့ တရား၀င်အမည်ပေးလိုက်သတဲ့...ယခုခေတ်သုံး Ordinary Portland Cement (OPC) ဘိလပ်မြေပေါ့...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Ordinary Portland Cement (OPC)
In early colonial Burma, British companies imported and distributed goods. Locals called England "Bilap," hence the term "Bilap yay" (England drink) for sugary beverages. Similarly, the brown construction powder they imported became known as "Bilap myay" (England earth) – "Portland cement."
Historical Background
Ancient Greeks and Romans used lime (calcined limestone) and volcanic ash (pozzolan) as cementitious materials. In 1824, Joseph Aspdin from Yorkshire, England, successfully produced cement by calcining limestone and clay. The hardened mixture’s color resembled Portland Stone from England’s Isle of Portland, leading to its official name: Portland Cement. Today, it’s standard as Ordinary Portland Cement (OPC).
Comments
Post a Comment