Basic of Concrete

 ကွန်ကရစ် ဆိုတာ (Basic of Concrete)

အ‌ရှေ့အလယ်ပိုင်း‌ (middle east)၊ ဂျော်ဒန်မြစ်၀ှမ်းဒေသနှင့် အီဂျစ်ပြည်ဟာ နှစ်ထောင်ချီများစွာကတည်းက ယဥ်ကျေးမှုထွန်းကားခဲ့ကြတယ်။ ဆောက်လုပ်ရေးအတတ်တို့ ကျွမ်းကျင်ကြတယ်။ ထုံး (Lime)၊ gypsum တွေကို ရေနဲ့ ‌ရောကာ Lime mortar ပြုလုပ်ပြီး ကျောက်စီတာတွေ၊ မျက်နှာပြင် အချောကိုင်တာတွေ ပြုလုပ်ခဲ့ကြတယ်။ ရောမပြည်က ဂရိလူမျိုးတွေဟာလည်း Lime နဲ့ Pozzolan ကိုသဲတွေ၊ ကျောက်တွေနဲ့‌ရောပြီး Roman Concrete အဖြစ်တွင်တွင်ကျယ်ကျယ်အသုံးပြုကာ ယခုအချိန်ထိ တည်ရှိနေသေးတဲ့ လက်ရာမြောက်အဆောက်အဦး တွေတည်ဆောက်ခဲ့ကြတယ်။ ၁၉-ရာစုအစောပိုင်းမှာ ဘိလပ်မြေ (Portland Cement) ကိုတီထွင်နိုင်ခဲ့တဲ့နောက် ယခုခေတ်သုံး ကွန်ကရစ်ရယ်လို့ အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။

Concrete မှာ အဓိကပါ၀င်တာတွေက စွဲကပ်စေတဲ့ Binder ဖြစ်တဲ့ ဘိလပ်မြေ (Portland Cement)၊ ‌paste အနှစ်ဖြစ်စေဖို့ ရောတဲ့ ရေ၊ Filler လို့ခေါ်တဲ့ သဲ(Fine aggregate) နှင့် ကျောက် (Coarse aggregate) တို့ဖြစ်ကြတယ်။Raw material တွေမှာ နဂိုက ခိုအောင်းနေတဲ့ ‌လေကြောင့် Concrete mix ထဲမှာ လေလည်း ရောနှောပါ၀င်နေပါတယ် (Concrete= Cement + Water+ Air+ Aggregate+ other additives (admixtures) အရောပေါ့)။

Strength of Concrete

Concrete ရဲ့ Strength ဟာ ဘိလပ်မြေနဲ့ ရေအ‌ရော (Cement paste) ပေါ်အဓိကမူတည်ပါတယ်။ သဲနဲ့ ကျောက် (Aggregates) ရဲ့ မျက်နှာပြင်ကို Cement paste အနှစ်တွေက ဖုံးအုပ်လိုက်ပြီး Aggregates တစ်ခုနဲ့တစ်ခုကို စုစည်းတွဲဆက်လိုက်တယ်။ Cement မှာပါ၀င်တဲ့ ဓာတုပစ္စည်းတွေက ရေမော်လီကျူးနဲ့ ပေါင်းစပ်ကြပြီး Hydration လို့ခေါ်တဲ့ ဓါတ်ပြုမှုဖြစ်လာတယ်။
ချွဲကျိကျိ (Gel-like material) ထွက်လာပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ကိုင်တွယ်သွန်းလောင်းရလွယ်ကူမှု (Workability) ကောင်းတဲ့ ကွန်ကရစ် ဖြစ်လာစေပါတယ်။ တပြိုင်တည်းမှာ Heat of Hydration လို့ခေါ်တဲ့ အပူထွက်လာပါတယ်။ Concrete ဟာတဖြေးဖြေးနဲ့ မာကျောလာပြီး ခိုင်ခံ့ခြင်း၊ ‌အပွန်းအပဲ့ခံနိုင်ခြင်း၊ ရေစိမ့်၀င်မှု မရှိခြင်း၊ မီးလောင်မှု ခံနိုင်ခြင်း စတဲ့ အရည်အသွေးတွေ ရရှိလာပါတယ်...

Water for Concrete Mixing

ရောမည့်ရေသည် အမှိုက်သရိုက် အညစ်အကြေး၊ ဆီ၊ သစ်ဆွေးများ၊ နုန်းများ ကင်းစင် သန့်ရှင်းရမည်။ Concrete လုပ်ငန်းသုံးမည့်ရေကို ဓါတ်ခွဲခန်းမှာ စမ်းသပ်ခွင့်ပြုချက် ယူရပါသည်။ သောက်သုံးလို့ရတဲ့ ရေဆိုလျင် စမ်းသပ်စရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။

Aggregates

သဲ (Fine aggregates) နှင့် ခွဲကျောက်/ကျောက်စရစ် (Coarse aggregate) များ သန့်ရှင်းရမည်၊ အမှိုက်သရိုက်နှင့် အော်ဂင်းနစ်အညစ်အကြေးများ ကင်းရှင်းရမည်၊ ရွှံ့နုန်းများ သတ်မှတ်အနည်းဆုံး ပမာဏထက်ပိုမပါရ၊ သတ်မှတ် Grading အတွင်းရှိရပါမည်။
Raw material တစ်ခုချင်းစီရဲ့ သန်းရှင်းမှု၊ အရည်အသွေးကောင်းမွန်မှုက ကွန်ကရစ်အရည်အသွေး (Good quality of Concrete Mix) ကောင်းမွန်စေဖို့ အဓိက ကျပါတယ်။
(ဆက်ရန်)

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 

Basics of Concrete

The Middle East, Jordan Valley, and Egypt have had thriving civilizations for thousands of years. They were skilled in construction techniques. By mixing lime and gypsum with water to create lime mortar, they constructed stone structures and finished surfaces. The Greeks in the Roman Empire also widely used lime mixed with pozzolan, sand, and stones as Roman Concrete, building magnificent structures that still stand today. Following the invention of Portland cement in the early 19th century, modern concrete gradually developed and evolved.

The main components of concrete are the binding material (binder) Portland cement, water mixed to form a paste, and fillers called fine aggregate (sand) and coarse aggregate (stone). Since raw materials inherently contain trapped air, air also becomes part of the concrete mix (Concrete = Cement + Water + Air + Aggregate + other additives [admixtures]).

Strength of Concrete

The strength of concrete primarily depends on the cement paste (mixture of cement and water). The cement paste coats the surface of the aggregates (sand and stone), binding them together. Chemical compounds in the cement combine with water molecules, causing a reaction called hydration.
This produces a gel-like material, resulting in concrete that is soft, malleable, and easy to work with (good workability). Simultaneously, heat called the heat of hydration is generated. The concrete gradually hardens, gaining qualities such as strength, resistance to abrasion, impermeability to water, and fire resistance...

Water for Concrete Mixing

Mixing water must be clean and free of debris, dirt, oil, organic matter, or silt. Water to be used in concrete work must be tested and approved by a laboratory. If the water is potable (drinkable), it can be used without testing.

Aggregates

Fine aggregates (sand) and coarse aggregates (crushed stone/gravel) must be clean, free of debris and organic impurities, contain no more than the specified minimum amount of silt/clay, and be within specified grading limits.

The cleanliness and good quality of each individual raw material are crucial for achieving good quality concrete mix.

 


 

 


 


 

Comments

Popular posts from this blog

Understanding Rebar Test Reports

Construction joint

Rebar Tensile Strength and Yield Strength Ratio (fu/fy)