Concrete Surface Cracking-1
ကွန်ကရစ်မျက်နှာပြင် အက်ကွဲခြင်း-၁ (Concrete cracks)
ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ လမ်း၊ တံတား၊ အဆောက်အအုံ နံရံ ကြမ်းခင်း မျက်နှာပြင်တွေမှာ အက်ကွဲကြောင်း (Cracks) လေးတွေ အနည်းနဲ့ အများရှိနေတတ်ကြတယ်။ “ငါးပိနဲ့ လောက်၊ ရွှေနဲ့ ကျောက်” စကားပုံလိုပဲ ကွန်ကရစ်နဲ့ အက်ကွဲကြောင်း ခွဲခြားမရဘူး လို့တောင်ပြောရမယ်။ Crack လုံး၀မဖြစ်အောင် လုပ်ဖို့ ခက်ပေမယ့် Crack အနည်းဆုံး ဖြစ်အောင် Closely supervision & Quality control လုပ်ပြီး Concrete construction များ ပြုလုပ်လေ့ရှိကြတယ်။
Crack ဘာကြောင့်ဖြစ်လဲ
ကွန်ကရစ်ဟာ ဖိအားဒဏ် (Compressive stress) ကိုခံနိုင်ပေမယ့် ဆွဲဆန့်တဲ့ဒဏ် (Tensile stress) ကိုတော့ ပမာဏအနည်းငယ်သာခံနိုင်ရည်ရှိပါတယ်။ ကွန်ကရစ်သားပေါ်မှာ ပြင်ပမှသက်ရောက်တဲ့အား (Dead, Live, Wind and seismic load) ကြောင့် ဖြစ်စေ၊ အတွင်းထဲမှာဖြစ်ပေါ်လာသောအား(Internally induced stress due to temperature and moisture change, shrinkage and swelling, etc) ကြောင့်ဖြစ်စေ Internal stress/ tensile stress များဖြစ်ပေါ်လာတယ်။ အဆိုပါ Tensile stress ဟာ ကွန်ကရစ်ခံနိုင်တဲ့ Tensile Strength ထက်ကျော်လွန်တာနဲ့ အက်ကွဲကြောင်း (Cracks) တွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်လာပါတော့တယ်။ အချို့က Concrete surface အပေါ်ယံမျက်နှာပြင်လေးမှာတင်ဖြစ်တတ်ပြီး အချို့ crack များက ကွန်ကရစ်အထူအောက်ခြေထိ (ထုအခြားတဖက်ထိ) အောင် Penetrated crack ဖြစ်နေတတ်တယ်။
Crack အမျိုးအစားများ
Crack များကို Structural crack နှင့် Non-structural crack ဆိုပြီး ခွဲခြားကြတယ်။ Design error ကြောင့်၊ တည်ဆောက်ရေးနည်းလမ်းတွေမမှန်ကန်လို့၊ ခံနိုင်အားထက်ပိုတဲ့ အလေး၀န်တွေ သက်ရောက်စေလို့၊ ငလျင်ဒဏ်ခံရလို့ စတာတွေကြောင့် ဖြစ်လာတဲ့ crack တွေကို Structural crack လို့ခေါ်ကြတယ်။ Structural crack များဟာ အဆောက်အအုံ (သို့) Concrete structure အစိတ်အပိုင်းရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်လို့ သေချာစစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဖို့လိုပါတယ်။
ပြင်ပသက်ရောက်တဲ့အားကြောင့်မဟုတ်ဘဲ ကွန်ကရစ်သားရဲ့ အတွင်းထဲမှာဖြစ်တဲ့ Internally induced stress တွေကြောင့် ဖြစ်ပေါ်လာတဲ့ Crack တွေဟာ များသောအားဖြင့် Non-structural crack တွေဖြစ်ကြပါတယ်တဲ့။ Non-structure crack တွေဟာ Concrete structure ကို တိုက်ရိုက်မထိခိုက်နိုင်ပေမယ့် ရေရှည်မှာ အဆိုပါ crack များမှ အစိုဓါတ်၀င်ရောက်ပြီး အတွင်းမှ Rebar ကိုသံချေးတက်ကာ အက်ကြောင်းများပိုမိုကြီးမားလာပြီး အန္တရာယ်ဖြစ်စေနိုင်လို့ Non-structural crack များကိုလည်း လိုအပ်သလို ပြုပြင်ဖို့ လိုပါတယ်။
Crack ဖြစ်ပေါ်ပုံများ
ကွန်ကရစ်ပျော့နေတုန်း (မမာခင်) ဖြစ်တဲ့ Crack ( Cracking on Plastic concrete) နှင့် ကွန်ကရစ်မာပြီးမှ ဖြစ်ပေါ်လာတဲ့ Crack (Cracking on hardened concrete) ဆိုပြီးထပ်မံခွဲခြားကြတယ်။
(ဆက်ရန်)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Concrete Surface Cracking-1
On concrete surfaces such as roads, bridges, building walls, and floors, cracks—both minor and extensive—are often present. Just as the saying goes, "fish paste and shrimp, gold and gems," concrete and cracks are inseparable. While it’s difficult to completely prevent cracks, close supervision and quality control are typically implemented during concrete construction to minimize them.
Why Do Cracks Occur?
Concrete can withstand compressive stress but has only limited resistance to tensile stress. When external forces (such as dead, live, wind, and seismic loads) or internal stresses (due to temperature changes, moisture fluctuations, shrinkage, swelling, etc.) exceed the concrete's tensile strength, cracks of various forms appear. Some cracks are superficial, affecting only the surface layer, while others penetrate deep into the concrete, reaching the opposite side (penetrated cracks).
Types of Cracks
Cracks are categorized as structural cracks and non-structural cracks. Structural cracks result from design errors, improper construction methods, excessive loads beyond capacity, or seismic activity. These cracks compromise the structural integrity of buildings or concrete components and must be inspected and repaired promptly.
Non-structural cracks, on the other hand, arise from internally induced stresses rather than external forces. While they don’t directly weaken the structure, long-term exposure to moisture through these cracks can cause rebar corrosion, leading to further damage and potential hazards. Therefore, non-structural cracks also require timely repair.
How Cracks Form
Cracks can be further classified into:
- Cracking in plastic concrete (occurring before hardening)
- Cracking in hardened concrete (occurring after hardening)
Comments
Post a Comment