Concrete Compressive Strength, Grade or Class

 Concrete Compressive Strength, Grade or Class (ကွန်ကရစ်ရဲ့ဖိအားဒဏ်ခံနိုင်မှု)

ကွန်ကရစ်ဟာ ဖိအားဒဏ် (Compressive Stress) ကို ကောင်းမွန်စွာ ခံနိုင်ပါတယ်။ ကွန်ကရစ်ကို သူ့ရဲ့ဖိအားဒဏ်ခံနိုင်မှု (Compressive Strength) ပေါ်မူတည်ပြီး အတန်းအစားအမျိုးမျိုးခွဲကြတယ်။ တစ်လက်မ ပတ်လည်မှာ ဖိအားဘယ်နှပေါင်ခံနိုင်တယ် (Pound per square inch, Lb/in2, psi)၊ တစ်မီလီမီတာ ပတ်လည်မှာ နယူတန်ဘယ်လောက် ခံနိုင်တယ် Newton per square millimeter, N/mm2, Megapascal (MPa) စသဖြင့် ကွန်ကရစ်ရဲ့ ဖိအားဒဏ်ခံနိုင်မှု (Unit of Concrete Compressive Strength) ကိုဖော်ပြကြပါတယ်။ 
ဒီယူနစ်တွေက ကွန်ကရစ်မျက်နှာပြင်ဧရိယာပေါ်မှာ သက်ရောက်တဲ့ အားဆိုတော့ Floor Slab မျက်နှာပြင်မှာ ခံနိုင်တဲ့ ဖိအားလား၊ Concrete road pavement ပေါ်၊ Column အပေါ် ကခံနိုင်တဲ့ဖိအားလား စသဖြင့် ကွန်ကရစ်ထု ဘယ်လောက်အထူပေါ်မှာ သက်ရောက်မှုခံနိုင်တဲ့ အားလည်းဆိုတာ မေးစရာပေါ့။ တကယ်တော့ Concrete strength က မြေကြီးတွေ ဖိအားဒဏ်ခံနိုင်သလိုမျိုး (Soil Bearing Capacity) လို တိုက်ရိုက် စဥ်းစားတာမျိုး မဟုတ်ဘဲ Reference Concrete specimens (Sample mold) ရဲ့ ဖိအားခံနိုင်မှုနှင့် ဖော်ပြတာသာဖြစ်ပါတယ်။ ACI, ASTM နဲ့ AASHTO standards တွေအရ Concrete Compressive Strength (f’c) သည် 6 inches diameter မျက်နှာပြင်နှင့်  ထု (Height) 12 inches ရှိတဲ့ Cylinder specimens မျက်နှာပြင်ပေါ် ကို Compressive machine ဖြင့် ဖိချလိုက်ရင်ရတဲ့ အား (Force per unit area) ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ကရစ်ထုဘယ်လိုရှိပါစေ ဘယ်လို Structure ဖြစ်ပါစေ Compressive Strength of Concrete ဆိုရင် Reference Cylinder specimen (6”x12”) ဆလင်ဒါတုံးရဲ့ ဖိအားခံနိုင်မှုကို ဆိုလို ခြင်းဖြစ်ပါတယ်။ 
(ကျနော်တို့ဆီမှာ အသုံးများတဲ့ f’c cube strength အကြောင်း၊ Specimens taking သီးသန့်ဖော်ပြပါဦးမည်)...

ကွန်ကရစ်ကို Concrete class အလိုက် C15, C20, C25,…လို့ခေါ်ကြသလို G15, G20, G25, M15, M20, M25 စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ‌ရှေ့စာလုံး “C” က Class… “G”က Grade… “M”က Mix စသဖြင့် အတိုကောက်ခေါ်တာပါ။ နောက်က တန်ဖိုးတွေက ၂၈-ရက်သား သက်တမ်းရှိတဲ့ Concrete Cylinder specimens မှာ ရှိရမယ့် အနည်းဆုံး Strength တန်ဖိုး N/mm2 or MPa ဖြစ်ပါတယ်။ 15 N/mm2 (15MPa), 20N/mm2 (20MPa) ကိုဆိုလိုတာပါ။ (1N/mm2=1MPa, 1N/mm2=145psi)

(ဆက်ရန်)

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 



Concrete Compressive Strength, Grade or Class

Concrete withstands well under compressive stress. It is classified into various categories based on its compressive strength. The unit of concrete compressive strength is expressed as pounds per square inch (lb/in², psi) or newtons per square millimeter (N/mm²), also known as megapascal (MPa).  
Since these units represent force per unit area on concrete surfaces, one might question whether this refers to:  
- Pressure resistance on floor slabs?  
- On concrete road pavements?  
- Or load-bearing capacity on columns?  
- Or how much load concrete of certain thickness can withstand?  

In reality, concrete strength is not directly comparable to concepts like soil bearing capacity. It is defined by the compressive resistance of reference concrete specimens (sample molds). According to ACI, ASTM, and AASHTO standards, Concrete Compressive Strength (f’c) is measured by applying load via a compression machine on the surface of cylinder specimens with:  
- 6 inches diameter  
- 12 inches height  
This yields the force per unit area.  

Therefore, regardless of concrete volume or structural type, "Compressive Strength of Concrete" refers specifically to the pressure resistance of these reference cylinder specimens (6”x12”). 

 (Note: The common f’c cube strength in our region and specimen preparation will be discussed separately later.)

Concrete is classified as C15, C20, C25,... or G15, G20, G25, or M15, M20, M25, etc. The prefixes denote:  
- *C*: Class  
- *G*: Grade  
- *M*: Mix  
The following numbers indicate the minimum strength value (in N/mm² or MPa) required for 28-day-cured concrete cylinder specimens:  
- *15* = 15 N/mm² (15 MPa)  
- *20* = 20 N/mm² (20 MPa)  (1 N/mm² = 1 MPa, 1 N/mm² = 145 psi)

 




 

Comments

Popular posts from this blog

Understanding Rebar Test Reports

Construction joint

Rebar Tensile Strength and Yield Strength Ratio (fu/fy)