Concrete Crack Inspection and Repair

 ကွန်ကရစ်အက်ကြောင်းများစစ်ဆေးခြင်းနှင့် ပြုပြင်ခြင်း (Crack Investigation and Repair)


ကွန်ကရစ်မျက်နှာပြင်မှာ အက်ကွဲကြောင်း (Crack)များဖြစ်ပေါ်လာပါက သေချာစစ်ဆေးရမည်။ Crack ဖြစ်တဲ့ အကြောင်းအရင်းကို Concrete pouring record များမှတဆင့် ဖြစ်နိုင်ခြေများ သုံးသပ်ရမည်။ ကွန်ကရစ်ရဲ့ Internal stress ကြောင့်လား၊ ပြင်ပက သက်ရောက်တဲ့ Impact တစ်ခုခုကြောင့်လား စိစစ်ရမည်။ Root cause  ကိုရှာဖွေပြီးမှ Crack repair လုပ်ဖို့လိုသလား၊ လက်ရှိအခြေအနေမှာတင်  အက်ကြောင်းက ငြိမ်သွားပြီလား၊ ယခုမှအစပြု crack ဖြစ်ပြီး ဆက်လက်အက်ကွဲလာနိုင်တဲ့ Structural crack လားဆိုတာကို ခွဲခြားနိုင်ပါမည်။ သင့်လျော်သော အက်ကွဲကြောင်းပြုပြင်ရမည့်နည်းလမ်းများ (Crack repair method) ကိုလည်း မှန်ကန်စွာရွေးချယ်ဖို့လိုပါသည်။


Crack ကိုဘယ်လိုစစ်ဆေးမလဲ


Crack များကိုမျက်မြင်စစ်ဆေးပြီး Crack အကျယ်ကို Crack measuring card ဖြင့် 0.02mm width အထိ  တိုင်းတာနိုင်ပါသည်။ Crack ကမျက်နှာပြင်မှာတင်ဖြစ်နေတာလား အောက်နက်နက်အထိ ဖြစ်နေသလားဆိုတာကို တူအသေးစားလေးဖြင့် ထုကြည့်ပြီး လေခိုသံ (Hollow sound) ဖြစ်နေလျင် Crack က ခပ်နက်နက် (Some depth) နှင့် Other internal crack တွေ ရှိနေနိုင်ပါတယ်။ Width ကျယ်တဲ့ Crack တွေကို Binding wire လို သံချောင်းသေးသေးလေးနဲ့ထိုးကြည့်ပြီး အနက်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။ Crack depth အတိအကျသိဖို့ Ultrasonic pulse velocity method သုံး Device တွေနဲ့ စစ်ဆေးနိုင်ပါတယ်။ Crack ဖြစ်တဲ့နေရာကို Coring (Concrete drilling) လုပ်ပြီး ရလာတဲ့ coring specimen မှတဆင့် Crack အခြေအနေကိုသေချာစစ်ဆေးနိုင်ကြပါတယ်။


Shrinkage crack တွေဟာ အချိန်ကြာလာတာနဲ့အမျှ Crack ဆက်လက်မဖြစ်ပေါ်ဘဲတည်ငြိမ်သွားလေ့ရှိတယ်။ အဆိုပါ Crack များဟာ အပေါ်ယံမျက်နှာပြင်မှာ ဖြစ်တဲ့ Shallow and narrow crack များဖြစ်နေလျင် ပြင်ဖို့ အရေးတကြီးမလိုအပ်ပါ။ Crack အတိမ်အနက်ကလည်း အမြင်နှင့် ဆုံးဖြတ်ဖို့ခက်တဲ့ အတွက် Crack ဖြစ်နေလျင် Crack line တလျောက် V-shape or U-shape hacking/cutting လုပ်ပြီး Crack မတွေ့ရတော့လျင် Surface Crack ဖြစ်လို့ Cement mortar or Polymer modified repair mortar တစ်မျိုးမျိုးဖြင့် Patching လုပ်ပြီး ပြုပြင်နိုင်ပါသည်။ V-cut လုပ်လို့ Crack ကမပျောက်သေးဘူးဆိုလျင် Concrete cover ထက်ပိုနက်တဲ့အထိ အက်ကြောင်းဖြစ်နေနိုင်လို့ သေချာစွာထပ်မံစစ်ဆေးဖို့လိုပါမည်။ အပေါ်ယံမျက်နှာပြင် ပြုပြင်ရုန်နှင့် မလုံလောက်နိုင်ပါ။ Crack depth က Rebar အထိရောက်နေလျင် ရေရှည်မှာ ပြင်ပမှ အစိုဓါတ်၊ စိမ့်ရေ၀င်ရောက်ပြီး Rebar များ သံချေးတက်လာကာ Structure ပိုင်းထိခိုက်လာနိုင်ပါသည်။ ပိုနက်တဲ့ အက်ကြောင်းများ (Deep penetrated cracks) ကိုတော့ Epoxy injection နည်းများဖြင့် ပြုပြင်ဖို့လိုအပ်ပါမည်။ structural crack များကိုတော့ Design သေချာပြန်လည်တွက်ချက်ပြီး Tensile strength အားဖြည့်ပေးမယ့် သံချိတ်များဖြင့် Crack ကို တွဲဆက်စေခြင်းနည်းလမ်း (Stitching method) များဖြင့်လည်း ပြုပြင်ကြပါသည်။


သာမန်အားဖြင့် Crack သေးသေးလေးတွေက ပြုပြင်ဖို့မလိုအပ်ပါ။ Structure ရဲ့ ကြံ့ခိုင်မှု၊ တာရှည်ခံမှုထိခိုက်စေလျင်တော့ မဖြစ်မနေပြုပြင်ရမည်။ Structure မထိခိုက်ပေမယ့် အမြင်အားဖြင့် မသင့်လျော်လျင် (အသုံးပြုသူများစိတ်ထဲ အန္တရာယ်မကင်းဘူးဟုထင်မှတ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာမျိုးဆိုလျင်) လည်း ပြုပြင်ကြပါသည်။ Crack သေးသေးလေးဆိုပေမယ့် ရေလှောင်ကန်လို Structure မျိုးဆိုလျင် အမြန်ပြုပြင်ဖို့လိုတာပေါ့။

Crack ရဲ့ သဘောက Crack width ကျယ်လေ၊ ဆိုးကျိုးသက်ရောက်လေ၊ Crack depth ပိုများပြီး အန္တရာယ်ရှိလေပါပဲ (တခါတရံ အပေါ်ယံမှာ မမြင်ရဘဲ အတွင်းအက်ကွဲခြင်း (Internal crack) ဖြစ်နေတတ်ပြန်ပါတယ်)။ 


ရထားလမ်းလုပ်ငန်းက Crack သတ်မှတ်ချက်နှင့် ပြင်ဆင်ရေးနည်းလမ်းလေးကို အလျဥ်းသင့်လို့ ဖော်ပြလိုက်ပါတယ်။ Crack width 0.06mm ထက်သေးတဲ့ (ကျဥ်းတဲ့) crack များကို ပြုပြင်ရန်မလိုအပ်ပါ။ 0.06mm ~ 0.2mm ကြား crack များကိုတော့ အက်ကြောင်းထဲ ရေစိမ့်၀င်ရောက်မှုမရှိစေဖို့အတွက် Crack line တလျောက် Repair mortar ဖြင့် Patching လုပ်ပါတယ်။  Crack width 0.2mm ~ 1.0mm ကြားကိုတော့ crack line ကို U-shape cutting လုပ်ပြီး Non-shrink mortar ဖြင့် Patching လုပ်ပါတယ်။ 1.0 mm ထက်ပိုကျယ်တဲ့ Crack တွေကိုတော့ Further investigation ထပ်လုပ်ပြီး Engineer/ Consultant ရဲ့  Discussion/Advice အတိုင်း Repair method များဆုံးဖြတ်ပြီး ပြုပြင်ကြပါသည်။

(ဆက်ရန်)


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



 Concrete Crack Inspection and Repair

When cracks appear on concrete surfaces, thorough inspection is required. Potential causes should be analyzed through concrete pouring records. Determine whether cracks stem from internal stresses or external impacts. Identifying the root cause helps decide:  

- Whether repair is necessary  

- If the crack has stabilized  

- If it's an active structural crack likely to propagate  


Proper crack repair methods must then be selected.


Inspection Methods

1. Visual Inspection 

   - Measure crack width using crack gauges (accurate to 0.02mm)  

   - Check depth by tapping with a small hammer:  

     - Hollow sounds indicate deeper/internal cracking  


2. Probing  

   - Use thin wires to estimate depth in wider cracks  


3. Advanced Techniques  

   - Ultrasonic pulse velocity testing for precise depth measurement  

   - Core drilling for direct examination  


Crack Classification & Repair 

1. Shrinkage Cracks  

- Typically stabilize over time  

- Shallow/surface cracks may not need urgent repair  

- Repair method:  

  - V-cut or U-cut along crack line  

  - Fill with cement mortar or polymer-modified repair mortar  


2. Deep Penetrating Cracks  

- Extend beyond surface/rebar level  

- Risk of water infiltration → rebar corrosion  

- Repair method: Epoxy injection  


3. Structural Cracks  

- Require engineering evaluation  

- Repair methods:  

  - Stitching with metal anchors  

  - Structural strengthening  


Reference in YCR Project (Example)


If crack width <0.06 : No repair needed 

0.06 ~ 0.2 : Seal with repair mortar 

0.2 ~ 1.0 : U-cut + non-shrink mortar 

 >1.0 : Engineer consultation + custom solution


General Principles  

- Small cracks often require no repair  

- Critical structures (e.g., water tanks) demand immediate attention  

- Visible cracks in public areas may need cosmetic repair  

- Key risks:  

  - Width >0.2mm allows water penetration  

  - Depth reaching rebar accelerates corrosion  

  - Internal cracks may exist without surface evidence  





Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle