Understanding Rebar Test Reports

 Rebar Test Report ကိုနားလည်စေရန်


(သံချောင်းလုံးတွေ size ပြည့်မပြည့်၊ strength ပြည့်မပြည့် စိတ်ချရတဲ့ 3rd party lab တွေမှာစစ်ဆေးဖို့ သင့်သလို ရရှိလာတဲ့ test report တွေကိုလည်း သိရှိ နားလည်ဖို့ လိုပါတယ်။ ငလျင်ကြီး ကြုံတွေ့ခံစားရပြီးနောက် သံချောင်းလုံးရဲ့ အရေးကြီးပုံကို အင်ယာတွေ၊ ဆောက်လုပ်ရေးလောကကသူတွေ ပိုမို ဂရုပြု အာရုံစိုက်လာကြမယ်လို့ထင်ပါတယ်။)

Client / Authority လိုအပ်ချက်အရ Rebar တွေကို 3rd party laboratory မှာ Testing ပြုလုပ်ကြပါတယ်။ Rebar ရဲ့ Strength test တွေအပြင် physical property ဖြစ်တဲ့ nominal diameter (size) နှင့် weight (lb/ft or Kg/m) တန်ဖိုးတွေကိုစစ်ဆေးပြီး Test report မှာထည့်သွင်းဖော်ပြကြပါတယ်။

Tensile Test Certificate

Rebar အပ်တဲ့ Client name, Receiving and testing date, Rebar နဲ့ ပတ်သက်တဲ့ အချက်တွေ, testing method and reference standards တွေကို ဦးစွာဖော်ပြထားတယ်။

Nominal Diameter of Rebar

Rebar ရဲ့ Rib မရှိတဲ့ နေရာမှာ Diameter ကိုတိုင်းတာပြီး Nominal diameter အဖြစ် ဖော်ပြတယ်။ မိမိ ၀ယ်ယူထားတဲ့ သံချောင်းလုံး size ဟာ Designer သတ်မှတ်တာနဲ့ ကိုက်ညီမှုရှိမရှိ သိရှိနိုင်တယ်။

Unit Weight

1-meter length ဖြတ်ထားတဲ့ rebar specimen ကို calibration ပြုလုပ်ထားတဲ့ Weight scale မှာ ချိန်တွယ်ပြီး Kg/m အဖြစ် result ထုတ်ပေးတယ်။ ASTM A-615 ရဲ့ Permissible Variation in Weight [Mass] အရ Nominal weight ရဲ့ at least 94 %  ပြည့်မီမှု ရှိမရှိ စစ်ဆေးနိုင်ပါမယ်။

Yield load and Yield Strength

Tensile testing machine မှာ Rebar specimen ကိုထည့်ပြီး နန်းဆွဲပါတယ်။ Rebar ကို ဆွဲဆန့်တဲ့ အားက တန်ဖိုးတစ်ခုမှာ Elastic limit အဆုံးထိရောက်သွားပြီး Yield point ရောက်သွားပြီး ပုံစံစတင်ပျက်ယွင်းကာ မူလ diameter ထက်သေးသွယ် လာစေပါတယ်။ Yield point မှာ ရှိတဲ့ stressing pressure ကို Yield load လို့ခေါ်ပြီး rebar area နဲ့ စားလိုက်လျင် Yield strength (psi or MPa) ရပါမယ်။ Designer တွေ structural calculation လုပ်တဲ့ အခါ အဓိက အသုံးပြုတဲ့ တန်ဖိုးဖြစ်ပါတယ်။

Maximum Load/Tensile load and Tensile Strength

Machine ရဲ့ ဆွဲအားကြောင့် ပိုမိုသေးသိမ်လာတဲ့ rebar ဟာ အားတစ်ခုမှာ လုံး၀ပြတ်တောက်သွားပါတယ်။ Breaking point ‌ ရောက်သွားပါတယ်။ ဒါကိုတော့ သံချောင်းလုံးက အများဆုံးခံနိုင်တဲ့ Maximum load or Tensile load လို့ခေါ်ပြီး rebar area နဲ့ စားလိုက်လျင် Tensile strength  (psi or MPa) ကို ရရှိပါတယ်။

 ASTM A-615 အရ Grade-60 rebar ဆိုလျင် minimum yield strength 60000-psi နှင့် minimum tensile strength 90000-psi ရှိရပါမယ်။ Grade-75 rebar အတွက် minimum yield strength 75000-psi နှင့် minimum tensile strength 100000-psi ရှိရပါမယ်။ 

