Concrete Mix Ratio (Various Concrete Mixes)

 Concrete Mix Ratio (ကွန်ကရစ်အရော အမျိုးမျိုး)

Mass production of Concrete လုပ်ငန်းတွေမှာ ဖော်ပြပါ Strength တွေရဖို့ အတွက် Concrete Mix Design (Mixing ratio of raw materials) သေချာပြုလုပ်ပြီး Trial Mix
အကြိမ်ကြိမ်စမ်းသပ်ကာ Compressive strength test စစ်ဆေးကြပါသည်။ လိုအပ်တဲ့ Strength ပြည့်မီမှ သုံးစွဲကြပါသည်။

Ready mix concrete မရနိုင်တဲ့ ‌ဒေသတွေမှာတော့ ယခင်နည်းဟောင်းအတိုင်း 1:3:6, 1:2:4, 1: 1½: 3 စသဖြင့် Cement: Sand: Aggregate သတ်မှတ်အချိုးရောမွှေပြီး ကွန်ကရစ်ဖျော်စပ်ကြပါသည်။ (ကျနော်တို့ကျောင်းသားဘ၀ကတည်းက သင်လာရတဲ့ Yellow Book ခေါ် Analysis of Rate စာအုပ်ထဲမှာ Concrete Ratio များစွာဖော်ပြထားသလို လက်တွေ့လည်း လိုက်နာတွက်ချက်ကြပါတယ်)

Mix Ratio နဲ့ Concrete Strength 

1:3:6     ~ 10 MPa
1:2:4     ~ 15MPa
1:1½:3  ~ 20 MPa
1:1:2     ~ 25 MPa ခန့် အကြမ်းဖျင်း ရရှိနိုင်တယ်လို့ မှတ်သားဖူးပါတယ်။ 
ယခင်ပရောဂျက်မှာ Portable concrete mixer နှင့် On site mix concrete ဖျော်စပ်သုံးခဲ့ ဖူးတယ်။  (Cement 1: Sand 2.2: Crushed rock 2.6 ) အချိုး၊ Water-Cement Ratio (WC) 0.5 ခန့် Plasticizer Admixture အနည်းငယ်ထည့်ထားတဲ့ အချိုးအစား ကွန်ကရစ်ဟာ QC သေသေချာချာကြပ်မတ်စဥ် 7-days strength 31 MPa ခန့်နှင့် 28-days strength 39 MPa ခန့်ရရှိပါတယ်။ အဆိုပါအချိုးအစားကိုပင် ဆိုက်ထဲမှာ အကြိမ်ကြိမ် ဖျော်စပ်ရာ Quality control ပေါ်မူတည်ပြီး 26-MPa to 35-MPa (28-days strength) ခန့်ရရှိခဲ့ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အချိုးအစားနှင့် အကြမ်းဖျင်း Strength တန်ဖိုးများထက် ပိုမိုရရှိတယ်လို့ ဆိုနိုင်မှာပေါ့။ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်မှာ Quality control မသေချာမှု၊ Raw material အချိုးအစား၊ Water-cement ratio မမှန်ကန်မှုတွေအဖြစ်များတော့ ဖော်ပြပါ Strength များထက်ကျော်လွန်ရရှိဖို့ ခက်ခဲနိုင်ပါတယ်။

စဥ်းစားရမယ့် အချက်တစ်ခုက Concrete Strength test result ဟာ နမူနာကောက်ယူတဲ့ Concrete specimens ရဲ့ Strength သာဖြစ်တဲ့ အတွက် Cylinder/Cube specimens ယူစဥ်က Standard procedure တွေအတိုင်း သေသေချာချာ မယူခဲ့ရင် (On site Structure ကို သေသေချာချာ Quality control လုပ်ပြီး လောင်းထားပေမယ့်)
Specimen Strength result တွေမကောင်းနိုင်ပါ။ Concrete specimen ကိုသေသေချာချာ ယူထားပေမယ့် (Strength test result ကောင်းပေမယ့်) တကယ်သွန်းလောင်းလိုက်တဲ့ အဆောက်အဦး အစိတ်အပိုင်းတွေရဲ့ Concrete Strength မကောင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် Concrete သွန်းလောင်းရာမှာလည်းကောင်း၊ Specimen နမူနာကောက်ယူရာမှာသော်လည်းကောင်း Standard/Specification တွေနှင့် အညီ Quality Control သေသေချာချာပြုလုပ်ဆောင်ရွက်သင့်ပါကြောင်း။ 
(ဆက်ရန်)

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

 



Concrete Mix Ratio (Various Concrete Mixes)

For mass concrete production, Concrete Mix Design (mixing ratio of raw materials) is carefully prepared, and Trial Mixes are repeatedly tested with compressive strength checks. The concrete is only used once it meets the required strength.

In areas where ready-mix concrete is unavailable, older methods are followed: specifying ratios like 1:3:6, 1:2:4, or 1:1.5:3 (Cement: Sand: Aggregate), then mixing accordingly. (This aligns with the "Yellow Book" – Analysis of Rate – that we studied in school, which lists many concrete ratios, and these are still practically calculated and applied.)

Mix Ratio and Approximate Concrete Strength:
- 1:3:6 ≈ 10 MPa  
- 1:2:4 ≈ 15 MPa  
- 1:1.5:3 ≈ 20 MPa  
- 1:1:2 ≈ 25 MPa  

In a previous project, we used on-site mixed concrete with a portable mixer. The mix ratio (Cement 1 : Sand 2.2 : Crushed rock 2.6), Water-Cement Ratio (W/C) ~0.5, plus a small amount of plasticizer admixture, achieved approximately 31 MPa at 7 days and 39 MPa at 28 days under strict QC. However, during repeated on-site batching with the same ratio, 28-day strength varied between 26–35 MPa depending on quality control. This shows results can exceed the approximate values listed above, but inconsistent QC, inaccurate ratios, or incorrect W/C ratios often make achieving such strengths difficult.

A critical consideration: Concrete strength test results reflect only the sampled specimens. If cylinder/cube specimens aren’t collected per standard procedures, results may be poor even if the actual structure was well-controlled. Conversely, good specimen results don’t guarantee the placed structural concrete is strong. Therefore, strict adherence to standards and specifications in both concrete placement and specimen sampling is essential for reliable quality control.

 





 

Comments

Popular posts from this blog

Understanding Rebar Test Reports

Construction joint

Rebar Tensile Strength and Yield Strength Ratio (fu/fy)