Reinforcement bar (Rebar)

 သံချောင်းလုံး (Reinforcement bar or Rebar)

‌ရောမခေတ်ကတည်း က သံ (cast iron) တွေ၊ သစ်သားချောင်းတွေကို Masonry Construction တွေမှာ သုံးစွဲခဲ့ကြတယ်။ ၁၉-ရာစုအရောက်မှာတော့ သံ (cast iron) အစား သံမဏိ (Steel) ကိုအသုံးပြုပြီး ပိုမိုမြင့်မားတဲ့ ခိုင်ခံ့တဲ့ ကွန်ကရစ်အဆောက်အဦး(tall R.C.C building) တွေတည်ဆောက်လာကြတယ်။ Plane steel bar တွေကနေတဆင့် Ribbed steel bar (Deformed bar) တွေထုတ်လုပ်လာကြပြီး Modern building and construction တွေ တည်ဆောက်လာနိုင်ကြတယ်။

Reinforcement bar (Rebar) ဆိုတာ အားကူပေးတဲ့ သံချောင်းပေါ့။ ကွန်ကရစ် (Concrete) ဟာ ဖိအား (Compressive strength) ဒဏ်ကိုအတော်အတန်ခံနိုင်ပေမယ့် ဆွဲအား (Tensile strength) ဒဏ်ခံနိုင်မှု သိပ်နည်းပါတယ်။ ဒါကြောင့် ကွန်ကရစ်ထဲမှာ သံချောင်းလုံးထည့်ပြီး (အားကူ) ပေါင်းစပ်လိုက်တဲ့အခါကျတော့ ဖိအားရော ဆွဲအားပါခံနိုင်တဲ့ Reinforced Concrete Structural member တွေရရှိပါတယ်။ ဒါကြောင့် အားကူ သံချောင်းထည့်ထားတဲ့ ကွန်ကရစ်၊ သံကူကွန်ကရစ် (RC) လို့ခေါ်ကြတာပေါ့...

ယခင်က ပြောင်ချောသံချောင်း (Plain bar) တွေသုံးခဲ့ပေမယ့် ထုတ်လုပ်မှုနည်းပညာတွေတိုးတက်လာတာ နဲ့အမျှ ကွန်ကရစ်နဲ့သံချောင်း စွဲကပ်တွဲဆက်မှု (Bonding) ပိုကောင်းတဲ့၊ Strength ပိုကောင်းတဲ့ အရစ်(Ribbed) ပါ သံချောင်းလုံး (Deformed bar) တွေ ပိုမိုသုံးစွဲလာခဲ့ကြပါတယ်။ Plain bar တွေကိုတော့ Dowel bar အနေနဲ့ Brick laying work တွေ Expansion Joint in Concrete Road pavement တွေမှာ အဓိက သုံးစွဲလျက်ရှိပါသေးတယ်...

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 Reinforcement Bar (Rebar)  

Since Roman times, cast iron and timber beams were used in masonry construction. By the 19th century, steel replaced cast iron, enabling stronger reinforced concrete (R.C.C.) structures. The evolution from plain steel bars to ribbed deformed bars revolutionized modern construction.  

Purpose of Rebar 

 
Concrete withstands compressive forces well but has low tensile strength. Embedding steel bars ("reinforcement") creates reinforced concrete that resists both compression and tension, forming structural members like beams and columns.  

Types of Rebar  


1. Deformed Bars (Ribbed):  
   - Enhanced bonding with concrete due to surface ribs  
   - Higher strength; standard for modern R.C.C. works  
2. Plain Bars:  
   - Primarily used as dowel bars in brickwork or concrete road expansion joints  
   - Limited use in structural concrete due to poor bonding  

Historical Note: Plain bars were initially used but phased out as ribbed bars improved structural integrity.  



Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle