Rebar Size and Weight Requirements
သံချောင်းလုံးရဲ့ ရှိသင့်တဲ့ Size & Weight
(မြန်မာပြည်မှာ Size မပြည့်တဲ့ သံချောင်းလုံးတွေ အထိန်းအကွပ်မဲ့ သုံးစွဲလျှက်ရှိပါတယ်။ ဈေးနှုန်းကြီးမြင့်လို့ ဈေးသက်သာတာ သုံးစွဲလိုတဲ့ clientရယ်၊ ဘာမှမဖြစ်ပါဘူးဟု ပေါ့ပေါ့ဆဆ သဘောထားတဲ့ အင်ယာတွေရယ်၊ အကျိုးအမြတ်ရှေ့တန်းတင်လွန်းတဲ့ လုပ်ငန်းရှင်တွေရယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှု အားနည်းတာတွေကြောင့် သံချောင်းလုံး ဆိုက်လျော့ သံသရာ ဆက်လည်နေဦးမှာပဲ။ ငလျင်ကြောင့်သွေးပူနေကြတုန်း အင်ယာတွေကိုယ်တိုင် ပိုမိုအာရုံစိုက်စေဖို့ ပိုစ့်အဟောင်းကို ပြန်ရှယ်လိုက်ပါတယ်)
Client လိုအပ်ချက်အရသော်လည်းကောင်း၊ HPBC guildelines အရသော်လည်းကောင်း Rebar ကို 3rd party laboratory မှာ Testing ပြုလုပ်ကြပါတယ်။ Rebar ရဲ့ Strength test တွေအပြင် physical property ဖြစ်တဲ့ nominal diameter ( size ) နှင့် weight (lb/ft or Kg/m) တန်ဖိုးတွေကိုစစ်ဆေးပြီး Test report မှာထည့်သွင်းဖော်ပြကြပါတယ်။
Structure dwg မှာဖော်ပြထားတဲ့ rebar
D10, D12, D16, D20 စသည်ဖြင့် ဖော်ပြသလို 10mmØ, 12mmØ, 16mmØ, 20mmØ စသည်ဖြင့်ဖော်ပြကြပါတယ်။ "D” တွေ “Ø” တွေက Diameter ဆိုလိုတာဖြစ်တယ် (D=deformed bar လို့လည်းသုံးတယ်)။ Designer လိုချင်တဲ့ Diameter ဆိုတာ nominal diameter လို့ခေါ်တဲ့ အရစ် ribs တွေမပါတဲ့ diameter ဖြစ်ပါတယ်။
Rebar Size
Size or diameter of deformed bar ကို အရစ်မပါတဲ့ နေရာမှာ Vernier clipper နဲ့ အကြမ်းဖျင်းတိုင်းတာနိုင်ပါတယ်။ HPBC guideline မှာတော့ size or diameter လျော့နည်းတဲ့ rebar တွေ မသုံးစွဲရန် ညွှန်ကြားထားပါတယ်။ ASTM A-615 မှာ Diameter အတွက် လက်ခံနိုင်တဲ့ tolerance ကို တိုက်ရိုက် မဖော်ပြထားပေမယ့် Permissible Variation in Weight [Mass] ကနေ သွယ်၀ိုက်ပြီး ±6 % အတွင်း size deviation ကို လက်ခံလို့ရတယ်လို့ ဆိုကြတယ်။ (calculation လုပ်ကြည့်တော့ အဆင်မပြေပါ)
Rebar Weight
Sample rebar ကို 1-meter length အတိဖြတ်ပြီး weight ချိန်ပါတယ်။ Kg/meter ရပါတယ်။ ASTM A-615 ရဲ့ Permissible Variation in Weight [Mass] အရ Nominal weight ရဲ့ at least 94 % ပြည့်မီရပါတယ်။ -6% သာလျော့နည်းနိုင်ပါတယ်။
Example:
for D10, nominal weight = 0.62 Kg/m
ဒါကြောင့် test specimen D10 ရဲ့ weight ဟာ အနည်းဆုံး (-6%), 0.58 Kg/m ရှိမှ Pass ဖြစ်ပါတယ်။ (လက်တွေ့မှာတော့ ဈေးကွက်ထဲရနိုင်တာရယ်၊ ဈေးနှုန်းရယ်၊ ဈေးကွက်အခေါ် size ပေါင်းစုံနဲ့ အဆင်ပြေသလို သုံးနေကြ၊ ငြင်းခုံကြနဲ့ အင်မတန်ရှုပ်ထွေးတဲ့ သံချောင်းလုံး လောကပါ☺️)
Rebar weight တွက်တဲ့ အလွယ် Formula
မိမိတွက် လိုတဲ့ rebar diameter နှစ်ထပ်ကိန်းကို 0.0061654 နဲ့ မြှောက်လိုက် လျင် Weight (Kg/m) ရပါမယ်။ (Weight,Kg/m = D2 X 0.0061654)
Formula derivation ကတော့
Density = Weight / Volume, Steel density= 7850 Kg/m3 နဲ့ တွက် ယူပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Rebar Size and Weight Requirements
(Note: Undersized rebar remains prevalent in Myanmar due to high costs, client preference for cheaper options, contractor negligence, profit-driven suppliers, and weak regulatory oversight. This post is reshared to urge engineers to prioritize compliance amid earthquake concerns.)
Testing Protocol
Per client requirements or HPBC guidelines, rebar undergoes third-party lab testing for:
- Strength properties (yield/tensile)
- Physical dimensions: Nominal diameter (size) and weight (kg/m or lb/ft)
Results are documented in test reports.
Rebar Size in Structural Drawings
Marked as D10, D12, etc. (D = deformed bar) or Ø10mm, Ø12mm, etc.:
- Nominal diameter: Base diameter excluding ribs (designer-specified dimension).
- Measurement: Taken with Vernier calipers on non-ribbed sections.
- Tolerance: ASTM A-615 permits ±6% weight variation, indirectly accepting minor size deviations. HPBC prohibits undersized bars.
Rebar Weight Verification
1. Cut a 1-meter sample and weigh it (kg/m).
2. ASTM A-615 Requirement: Minimum weight = 94% of nominal weight (-6% tolerance).
Example for D10:
- Nominal weight: 0.62 kg/m
- Minimum acceptable: 0.58 kg/m (94% of 0.62)
(Market realities: Diverse sizes and prices complicate compliance, leading to widespread non-standard use.)
Weight Calculation Formula
Weight (kg/m) = D² × 0.0061654
Derivation: Based on steel density (7850 kg/m³):
`Weight = Volume × Density = (πD²/4) × 1m × 7850 kg/m³ = D² × 0.0061654`
Comments
Post a Comment