Concrete Crack Repair by Epoxy Injection

 ကွန်ကရစ်အက်ကြောင်းများကို ဆေးထိုးပြုပြင်ခြင်း (Epoxy Injection)


အချို့အက်ကြောင်းများဟာ Concrete surface မှာတင်မဟုတ်ဘဲ ပိုမိုနက်တဲ့ နေရာအထိ (Deep crack)၊ Wall တစ်ဖက်ထိ (သို့) Slab အပေါ်မှ အောက်အထိ (Penetrated cracks) ဖြစ်နေတတ်တယ်။ အဆိုပါ Crack များဟာ ‌‌ရေယိုစိမ့်တဲ့ ပြသနာတွေနဲ့ ရေရှည်မှာ Structure ပိုင်းထိခိုက်လာနိုင်တဲ့အတွက် မဖြစ်မနေပြုပြင်ဖို့လိုပါသည်။ အသုံးများပြီး အတော်အတန်စိတ်ချရတဲ့ နည်းလမ်းတစ်ခုက Epoxy resin လို့ခေါ်တဲ့ နှစ်မျိုးစပ်ဆေးရည်ကို Crack line ထဲသို့ Gravity flow အနေနဲ့သော်လည်းကောင်း၊ Pressure တစ်ခုခုပေးပြီး Injection ထိုး၍လည်းကောင်း ပြုပြင်တဲ့ နည်းဖြစ်ပါတယ်။


Epoxy Resin ဆိုတာ


ဆေးရည်နှစ်မျိုးကို ပေါင်းစပ်လိုက်လျင် Low viscosity စေးပျစ်မှုနည်းပြီး ကျဥ်းမြောင်းတဲ့ ကွန်ကရစ်အခေါင်းပေါက် (Cavities) လေးတွေ၊ 0.2mm width အထိအက်ကြောင်းလေးတွေထဲအထိ ၀င်ရောက်ပျံ့နှံ့စေအောင် Injection ထိုးလို့ရတဲ့ ဆေးရည်ဖြစ်ပါတယ်။ ဆေးရည်က အခဲမြန်လို့ ‌ရောစပ်ပြီး 20min~30min အတွင်း အသုံးပြုကြတယ်။ Injection လုပ်ပြီး  တစ်ရက်လောက်ဆိုလျင် မာသွားပြီး တစ်ပတ်လောက်မှာ Required Tensile strength အပြည့်နီးပါးရရှိစေနိုင်ပါတယ်။ အက်ကြောင်းမျက်နှာပြင်တွေကို တွဲဆက်စေတဲ့ Bond strength ကောင်းစေသလို Shrinkage free ကျုံ့၀င်ခြင်းမဖြစ်စေပဲ Water tightness ရေလုံစေပါတယ်တဲ့။


Epoxy Resin ဆေးထိုးခြင်းနည်းလမ်းများ


Slab crack တွေကို အပေါ်မျက်နှာပြင်ကပြုလုပ်လို့ရလျင် Gravity flow နည်းလမ်းနဲ့ ပြုပြင်ကြပါတယ် (2010~11 လောက်က T.U Meiktila Convocation Hall Floor မှာ Crack ပေါ်လာလို့ Epoxy resin ကို Gravity flow method ဖြင့် သုံးခဲ့တာ ကြုံဖူးပါသည်) ။ အပေါ်ဘက်က ပြင်ဆင်ဖို့မဖြစ်နိုင်လျင် Slab bottom surface အောက်ဘက်မျက်နှာပြင်ကနေ Pressure သုံး Injection နည်းနဲ့ ထိုးလို့ရပါတယ်။ Wall structure တွေကိုလည်း Pressure Injection နည်းလမ်းဖြင့် ပြုပြင်ကြပါသည်။


Cleaning the cracks


Crack ကို Cutting/grinding machine များအသုံးပြုပြီး 3mm ခန့် V-shape groove line ထိုးပေးရမည်။ Crack line တလျောက် oil, grease, dirt, or fine particles of concrete စတဲ့ Epoxy resin ရဲ့ စိမ့်၀င်တွဲဆက်မှုကို ထိခိုက်စေနိုင်တဲ့ အညစ်အကြေး များကို သန့်ရှင်းရမည်။ ရေပန်းနဲ့ ဆေးတာမျိုး၊ ဖုန်စုပ်စက် (Vacuum)၊ လေမှုတ်စဥ် (Air blower) စသည်တို့အသုံးပြုကြသည်။ 


Sealing the Surface


Epoxy resin ဆေးရည်များ မျက်နှာပြင်မှ လျှံထွက်မလာစေရန်နှင့် လိုအပ်တဲ့ Pressure အားဖြင့် Crack line အတွင်းထဲထိဆေးရည်ရောက်ရှိစေဖို့ Crack တလျောက် ABကော်လို Repair Epoxy Mortar တစ်မျိုးမျိုးဖြင့် sealing (patching) လုပ်ရမည်။ Injector (ခေါ်) Packer လို့ခေါ်တဲ့ ဆေးရည်ထိုးသွင်းရမည့် အပေါက်ကလေးတွေကို 8-inchs ခန့်ခြားပြီး Crack line တစ်လျောက် Drill ဖောက်တပ်ဆင်ပြီး Epoxy mortar ဖြင့်သေချာကပ်ရမည်။