% Elongation

1-meter length ဖြတ်ထားတဲ့ rebar specimen မှာ   ၈-လက်မ (200mm) marking လေးတွေကြိုမှတ်ထားပါတယ်။  Tensile test ပြီးသွားတဲ့ အခါ ပြတ်တောက်သွားတဲ့ rebar ကို ပြန်တေ့ကပ်ကာ နေရာချပြီး မူလတိုင်းထားတဲ့ 200mm marking ဟာ ဘယ်လောက်ဆွဲဆန့် ရှည်ထွက်လာသလဲ တိုင်းတာတွက် ချက်ပြီး % Elongoation တန်ဖိုးထုတ်ပေးပါတယ်။ ASTM A-615 အရ သတ်မှတ် % Elongation အတွင်း ရှိမရှိ နှိုင်းယှဥ် စစ်ဆေးနိုင်ပါတယ်။ % Elongation တန်ဖိုးမြင့်လျင် Ductility ကောင်းတယ်၊ ငလျင်ဒဏ်ခံအဆောက်အအုံတွေမှာ ပိုမိုအသုံးပြုကြတယ်တဲ့။ 

Ratio of Tensile strength to Yield Strength

 HPBC guideline အရ အထပ်မြင့် အဆောက်အအုံတွေမှာ အသုံးပြုမယ့် rebar ရဲ့ Ts/Ys အချိုးဟာ 1.25 ရှိရပါမယ်။ Ts/Ys အချိုးများခြင်းဟာ Stress-Strain curve မှာ Plastic limit range (region) ကျယ်တဲ့ အတွက်  Ductility ပိုမိုကောင်းမွန်ပြီး Seismic load တွေကို ပိုမိုခံနိုင်စေပါတယ်တဲ့။

Rebar ကို testing ပိုမိုပြုလုပ်လာကြတဲ့ အတွက် ဆိုက်အင်ယာတွေ၊ QC Engineer တွေအနေနဲ့ Rebar test report ကိုနားလည်းထာဖို့၊ Results တွေကို Judgement လုပ်တတ်ဖို့ လိုအပ်ပါတယ်။

‌ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

 

Understanding Rebar Test Reports  

(Note: Amid ongoing earthquake risks, this post emphasizes the critical need to test rebar for size/strength compliance at accredited labs and properly interpret reports. Engineers must prioritize structural safety over cost-cutting.)  

Testing Scope 
 


Per client/regulatory requirements (e.g., HPBC):  
- Strength tests: Tensile, yield, bending  
- Physical properties: Nominal diameter (size), unit weight (kg/m)  
Conducted by third-party laboratories following ASTM standards.  



 Key Components of a Tensile Test Report  


1. Header:  
   - Client name, test dates, rebar details  
   - Testing method (e.g., ASTM A615)  

2. Nominal Diameter:  
   - Measured on non-ribbed sections using Vernier calipers.  
   - Verifies compliance with designer specifications (e.g., D10 = 10 mm).  

3. Unit Weight:  
   - 1-meter sample weight (kg/m).  
   - Requirement: ≥94% of nominal weight (ASTM A615 tolerance: -6%).  

4. Yield Strength (fy):  
   - Yield Load: Stress at permanent deformation onset.  
   - Calculation: `fy = Yield Load ÷ Cross-sectional Area`  
   - Primary value for structural design*.  

5. Tensile Strength (fu):  
   - Maximum Load: Stress at fracture (ultimate strength).  
   - Calculation: `fu = Maximum Load ÷ Cross-sectional Area`  
   - ASTM minimums:  
     - Grade 60: 90,000 psi (620 MPa)  
     - Grade 75: 100,000 psi (689 MPa)  

6. Elongation (%):  
   - Measures ductility by stretching a 200 mm marked sample.  
   - Higher % = Better seismic energy absorption.  

7. Tensile-to-Yield Ratio (fu/fy):  
   - Minimum: 1.25 (HPBC for high-rises/seismic zones).  
   - Higher ratio → Wider plastic deformation range → Superior earthquake resistance.  



 Practical Guidance  

 
1. Verify Compliance:  
   - Confirm fy, fu, weight, and fu/fy ≥ 1.25 meet ASTM/design specs.  
2. Reject Substandard Rebar:  
   - Underweight bars (e.g., D10 < 0.58 kg/m) fail safety margins.  
3. Prioritize Ductility:  
   - For seismic zones: fu/fy ≥ 1.25 and high elongation % are non-negotiable.  

"Site engineers and QC personnel must master report interpretation to enforce structural integrity." 






Comments

  1. ကျေးဇူးပါဗျ။ အားပေးနေပါမယ်။
    စာမဖတ်တာကြာပါပြီ၊ ဒီ Blog လေးကနေပဲ တစ်နေ့နည်းနည်းဖတ်တဲ့ အကျင့်ပြန်လုပ်သွားပါမယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle