Sampling and Testing of Rebar
Sampling and Testing of Rebar (နမူနာယူစမ်းသပ်ခြင်း)
ရထားလမ်းပရောဂျက်မှာတုန်းက Rebar 100-Tons မှာ Tensile and bending Test တစ်ခါလုပ်ရပါတယ်။ သံချောင်းလုံး Size တစ်ခုစီကို 1000mmအရှည် 3-Nos for Tensile Strength Test နှင့် 500mm အရှည် 3-Nos for Bending Test ရွေးချယ်ပါတယ်။ မတူတဲ့ Heat Numberတွေပါလာလျှင် size တူတာတောင် heat number တစ်ခုချင်းစီအတွက် Sample ထပ်ယူရပါတယ်။ (Heat number ကွဲသွားလျှင် chemical/physical property and strength တွေပြောင်းလဲမှုရှိနိုင်လို့ပါ) ။
Rebar ရဲ့ Bar mark ပါတဲ့နေရာကို တတ်နိုင်သမျှရွေးချယ် ဖြတ်တောက် Sample ယူကြပါတယ်...3rd Party Laboratory က Testing ပြုလုပ်ပြီး Rebar Test Report ထုတ်ပေးပါတယ်...Tensile Strength, Yield Strength, Elongation, Strength Ratio နဲ့ Bending test တန်ဖိုးတွေကို ASTM standard minimum requirement တွေနဲ့ လည်းကောင်း ၊ Manufacture ရဲ့ Mill Certificate မှာပါတဲ့ တန်ဖိုးတွေနဲ့ လည်းကောင်းတိုက်ဆိုင်စစ်ဆေးပြီး Strength ပြည့်မီမှုရှိမရှိစစ်ဆေးဆုံးဖြတ် ကြပါတယ်...
သံချောင်းလုံးရွေးချယ်ဖို့
Local, China, Foreign စသဖြင့်စျေးကွက်ထဲ Brand ပေါင်းစုံနဲ့ အင်မတန်ရှုပ်ထွေးပြီး သာမန်လူတွေနားလည်ဖို့ ခက်ခဲပါတယ်...လူနေအိမ် အထပ်နိမ့်တိုက်တွေဆိုရင် သိပ်ပြသနာမရှိနိုင်ပေမယ့် လူအများအသုံးပြုမယ့် အရေးကြီး အဆောက်အဦးများ၊ အထပ်မြင့်များအတွက်ဆိုလျှင် သံချောင်းလုံးကို Testing ပြုလုပ်ပြီး Designer သတ်မှတ်ပေးထားတဲ့ Strength/ Size ပြည့်မီမှ အသုံးပြုသင့်ပါတယ်...လက်ရှိ စျေးနှုန်းတွေက ကြီးမြင့်လွန်းပေမယ့်လည်း စျေးသက်သာတာတွေကို မရွေးချယ်တာ ပိုကောင်းပါမယ်...အရည်အသွေးမမီတဲ့ သံချောင်းလုံးတွေသုံးမိရင် ရေရှည်မှာ (သို့) ငလျင်လိုသဘာ၀ဘေးဒဏ်တွေကြုံတွေ့ချိန်မှာ မိမိအဆောက်အအုံရဲ့ ကြံ့ခိုင်မှု စိတ်ချရနိင်မှာ မဟုတ်ဘူး...
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Rebar Sampling and Testing Procedures
During railway projects, rebar testing was required per 100 tons. For each bar size:
- Tensile test: 3 samples × 1000 mm length
- Bending test: 3 samples × 500 mm length
If multiple heat numbers existed, additional samples were taken per heat due to potential variations in chemical/physical properties.
Sampling Protocol:
- Preferentially cut samples from marked sections of bars.
- Third-party laboratories conduct tests and issue reports.
- Results (tensile/yield strength, elongation, bend performance) are verified against:
a) ASTM minimum requirements
b) Manufacturer’s mill certificate values
Guidelines for Selecting Rebar
The market offers complex choices (local/Chinese/foreign brands). While low-rise housing may tolerate generic options, critical/high-rise structures require:
1. Mandatory testing to confirm compliance with designer-specified strength/size.
2. Avoiding cheaper alternatives despite high prices.
Critical Warning: Substandard rebar compromises structural integrity, risking failure during earthquakes or over time. Prioritize verified quality over cost savings.
Comments
Post a Comment