Injecting the Epoxy resin


Crack seal လုပ်ထားတဲ့ Epoxy mortar မာပြီဆိုလျင် Injection ထိုးလို့ရပါပြီ။ သတ်မှတ်အချိုးအစား၊ နည်းလမ်းအတိုင်း Resin ကို လိုသလောက်ရောစပ်ဖျော်ရမည်။ Crack width ရယ်၊ depth & length ကို ခန့်မှန်းပြီး လိုအပ်မယ့် ဆေးရည်ပမာဏကိုတွက်ချက်နိုင်ပါသည်။ ဆေးထိုးအပ်လို Injector လေးဖြင့် Wall ဆိုလျင် အောက်ဆုံးနေရာ Packer မှ ဆေးရည်စထိုးပါသည်။ အပေါ် Packer မှဆေးရည်လျှံကျလာလျင် ဆေးထိုးခြင်းကိုရပ်ပြီး ဒုတိယ Packer ကိုဆက်ထိုးပါသည်။ နောက်တစ်ခုပြီးတစ်ခု ဆက်လက်၍ Crack line အပြည့် ဆေးရည်ရောက်ရှိသွားအောင် Injection လုပ်ပါသည်။ Floor slab များဆိုလျင် Crack အစွန်းတဖက်မှ စတင် ထိုးသွားရပါသည်။ Epoxy resin မာသွားပြီး နောက်တစ်ရက်ခန့်မှာ Packer များကိုပြန်ဖြုတ်၍ Repair mortar  များကို Grinding ပြန်စားပြီး Final smooth surface  ဖြစ်အောင်ပြုလုပ်ကြပါသည်။


Epoxy Resin material အတွက် Standard specification အဖြစ် ASTM-C881 မှာအသေးစိပ်ဖေါ်ပြထားပြီး Conform ဖြစ်အောင်စစ်ဆေးရပါမည်။ Injection အတွက် အထက်မှာဖေါ်ပြခဲ့တဲ့ Low pressure နည်းအပြင် Hydraulic pump လိုမျိုး၊ ဆေးမှုတ်တဲ့ လေအိုးလိုမျိုးတွေနဲ့လည်း သုံးနိုင်ပါတယ်။ Required pressure ကိုတော့ သေချာဂရုစိုက်ဖို့လိုပါမယ်တဲ့။ ပိုမိုအားများတဲ့ Pressure က Crack ကို မလိုအပ်ဘဲ ဖိအားဖြစ်စေပြီး Crack အသစ်တွေထပ်မံဖြစ်စေနိုင်လို့ပါ။

 Epoxy Injection ကို ကျွမ်းကျင်သူများကသာ ပြုလုပ်သင့်ပါတယ်တဲ့။ 


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)


 

Concrete Crack Repair by Epoxy Injection  


Some cracks penetrate deep into concrete structures (deep cracks), extending through walls (wall penetration cracks) or spanning from top to bottom of slabs (full-depth cracks). These cracks can lead to water leakage and long-term structural damage, making repair essential. One widely used and reliable method is epoxy injection, where a two-component epoxy resin is injected into cracks either by gravity flow or under pressure.  


Epoxy Resin Characteristics  

- Low viscosity: Can fill narrow cavities and cracks as fine as 0.2mm  

- Fast curing: Sets within 20–30 minutes after mixing  

- Full strength in 7 days: Achieves near-full tensile strength  

- Strong bonding: Restores structural integrity with minimal shrinkage  

- Waterproof: Prevents moisture infiltration  


Epoxy Injection Methods  

1. Gravity Flow Method  

   - Used for horizontal cracks (e.g., slab surfaces)  

   - Example: Applied at T.U. Meiktila Convocation Hall (2010–11)  


2. Pressure Injection  

   - For vertical/wall cracks or inaccessible areas  

   - Injected from the bottom or side under controlled pressure  


Repair Procedure  

1. Crack Preparation  

   - Cut a 3mm V-groove along the crack  

   - Remove oil, grease, and debris using:  

     - Water jets  

     - Vacuum cleaners  

     - Air blowers  


2. Surface Sealing  

   - Seal crack edges with epoxy mortar to prevent resin leakage  

   - Install injection ports (packers) every 8 inches  


3. Resin Injection  

   - Mix epoxy per manufacturer’s ratio  

   - Inject from the lowest port (for walls) or one end (for slabs)  

   - Stop when resin emerges from adjacent ports  

   - Repeat until the entire crack is filled  


4. Finishing  

   - Remove packers after 24 hours  

   - Grind excess mortar for a smooth finish  



Standards & Precautions

  

- ASTM-C881: Standard specification for epoxy materials  

- Pressure control: Excessive pressure can cause new cracks  

- Expertise required: Trained technicians should perform injections  










Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle