Sampling of Concrete
Sampling of Concrete (ကွန်ကရစ်နမူနာကောက်ယူခြင်း)
ဆိုက်မှာဖျော်စပ်သော Site mixed concrete ကိုသော်လည်းကောင်း၊ Batching plant များမှ မှာယူသော Ready mixed concrete ကိုသော်လည်းကောင်း Design requirement အတိုင်း Concrete Strength ပြည့်မီမှုရှိမရှိ သိရှိနိုင်ရန် ကွန်ကရစ်နမူနာကောက်ယူခြင်း (Sampling) လုပ်ပြီး Strength Test စမ်းသပ်ကြပါသည်။ Actual structure ရဲ့ Strength ကို Reference concrete sample ရဲ့ Strength နဲ့ ဆုံးဖြတ်ကြတဲ့အတွက် On site concrete သေချာလောင်းဖို့ အရေးကြီးသလို Mold ယူတဲ့အခါ Standard specification တွေအတိုင်းသေချာယူဖို့ အရေးကြီးပါတယ်။
Sample ဘယ်လိုယူမလဲ
Ready-mixed concrete ဆိုလျင် AG Truck ၏ စစချင်း ကွန်ကရစ်နှင့် နောက်ဆုံးကွန်ရစ် (10% concrete quantity of the batch မတိုင်မီ နှင့် 90% concrete quantity နောက်ပိုင်း) ကိုမယူရပါ။ ကြားပိုင်းကွန်ကရစ်ကို အနည်းဆုံးနှစ်နေရာခွဲယူ၊ ပြန်ရောမွှေပြီး Specimen ပြုလုပ်ရပါမည်။ ပထမ နမူနာနှင့် နောက်ဆုံးနမူနာယူရန်ကြာချိန် (Elapsed Time) ၁၅-မိနစ်ထက်မပိုရပါ။ (ASTM-C172, AASHTO-T141 လေ့လာကြည့်ပါရန်)
Site mix concrete ဆိုလျင် (ဘိလပ်မြေတစ်အိတ်စပ် Portable mixerအိုးနှင့်ဖျော်စပ်လျင်) Mixing concrete volume နှင့် mixing batch အရေအတွက်ပေါ်မူတည်ပြီး တစ်နေ့စာ ဖျော်စပ်မှုကာမိစေရန် Specimen မျှယူသင့်ပါသည်။ (အိုးများများစပ်လျင် တစ်အိုး Sample တစ်တုံး၊ တစ်အိုးနှစ်အိုးမျှသာစပ်လျင် လိုအပ်တဲ့ specimen ကို လုံလောက်အောင်ယူရန်) ...
Mold for specimens
Cylinder mold (သို့) Cube mold ကို ရေစုပ်ယူမှုမရှိတဲ့ Steel, Cast iron သို့မဟုတ် တစ်ခါသုံး Plastic များဖြင့် ပြုလုပ်ကြသည်။ အတိုင်းအတာ တိကျရမည်၊ ပုံသဏ္ဍာန်မှန်ရမည်။ Cube mold ဆိုလျင် ထောင့်မှန်ကျရမည်၊ တွန့်လိမ်မှုမရှိရ၊ ရေလုံရပါမည်။ Mold ခွာတဲ့အခါ လွယ်ကူစေရန် Mold oil ခပ်ပါးပါးသုတ်ပေးသင့်ပါသည်။
Tamping Rod
Concrete specimen ကို Vibrator သုံး၍လည်းကောင်း Tamping rod ဖြင့် ထောင်း၍လည်းကောင်း သိပ်သည်းအောင်ပြုလုပ်ပေးရသည်။ Cylinder mold အတွက် Tamping rod သည် Round, smooth, straight steel rod ဖြစ်ရမည်၊ 600mm အရှည်၊ 16mm အချင်းနှင့် စက်လုံးခြမ်းပုံ အဖျားရှိရမည် (ASTM C31, AASHTO T23) ။ Cube mold အတွက် 380 mm အရှည်၊ 1.8kg ခန့်လေးသော 25mm square ramming face ရှိသော သံချောင်းဖြစ်ရပါမည် (BS 1881) ။
Mold ဘယ်လိုယူမလဲ
Mold ယူမည့်နေရာသည် အမိုးအကာအောက်ဖြစ်သင့်ပါသည်။ ပြေပြစ်ညီညာသော၊ ပတ်၀န်းကျင်တုန်ခါမှုများ၊ အခြားအနှောင့်အယှက်များမှ လွတ်ကင်းသော မာကျောသည့် မျက်နှာပြင်တွင် Mold ပြင်ဆင်သင့်သည်။ (ခွေး တက်အိပ်လို့ Mold မျက်နှာပြင် ချိုင့်သွားတာ၊ ခြေရာတွေ ထင်သွားတာမျိုး ကြုံရတတ်တယ်)။
150mm dia x 300mm (Height) Cylinder mold အတွက် 100mm thickness per each layer နှုန်း 16mm dia round bar ဖြင့် ၂၅-ချက်စီ ဘေးဘက်မှ အလယ်ထိ မျက်နှာပြင်အနှံ့ထောင်းပေးရမည်။ တစ်လွှာပြီးလျင် တခါ သစ်သားတူငယ် ဖြင့် ဘေးပတ်ပတ်လည်ကို ၁၀-၁၅ ချက်ခန့် ခိုအောင်းနေသောလေများထွက်သွားစေရန် ဖွဖွထုပေးရမည်။ နောက်အလွှာများထောင်းလျင် ရှေ့အလွှာ၏ 25mm အနက်ခန့်ရောက်အောင် ပိုထောင်းပေးရမည် (ASTM C31)။
150mm ပတ်လည် Cube mold ဆိုလျင် 50mm thk; per each layer ဖြင့် 25mm square bar ဖြင့် ၃၅-ချက်စီ နေရာအနှံ့ထောင်းရမည် (BS 1881) ။ ပြီးလျင် မျက်နှာပြင်ကို သံလက် (Trowel) ဖြင့် ညီညာအောင် ညှိပေးရမည်။
(ဆက်ရန်)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Sampling of Concrete
To verify whether site-mixed concrete or ready-mixed concrete from batching plants meets design strength requirements, concrete sampling is performed for strength testing. Since the actual structure's strength is determined by reference samples, proper concrete placement and adherence to standard specifications during mold sampling are critical.
How to take Sample
For ready-mixed concrete:
- Do not sample from the initial or final discharge (first 10% or last 10% of the batch).
- Collect intermediate concrete from at least two locations.
- Re-mix the samples before creating specimens.
- Time between first and last sampling must not exceed 15 minutes (refer to ASTM C172, AASHTO T141).
For site-mixed concrete (e.g., portable mixer batches per bag of cement):
- Sample frequency should cover daily production.
- For multiple small batches: one sample per mixer if possible; for 1–2 batches, collect sufficient specimens.
Molds for Specimens
Use non-absorbent steel, cast iron, or single-use plastic cylinder or cube molds. Requirements:
- Precise dimensions and shape.
- Cube molds must have right angles, no warping, and be watertight.
- Apply a thin layer of mold oil for easy demolding.
Tamping Rod
Compact specimens using vibrators or tamping rods. Specifications:
- Cylinder molds (ASTM C31, AASHTO T23):
Smooth round steel rod, 600 mm long, 16 mm diameter, hemispherical tip.
- Cube molds (BS 1881):
Steel bar, 380 mm long, ~1.8 kg weight, 25 mm square ramming face.
Mold Preparation
- Work under shelter.
- Prepare molds on a flat, rigid surface free from vibrations and disturbances.
- Avoid surface damage (e.g., dents from animals or footprints).
Compaction Procedure
- For 150 mm dia. × 300 mm cylinder molds (ASTM C31):
- Fill in 100 mm layers.
- Rod each layer 25 times uniformly, penetrating to the full depth.
- After each layer, tap sides 10–15 times with a light mallet to release trapped air.
- Rod subsequent layers 25 mm into the previous layer.
- For 150 mm cube molds (BS 1881):
- Fill in 50 mm layers.
- Rod each layer 35 times uniformly.
- Finish the surface with a trowel.



Comments
Post a Comment